News

ရန်ကုန်ကနေ ထားဝယ်ကို ခရီးသည်ခိုးတင်လာတဲ့ မှန်လုံယာဉ်ရဲ့ စပယ်ယာ ကိုဗစ်ကူးစက်ခံရ

Unicode

အောက်တိုဘာ ၃

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ကုန်တင်ကားဖြင့် ခိုးလိုက်လာသူသုံးဦးကို ကွာရန်တင်းစခန်းတွင်နေထိုင်စေကြောင်း ကံပေါက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

ဖောင်းတောကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်းခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့သည်ဟုပြောကြောင်း ဦးခင်စိုးက ဆိုသည်။

အဆိုပါ သုံးဦးကို တင်လာသည်မှာ ကုန်ပစ္စည်းတင်သည့် မှန်လုံမော်တော်ယာဉ်ဖြစ်ပြီး ခိုးလိုက်လာသူသုံးဦးကို နိုဝင်ဘာလ ၁ ရက်နေ့ညက ကလိန်အောင်(ကံပေါက်) လမ်းဆုံတွင် ချထားခဲ့ကြောင်း ၎င်းက ပြောသည်။ လူထိုင်ခုံများကို ဖြုတ်ပြီး ကုန်ပစ္စည်းတင်ယာဉ်အဖြစ် ပြောင်းလဲထားသော အဆိုပါမှန်လုံယာဉ်သည် ခိုးလိုက်လာသူများကို လူမမြင်နိုင်စေရန် ကုန်ပစ္စည်းအလယ်တွင် လိုက်ပါစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခိုးလိုက်လာသူသုံးဦးကို ကံပေါက်ဒေသ ကွာရန်တင်းစခန်းတွင် နေထိုင်စေကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် အဆိုပါမော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကိုဗစ် ရောဂါစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကို မေးမြန်းရာ ယာဉ်နံပါတ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အမည်စသည့် အခြားအကြောင်းအရာများကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။ ယာဉ်နံပါတ်ကို စုံစမ်းသိရပါက အရေးယူရန် ယ.က.က (ပုဂ္ဂလိကယာဉ်များပြေးဆွဲးရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီထံ) ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဟာက ကျွန်တော်တို့ အရေးယူလို့မရဘူး၊ ယ.က.က ကအရေးယူမှရမှာကိုး” ဟု ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ သို့သော် ခရီးသည်ခိုးတင်လာသည့် ကားနံပါတ်နှင့် ကိုဗစ်ပိုးတွေ့သည့် ကားနံပါတ်ကို တိုက်ဆိုင်စစ်ဆေးရာ တူညီနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောဆိုခဲ့သည်။

ကိုဗစ်ကူးစက်မှုကိုတားဆီးနိုင်ရန် သတ်မှတ်ထားသည့်တားမြစ်ချက်ကို ဖောက်ဖျက်သည့်အတွက် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

ယင်းကဲ့သို့ အရေးယူပေးရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီထံ စာပို့တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ကုန်တင်ကားတွင် ခရီးသည်တင်ဆောင်ပါက ထိရောက်စွာအရေးယူမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi

ရန္ကုန္ကေန ထားဝယ္ကို ခရီးသည္ခိုးတင္လာတဲ့ မွန္လုံယာဥ္ရဲ႕ စပယ္ယာ ကိုဗစ္ကူးစက္ခံရ

ရန္ကုန္ၿမိဳ႕မွ ထားဝယ္ၿမိဳ႕သို႔ ကုန္တင္ကားျဖင့္ ခိုးလိုက္လာသူသုံးဦးကို ကြာရန္တင္းစခန္းတြင္ေနထိုင္ေစေၾကာင္း ကံေပါက္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးခင္စိုးက ေျပာသည္။

ေဖာင္းေတာေက်း႐ြာေနသူတစ္ဦး၊ ကံေပါက္ဆီအုန္းၿခံတြင္ ေနမည့္သူတစ္ဦးႏွင့္ ထားဝယ္ၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးတို႔က တစ္ဦးလွ်င္ ေငြက်ပ္တစ္သိန္းႏွစ္ေသာင္းႏႈန္းျဖင့္ လိုက္လာခဲ့သည္ဟုေျပာေၾကာင္း ဦးခင္စိုးက ဆိုသည္။

