News

စိန်ရွှေတွေ သိန်းထောင်ချီရောင်းရတဲ့ Live တွေရဲ့ အမှောင်ဖက်ခြမ်းကို အောင်သမာဓိ ရှင်းပြ

Unicdoe

စိန်ရွှေတွေ သိန်းထောင်ချီရောင်းရတဲ့ Live တွေရဲ့ အမှောင်ဖက်ခြမ်းကို အောင်သမာဓိ ဦးအောင် ဒဲ့ပြောပြီ

ဦးအောင်မင်္ဂလာပါဗျ..မင်္ဂလာပါ..မေးစရာလေးရှိလို့ပါ..အေးမေးပါဗျာ..

ခုတလော Live လွင့်ပီး စိန်တွေ ရွှေတွေရောင်းနေကြတဲ့ကိစ္စလေး မေးချင်လို့ပါ..မေးပါဘာသိချင်တာလည်း..ဦးအောင်တို့အောင်သမာဓိကရော Live လွင့်ပီးရောင်းသေးလား? ရောင်းပါတယ်.. ဒီလိုရောင်းတော့ Live ရောင်းနေတုန်းဝယ်ရင် ဈေးလျှော့ပေးတာတွေ ရှိလားဗျ..မရှိခဲ့ပါဘူး..

ဒါပေမဲ့တခုတော့ရှိတယ် Live ရောင်းနေချိန်မှ ာဒီဇိုင်းအောက်နေတဲ့ ရွှေထည်(၅၀) လောက်ကိုတော့..အရော့ လက္ခတွေ မယူတော့ဘဲ..ရွှေဘိုးနဲ့ဘဲ ရောင်းပေးတာရှိခဲ့ပါတယ်.

ဘာလို့အဲလိုရောင်းနိုင်တာပါလဲ?? ဒီဇိုင်းအောက်နေတော့ မဟုတ်လည်း ဖျက်ရင် ကိုယ်လည်း ဘာမှမရတော့ဘူးလေ.. ကြိုက်လို့ဝယ်တဲ့သူကြတော့.. သက်သာသွားတာပေါ့..အဲဒီဖျက်မဲ့အထည်ရဲ့ ရွှေအရည်သွေးတွေကရော ကောင်းရဲ့လားဗျ.ပြန်ဝယ်ပေးရင်ရော ဈေးတူဝယ်ပေးရဲ့လာ?.

.ကောင်းပါတယ် ဈေးတူဝယ်ပေးပါတယ်..ဆိုင်မှာက (၁၅ ပဲ နဲ့ ၁၆ ပဲ) ရွှေရည်ကောင်းနှစ်မျိုးဘဲ ထားရောင်းတော့..ပြန်ရောင်းလည်း ဘာမှ ရှုံးစရာမရှိတော့ဘူးပေါ့.. ရွှေဈေးတက်ရင် မြတ်တောင်မြတ်အုံးမှာပါ..

အောင်သမာဓိက ဘာကြောင့် ရွှေတွေစိန်တွေ လျှော့ဈေး မရောင်းရတာလည်း? ကိုယ်ပိုင် စိန်တွင်းရွှေတွင်း မရှိလို့ပါ..ရှင်းပြပါအုန်းဗျ..လျှော့ရအောင် ကိုယ်တွင်းကထွက်လို့..အလကားရရင်တော့ လျှော့ပေးလို့ရမှာပေါ့.. ဒီလိုမှမဟုတ်ဘဲ လျှော့တယ်ဆိုရင်တော့.. တခုခုမှားနေလို့ပါ.

.ရွှေဆိုင်စိန်ဆိုင်တွေဟာ ဘယ်သူမှ တွင်းမရှိကြလေတော့.. လိုအပ်လာရင် ဈေးကွက်မှာဘဲ ပြန်ဝယ်ရပါတယ်.. ရွှေနဲ့စိန်ဈေးကွက်မှာတော့ လျှော့ဈေးနဲ့ ရောင်းတယ်ဆိုတာ မကြားဘူးပါဘူး.. ဒီလိုဆိုရင် လျှော့ရောင်းနေကြတာဘာ့ကြောင့်ပါလည်း..ဒါတော့ ရောင်းတဲ့သူတွေဘဲ မေးကြည့်ပေါ့..

Live မှာ ဝယ်ရင် တစ်ဝက်လျှော့..ဆစ်ရင်ဆစ်သလို ရနေကြတယ် တစ်ကယ်ရောဟုတ်ရဲ့လာ? ဆစ်လို့ရနေတယ်ဆိုတာ စိန်ထည်တွေများပါတယ်..များသောအားဖြင့် ဈေးဝယ်တွေဟာ စိန်နားမလည်တဲ့သူများတော့.. မူလတန်ဘိုး ဘယ်လောက်တန်လို့ဘယ်လောက် လျှော့ပေးတယ်ဆိုတာ ဈေးဝယ်သူ နားမလည်တာ ခက်နေတာပါ..

