News

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ သံဃာတစ်ပါး ကိုဗစ် ကူးစက်ခံရ၊ ကျောင်းတိုက်ကို လော့ဒေါင်းချထား

Unicode

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ သံဃာတစ်ပါး ကိုဗစ် ကူးစက်ခံရ၊ ကျောင်းတိုက်ကို လော့ဒေါင်းချထား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေထိုင်သော သံဃာတစ်ပါး ကိုဗစ် ရောဂါပိုး ကူးစက်ခံရသဖြင့် အခြား သံဃာ အပါး (၉၀)ခန့်အား ဓာတ်ခွဲနမူနာ စစ်ဆေးရန် စီစဉ်နေကြောင်း မဟာအောင်မြေမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မဝေဒဂူကျောင်းတိုက်၌ သီတင်းသုံးသော ကိုရင်တစ်ပါး အနံ့ပျောက်သဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသရာမှ ယမန်နေ့ နိုဝင်ဘာ(၂)ရက် ညပိုင်းက ကိုဗစ် ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ ကော်မတီဝင်က ပြောသည်။

“ကိုရင်တစ်ပါး အနံ့မရလို့ ဆေးရုံကြီး သွားပြရာကနေ ပိုးတွေ့တာပေါ့။ ဘယ်လို ကူးစက်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကိုဗစ်ကြောင့် ကျောင်းက အရင်ကတည်းက တံခါးတွေ ဘာတွေ ပိတ်ထားတာပါ။ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ကိုယ်တော်က နည်းနည်းပဲ ကျန်တာပေါ့။ လောလောဆယ် ကျောင်းမှာ သီတင်းသုံးနေတာ သံဃာအပါး ၉၀ လောက်ပဲ ရှိတယ်လို့ ပြောတယ်။ အခုတော့ သံဃာတွေ အားလုံး Swab (ဓာတ်ခွဲနမူနာ)ယူဖို့ လုပ်နေပါတယ်”ဟု အထက်ပါ ကော်မတီဝင်က ဆိုသည်။

ပုံမှန်အချိန်များတွင် မစိုးရိမ်တိုက်သစ်၌ သီတင်းသုံးနေထိုင်သော ရဟန်း၊သံဃာ ထောင်ချီရှိသော်လည်း ကိုဗစ် ကပ်ရောဂါကာလ ရဟန်း၊သံဃာ အချို့ နေရပ်အသီးသီးသို့ ပြန်လည်ကြွချီနေကြကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းတိုက်နှင့် နီးစပ်သူအချို့က ပြောသည်။ လက်ရှိ သီတင်းသုံးနေထိုင်သော သံဃာအရေအတွက် အတိအကျကိုမူ မသိရသေးပါ။

“လောလောဆယ် ပိုးတွေ့တဲ့ ကျောင်းကိုတော့ အသွားအလာ ကန့်သတ်ထားပါတယ်။ တခြား ကိုယ်တော်တွေကလည်း နေထိုင် ကောင်းတယ်လို့ ပြောကြပါတယ်”ဟု အထက်ပါ ကော်မတီဝင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါ ဆက်လက် ကူးစက်ဖြစ်ပွားနေပြီး နိုဝင်ဘာ(၂)ရက်ထိ မန္တလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာ (၁၃၀၀)ဝန်းကျင် အပါအဝင် မန္တလေးတိုင်းအတွင်း ကိုဗစ် အတည်ပြုလူနာ (၁၉၈၉)ဦး ရှိပြီး ၎င်းတို့အနက် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသူ (၁၃၅၆)ဦးနှင့် သေဆုံးသူ (၁၀) ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

Zawgyi

မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္မွ သံဃာတစ္ပါး ကိုဗစ္ ကူးစက္ခံရ၊ ေက်ာင္းတိုက္ကို ေလာ့ေဒါင္းခ်ထား

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ မစိုးရိမ္တိုက္သစ္တြင္ သီတင္းသုံးေနထိုင္ေသာ သံဃာတစ္ပါး ကိုဗစ္ ေရာဂါပိုး ကူးစက္ခံရသျဖင့္ အျခား သံဃာ အပါး (၉၀)ခန႔္အား ဓာတ္ခြဲနမူနာ စစ္ေဆးရန္ စီစဥ္ေနေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္ ကိုဗစ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီဝင္တစ္ဦးက ေျပာသည္။

