News

ရဟတ်ယာဉ်အသစ်“မြန်မာ မရင်းဝမ်း” အကြောင်း

ရဟတ်ယာဉ်အသစ်“မြန်မာ မရင်းဝမ်း” အကြောင်း

အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီထုတ် ဟယ်လီကေယ်ပတာအသစ်ဟာ ဒီကနေ့ နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ပါပြီ။ အရပ်သားအစိုးရရဲ့ အကြီးအကဲတွေစီးဖို့ဝယ်ယူလိုက်တဲ့ ဒီရဟတ်ယာဉ်ဟာ ဒေါ်လာ ၁၄ သန်းကျော် တန်ပါတယ်။ အလယ်အလတ်အရွယ်ဖြစ်ပြီး လေယာဉ်မှူးအပါ ၁၆ ယောက်စီးနိုင်ပါတယ်။

ဒီရဟတ်ယာဉ်ဟာ ဆီတခါဖြည့်ထားရင် ၁၀၆၁ ကီလိုမီတာ (မိုင်ပေါင်း ၆၆၀) ပျံသန်းနိုင်ပြီး၊ ၅ နာရီ ၁၃ မိနစ်လေထဲမှာ ဆက်တိုက်နေနိုင်ပါတယ်။ တနာရီ ၃၀၆ ကီလိုမီတာ (မိုင် ၁၉၀) နှုန်းမောင်းနိုင်ပြီး အချိန်မရွေး (နေ့/ည)၊ နေရာမရွေး (တောတောင်၊ ပင်လယ်သမုဒ္ဒရာ၊ မြေပြန့်၊ မြို့ထဲ၊ မြို့ပြင်)၊ ရာသီမရွေး (နွေ၊ မိုး၊ ဆောင်း) ပျံသန်းပေးနိုင်ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဒီရဟတ်ယာဉ်အမျိုးအစား AW-139 ကို အစီး ၁၀၀၀ ရောင်းချထားပြီးပြီမို့ လုံခြုံဘေးကင်းရေးအတွက် မပူရတော့ပါဘူး။ အင်ဂျင်ကလည်း ၂ လုံးတပ်ထားလို့ အရေးပေါ်အခြေအနေမှာ အဆင်ပြေပါတယ်။ ရာသီဥတုအရေးပေါ်ကယ်ဆယ်ရေးအတွက်လည်း သုံးလို့ရပါသေးတယ်။

ဒီလိုရဟတ်ယာဉ်မျိုးဟာ လူကယ်ပြန်မှာရော၊ ရဲတပ်ဖွဲ့မှာရော၊ မီးသတ်တပ်ဖွဲ့မှာရော ရှိသင့်နေတာ ကြာပါပြီ။

ရဟတ္ယာဥ္အသစ္“ျမန္မာ မရင္းဝမ္း” အေၾကာင္း

အီတလီႏိုင္ငံ လီယိုနာဒိုကုမၸဏီထုတ္ ဟယ္လီေကယ္ပတာအသစ္ဟာ ဒီကေန႔ ေနျပည္ေတာ္ကို ဆိုက္ေရာက္လာခဲ့ပါၿပီ။ အရပ္သားအစိုးရရဲ႕ အႀကီးအကဲေတြစီးဖို႔ဝယ္ယူလိုက္တဲ့ ဒီရဟတ္ယာဥ္ဟာ ေဒၚလာ ၁၄ သန္းေက်ာ္ တန္ပါတယ္။ အလယ္အလတ္အ႐ြယ္ျဖစ္ၿပီး ေလယာဥ္မႉးအပါ ၁၆ ေယာက္စီးႏိုင္ပါတယ္။

ဒီရဟတ္ယာဥ္ဟာ ဆီတခါျဖည့္ထားရင္ ၁၀၆၁ ကီလိုမီတာ (မိုင္ေပါင္း ၆၆၀) ပ်ံသန္းႏိုင္ၿပီး၊ ၅ နာရီ ၁၃ မိနစ္ေလထဲမွာ ဆက္တိုက္ေနႏိုင္ပါတယ္။ တနာရီ ၃၀၆ ကီလိုမီတာ (မိုင္ ၁၉၀) ႏႈန္းေမာင္းႏိုင္ၿပီး အခ်ိန္မေ႐ြး (ေန႔/ည)၊ ေနရာမေ႐ြး (ေတာေတာင္၊ ပင္လယ္သမုဒၵရာ၊ ေျမျပန႔္၊ ၿမိဳ႕ထဲ၊ ၿမိဳ႕ျပင္)၊ ရာသီမေ႐ြး (ေႏြ၊ မိုး၊ ေဆာင္း) ပ်ံသန္းေပးႏိုင္ပါတယ္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလအထိ ဒီရဟတ္ယာဥ္အမ်ိဳးအစား AW-139 ကို အစီး ၁၀၀၀ ေရာင္းခ်ထားၿပီးၿပီမို႔ လုံၿခဳံေဘးကင္းေရးအတြက္ မပူရေတာ့ပါဘူး။ အင္ဂ်င္ကလည္း ၂ လုံးတပ္ထားလို႔ အေရးေပၚအေျခအေနမွာ အဆင္ေျပပါတယ္။ ရာသီဥတုအေရးေပၚကယ္ဆယ္ေရးအတြက္လည္း သုံးလို႔ရပါေသးတယ္။

ဒီလိုရဟတ္ယာဥ္မ်ိဳးဟာ လူကယ္ျပန္မွာေရာ၊ ရဲတပ္ဖြဲ႕မွာေရာ၊ မီးသတ္တပ္ဖြဲ႕မွာေရာ ရွိသင့္ေနတာ ၾကာပါၿပီ။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X