ဥပမာသိန်း(၁၀၀)တစ်ရာတန်ကို တဝက်လျှော့သိန်(၅၀)နဲ့ရောင်းတယ်ပေါ့ .. အဲဒီပစ္စည်းကို သူများသွားရောင်းရင် (သို့) သူ့ဆိုင်က သိန်း(၁၀၀)နဲ့ ပြန်ဝယ်ပေးရင်တော့ သိန်း(၅၀) တကယ်မြတ်ရင်တော့ အဟုတ်ပေါ့..ဒီလိုမဟုတ်ဘဲနဲ့…ပြန်ရောင်းရင် သိန်း (၅၀) အောက်လျှော့ရရင်တော့..ခံရပီပေါ့.,

Live မှာစိန်ထည်တွေ သိန်းထောင်ချီဝယ်နေကြတယ်ဆိုတာ ဟုတ်ပါသလား? အောင်သမာဓီ Live မှာရော စိန်ထည်ပစွည်းတမျိုးထည်းသိန်းပေါင်း(၃/၄/၅)ထောင်းရောင်ရဘူးလားဗျ? မရောင်းရဘူးပါဘူး..သိနေတဲ့မိတ်ဆွေရင်တွေက ဆိုင်မှာသူရောက်စဉ်က မြင်ဘူးပီးသားပစ္စည်းကို ပြန်ဝယ်သွားတာ..သိန်းနှစ်ရာဘိုးဘဲ တခုတော့ ရောင်းဘူးပါတယ်.,.

ဒီလိုဆိုရင်မင်းသမီးတွေနဲ့ Live မှာ ရောင်းနေရတဲ့ စိန်ထည်ပစ္စည်းတွေ သိန်း (၄/၅)ထောင် ရောင်းရတာ အမှန်ရောဖြစ်ပါမလား?? ဒါတော့ ရောင်းပေးတဲ့ မင်းသမီးဝယ်သူတွေနဲ့ ဆိုင်ရှင်တွေဘဲ အတိအကျသိကြမှာပါ…

ဦးအောင်ရဲ့အမြင်လေးပြောပါအုန်း..တကယ်ချမ်းသာပြီး တကယ်ဝယ်နိုင်သူ ဘယ်သူမဆိုပေါ့..မြေ၊ကား၊စိန်၊တွေကို ကိုယ်တိုင်မမြင်ရဘဲ..လက်တွေ့မကြည့်ရမမြင်ရဘဲ ဝယ်တယ်ဆိုတဲ့လူ မရှိသလောက်ရှားပါတယ်.. ရှိရင်တော့ အတော်ထူးတာပါဘဲ..

Live မှာဝယ်တဲ့ပစ္စည်းတွေဟာ စိတ်မချရဘူးလို့ဆိုလိုတာလား? ဒီလိုတော့မဟုတ်ပါဘူး..စိန်ကျောက်ရဲ့အရည်အသွေးကဘာလည်း..ရွှေဘယ်လောက်သားပါလည်း..အရည်သွေးစစ်ထားတဲ့ စာရွက်ပါရဲ့လား..ပြန်ရောင်းရင် ဘယ်လိုပြန်ဝယ်ပေးမှာလည်း..ဒါတွေ သိပီးရင် နားလည်သူကိုရော တိုင်ပင်ပြီးပီလား? ဒါတွေပြည့်စုံရင် ဝယ်လို့ရပါတယ်…,

အောင်သမာဓိမှာ Live မှာ ဘယ်လောက်ထိ အများဆုံးရောင်ရဘူးလည်း? မရောင်ရပါဘူး.. Live မှာပြတဲ့ပစ္စည်းတွေက ကြော်ငြာတဲ့သဘောပါဘဲ..ကြည့်တဲ့သူတွေက ကြိုက်ရင် ဆက်သွယ်လာကြမှ..ဝန်ထမ်းတွေနဲ့ ဗိုက်ဘာကနေ ထပ်ပြ အသေးစိတ်ပြန်ကြည့်ပီးမှ ရောင်းရတာပါ.,

ဒီလို Live မှာ သိန်းထောင်ချီရောင်းနေရတာတွေကို အခွန်ဘယ်လိုဆောင်ကြပါသလည်း..ဒါကတော့အခွန်ဝန်ထမ်း ဆိုတဲသူတွေနဲ့ ဆိုင်ရှင်တွေမေးကြည့်ပေါ့..

အောင်သမာဓီရွှေဆိုင်ကရော အခွန်တွေ ဘယ်လိုဆောင်ပါသလဲ..ဆိုင်ခွဲ(၄/၅)ဆိုင်ဘဲရှိပေမဲ့ အထက်မြန်မာပြည်မှာတော့ အများဆုံးဆောင်နိုင်လို့ (ပထမ) ဆုရထားပါတယ်..

ဘာများဖြည့်စွက်ပြောချင်ပါသေးလည်း.?? စိန်တွေရွှေတွေ အကြောင်းနားမလည်ဘဲ.. လျှော့ဈေးမက်နေရင်တော့ ငါးမျှားချိတ် ဟတ်မိတဲ့ငါးလို ဖြစ်တတ်ပါတယ်..

မှတ်ချက် = လူအမကုန်၊ လူကုန်မအ

စာတစ်လုံးရဲ့ ကိုယ်တိုင်မေးကိုယ်တိုင်ဖြေအင်တာဗျူးပါ

Zawgyi





















Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X