မဟာေအာင္ေျမၿမိဳ႕နယ္ မစိုးရိမ္တိုက္သစ္၊ ဓမၼေဝဒဂူေက်ာင္းတိုက္၌ သီတင္းသုံးေသာ ကိုရင္တစ္ပါး အနံ႔ေပ်ာက္သျဖင့္ မႏၲေလးေဆး႐ုံႀကီးသို႔ သြားေရာက္ျပသရာမွ ယမန္ေန႔ ႏိုဝင္ဘာ(၂)ရက္ ညပိုင္းက ကိုဗစ္ ေရာဂါပိုး ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္ဟု အထက္ပါ ေကာ္မတီဝင္က ေျပာသည္။

“ကိုရင္တစ္ပါး အနံ႔မရလို႔ ေဆး႐ုံႀကီး သြားျပရာကေန ပိုးေတြ႕တာေပါ့။ ဘယ္လို ကူးစက္တယ္ဆိုတာေတာ့ အတိအက် မသိရေသးဘူး။ ကိုဗစ္ေၾကာင့္ ေက်ာင္းက အရင္ကတည္းက တံခါးေတြ ဘာေတြ ပိတ္ထားတာပါ။ ေက်ာင္းတိုက္မွာ သီတင္းသုံးတဲ့ ကိုယ္ေတာ္က နည္းနည္းပဲ က်န္တာေပါ့။ ေလာေလာဆယ္ ေက်ာင္းမွာ သီတင္းသုံးေနတာ သံဃာအပါး ၉၀ ေလာက္ပဲ ရွိတယ္လို႔ ေျပာတယ္။ အခုေတာ့ သံဃာေတြ အားလုံး Swab (ဓာတ္ခြဲနမူနာ)ယူဖို႔ လုပ္ေနပါတယ္”ဟု အထက္ပါ ေကာ္မတီဝင္က ဆိုသည္။

ပုံမွန္အခ်ိန္မ်ားတြင္ မစိုးရိမ္တိုက္သစ္၌ သီတင္းသုံးေနထိုင္ေသာ ရဟန္း၊သံဃာ ေထာင္ခ်ီရွိေသာ္လည္း ကိုဗစ္ ကပ္ေရာဂါကာလ ရဟန္း၊သံဃာ အခ်ိဳ႕ ေနရပ္အသီးသီးသို႔ ျပန္လည္ႂကြခ်ီေနၾကေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ေက်ာင္းတိုက္ႏွင့္ နီးစပ္သူအခ်ိဳ႕က ေျပာသည္။ လက္ရွိ သီတင္းသုံးေနထိုင္ေသာ သံဃာအေရအတြက္ အတိအက်ကိုမူ မသိရေသးပါ။

“ေလာေလာဆယ္ ပိုးေတြ႕တဲ့ ေက်ာင္းကိုေတာ့ အသြားအလာ ကန႔္သတ္ထားပါတယ္။ တျခား ကိုယ္ေတာ္ေတြကလည္း ေနထိုင္ ေကာင္းတယ္လို႔ ေျပာၾကပါတယ္”ဟု အထက္ပါ ေကာ္မတီဝင္က ဆိုသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ကိုဗစ္ေရာဂါ ဆက္လက္ ကူးစက္ျဖစ္ပြားေနၿပီး ႏိုဝင္ဘာ(၂)ရက္ထိ မႏၲေလးခ႐ိုင္အတြင္း ကိုဗစ္အတည္ျပဳလူနာ (၁၃၀၀)ဝန္းက်င္ အပါအဝင္ မႏၲေလးတိုင္းအတြင္း ကိုဗစ္ အတည္ျပဳလူနာ (၁၉၈၉)ဦး ရွိၿပီး ၎တို႔အနက္ ေရာဂါေပ်ာက္ကင္းသျဖင့္ ေဆး႐ုံမွ ဆင္းသူ (၁၃၅၆)ဦးႏွင့္ ေသဆုံးသူ (၁၀) ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X