News

ကျောင်းဆရာ၊ ဆရာမတွေလစာတိုး

Unicdoe
ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အတည်ပြု ပြောကြားပါတယ်။

“လုပ်သက် ၁၀နှစ်နဲ့အထက်ပေါ့။ သူက ဖွဲ့စည်းပုံအသစ်အရ သူက SAT လစာရသွားမယ်။ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး စတင်ခံစားရတာဆိုတော့ နိုဝင်ဘာလကုန် လစာတိုးရတာပေါ့။ ကျန်တဲ့ မူလတန်းကျောင်းအုပ်တွေလည်း နောက်ပိုင်း ဖြည်းဖြည်းချင်းမူအုပ် အားလုံးကို ပေးဖို့ရှိတယ်။ အသုတ်လိုက်၊အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့ လစာစကေးသည် အလယ်တန်းပြရဲ့ လစာစကေးနဲ့ အတူတူပဲ။ အခုက မူအုပ်တွေက အထက်တန်းပြရဲ့ လစာစကေးနဲ့တူအောင် လုပ်ပေးရတဲ့သဘောပဲ။ မူလတန်းဆိုလည်းမူလတန်းအတွင်းမှာ ရာထူးတိုးတဲ့အဆင့်ဖြစ်မယ်။ အလယ်တန်းဆိုလည်း အလယ်တန်းအတွင်းမှာ ရာထူးတိုးတဲ့ အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြ အခုခန့်တဲ့ ကလေးတွေတော့ တိုးမှာမဟုတ်သေးဘူး။ နောက်မကြာခင်မှာ ဖွဲ့စည်းပုံအသစ်အရ မူလတန်းပြနုတဲ့ကလေးတွေက လက်ထောက် မူလတန်းပြရာထူးနဲ့သွားမယ်။ ပြီးရင် ဒုတိယမူလတန်းပြဆိုတာ အရင်က အလယ်တန်းပြရာထူးလစာနဲ့ တူသွားမယ်။ ပြီးရင် မူလတန်းလို့ခေါ်ပြီဆိုရင် SAT နဲ့ အတူတူပဲ လခကဖြစ်သွားမယ်။ မူလတန်းထဲမှာတင် အဆင့်မြင့်ပေးတာပေါ့။ အလယ်တန်းပြလည်း အဲဒီလိုသွားမယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်အရ ၂၀၁၅-၁၆ဘဏ္ဍနှစ်မှ၂၀၁၉-၂၀အထိ ပညာရေးအသုံးစရိတ် ၉ဆ အထိတိုးတက်လာခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁အထိ ပညာရေးအသုံးစရိတ် ၁၂၂၃၉ ဘီလီယံကျပ် သုံးစွဲခဲ့ပြီး တိုးတက်မှု ရာခိုင်နှုန်း ၁၄၂ရာခိုင်နှုန်း ထိ ပညာရေးကဏ္ဍအနေဖြင့် တိုးတက်ခဲ့ကြောင်း သိရသည်။

Zawgyi

အားလုံးပဲ ဝမ္းသာစရာပါ ေက်ာင္းဆရာ၊ ဆရာမေတြ လစာတိုးပါၿပီ
ဖြဲ႕စည္းပုံ အသစ္အရ လုပ္သက္ရင့္ မူလတန္းေက်ာင္းအုပ္ႀကီးေတြ ႏိုဝင္ဘာ၁ရက္မွစတင္ကာ အထက္တန္းျပလစာတိုးၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ သိရသည္။

လစာတိုး၊ရာထူးတိုးသတင္းႏွင့္ပတ္သက္၍ ႏိုဝင္ဘာ ၃ရက္ဆက္သြယ္ေမးျမန္းရာတြင္ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက အတည္ျပဳ ေျပာၾကားပါတယ္။

“လုပ္သက္ ၁၀ႏွစ္နဲ႔အထက္ေပါ့။ သူက ဖြဲ႕စည္းပုံအသစ္အရ သူက SAT လစာရသြားမယ္။ ႏိုဝင္ဘာ ၁ ရက္ေန႔ကစၿပီး စတင္ခံစားရတာဆိုေတာ့ ႏိုဝင္ဘာလကုန္ လစာတိုးရတာေပါ့။ က်န္တဲ့ မူလတန္းေက်ာင္းအုပ္ေတြလည္း ေနာက္ပိုင္း ျဖည္းျဖည္းခ်င္းမူအုပ္ အားလုံးကို ေပးဖို႔ရွိတယ္။ အသုတ္လိုက္၊အသုတ္လိုက္ေပးရမွာ။ မူအုပ္ေတြရဲ႕ လစာစေကးသည္ အလယ္တန္းျပရဲ႕ လစာစေကးနဲ႔ အတူတူပဲ။ အခုက မူအုပ္ေတြက အထက္တန္းျပရဲ႕ လစာစေကးနဲ႔တူေအာင္ လုပ္ေပးရတဲ့သေဘာပဲ။ မူလတန္းဆိုလည္းမူလတန္းအတြင္းမွာ ရာထူးတိုးတဲ့အဆင့္ျဖစ္မယ္။ အလယ္တန္းဆိုလည္း အလယ္တန္းအတြင္းမွာ ရာထူးတိုးတဲ့ အဆင့္ျဖစ္မယ္ေပါ့။ မူလတန္းျပ အခုခန္႔တဲ့ ကေလးေတြေတာ့ တိုးမွာမဟုတ္ေသးဘူး။ ေနာက္မၾကာခင္မွာ ဖြဲ႕စည္းပုံအသစ္အရ မူလတန္းျပႏုတဲ့ကေလးေတြက လက္ေထာက္ မူလတန္းျပရာထူးနဲ႔သြားမယ္။ ၿပီးရင္ ဒုတိယမူလတန္းျပဆိုတာ အရင္က အလယ္တန္းျပရာထူးလစာနဲ႔ တူသြားမယ္။ ၿပီးရင္ မူလတန္းလို႔ေခၚၿပီဆိုရင္ SAT နဲ႔ အတူတူပဲ လခကျဖစ္သြားမယ္။ မူလတန္းထဲမွာတင္ အဆင့္ျမင့္ေပးတာေပါ့။ အလယ္တန္းျပလည္း အဲဒီလိုသြားမယ္” ဟု ၎ကေျပာသည္။

လက္ရွိတြင္ အေျခခံပညာေက်ာင္းေပါင္း ငါးေသာင္းေက်ာ္ ဆရာဆရာမအင္အားသိန္းႏွင့္ခ်ီရွိေၾကာင္း သိရသည္။

ပညာေရးဝန္ႀကီးဌာန၏ စက္တင္ဘာလအတြင္းသတင္းထုတ္ျပန္ခ်က္အရ ၂၀၁၅-၁၆ဘ႑ႏွစ္မွ၂၀၁၉-၂၀အထိ ပညာေရးအသုံးစရိတ္ ၉ဆ အထိတိုးတက္လာခဲ့သည္။

၂၀၁၆ ခုႏွစ္မွ ၂၀၂၁အထိ ပညာေရးအသုံးစရိတ္ ၁၂၂၃၉ ဘီလီယံက်ပ္ သုံးစြဲခဲ့ၿပီး တိုးတက္မႈ ရာခိုင္ႏႈန္း ၁၄၂ရာခိုင္ႏႈန္း ထိ ပညာေရးက႑အေနျဖင့္ တိုးတက္ခဲ့ေၾကာင္း သိရသည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X