အဆိုပါ သုံးဦးကို တင္လာသည္မွာ ကုန္ပစၥည္းတင္သည့္ မွန္လုံေမာ္ေတာ္ယာဥ္ျဖစ္ၿပီး ခိုးလိုက္လာသူသုံးဦးကို ႏိုဝင္ဘာလ ၁ ရက္ေန႔ညက ကလိန္ေအာင္(ကံေပါက္) လမ္းဆုံတြင္ ခ်ထားခဲ့ေၾကာင္း ၎က ေျပာသည္။ လူထိုင္ခုံမ်ားကို ျဖဳတ္ၿပီး ကုန္ပစၥည္းတင္ယာဥ္အျဖစ္ ေျပာင္းလဲထားေသာ အဆိုပါမွန္လုံယာဥ္သည္ ခိုးလိုက္လာသူမ်ားကို လူမျမင္ႏိုင္ေစရန္ ကုန္ပစၥည္းအလယ္တြင္ လိုက္ပါေစခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

လက္ရွိတြင္ ခိုးလိုက္လာသူသုံးဦးကို ကံေပါက္ေဒသ ကြာရန္တင္းစခန္းတြင္ ေနထိုင္ေစေၾကာင္း ၎က ဆိုသည္။

ႏိုဝင္ဘာလ ၂ ရက္ေန႔တြင္ အဆိုပါေမာ္ေတာ္ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔အား ကိုဗစ္ ေရာဂါစစ္ေဆးရာ ယာဥ္ေနာက္လိုက္တြင္ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာဥကၠာက ေျပာသည္။

အထက္ပါကိစၥႏွင့္ ပတ္သက္၍ ေရျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ေမးျမန္းရာ ယာဥ္နံပါတ္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ အမည္စသည့္ အျခားအေၾကာင္းအရာမ်ားကို စုံစမ္းေနဆဲျဖစ္သည္ဟု ဆိုသည္။ ယာဥ္နံပါတ္ကို စုံစမ္းသိရပါက အေရးယူရန္ ယ.က.က (ပုဂၢလိကယာဥ္မ်ားေျပးဆြဲးေရး လုပ္ငန္းထိန္းသိမ္း ႀကီးၾကပ္ေရး ေကာ္မတီထံ) ေပးပို႔အေၾကာင္းၾကားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

“ဒီဟာက ကြၽန္ေတာ္တို႔ အေရးယူလို႔မရဘူး၊ ယ.က.က ကအေရးယူမွရမွာကိုး” ဟု ေရျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ဆိုသည္။ သို႔ေသာ္ ခရီးသည္ခိုးတင္လာသည့္ ကားနံပါတ္ႏွင့္ ကိုဗစ္ပိုးေတြ႕သည့္ ကားနံပါတ္ကို တိုက္ဆိုင္စစ္ေဆးရာ တူညီေနေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာဥကၠာက ေျပာဆိုခဲ့သည္။

ကိုဗစ္ကူးစက္မႈကိုတားဆီးႏိုင္ရန္ သတ္မွတ္ထားသည့္တားျမစ္ခ်က္ကို ေဖာက္ဖ်က္သည့္အတြက္ ထိထိေရာက္ေရာက္ အေရးယူသင့္ေၾကာင္း ကိုဗစ္ ထိန္းခ်ဳပ္ကာကြယ္ေရး ထားဝယ္ေဒသလူထုအေျချပဳ အေထာက္အကူျပဳအဖြဲ႕ အတြင္းေရးမႉး ဦးေက်ာ္ေက်ာ္ဦးက ဆိုသည္။

ယင္းကဲ့သို႔ အေရးယူေပးရန္ တိုင္းေဒသႀကီး ကိုဗစ္ေကာ္မတီထံ စာပို႔တင္ျပသြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။ ကုန္တင္ကားတြင္ ခရီးသည္တင္ေဆာင္ပါက ထိေရာက္စြာအေရးယူမည့္ စည္းကမ္းခ်က္မ်ားကို ထုတ္ျပန္ထားၿပီးျဖစ္သည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X