News

ဦးဝီရသူ(ခ) ဦးသုစိတ္တာဘိဝံသ လာအဖမ်းခံပြီ

Unicode

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှုအပေါ် ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ(ခ) ဦးသုစိတ္တာ ဘိဝံသ အနေဖြင့် ယနေ့နိုဝင်ဘာ ၂ ရက်နေ့တွင် လူအများရှေ့ ပြန်ထွက်လာခဲ့ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် အဖမ်းခံခဲ့သည်။

အဖမ်းမခံရမီ ဦးဝီရသူအနေဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် တွေ့ဆုံရန် သွား ရောက်ခဲ့သော်လည်း ဆရာတော်ကြီးများက လက်ခံတွေ့ဆုံခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ သွားရောက်စဉ် ဆရာတော်ဦးဝီရသူက တပည့်သံဃာများ တပည့်များကို ၆မိနစ်ခန့် စကားအနည်းငယ် မိန့်ကြားခဲ့ပြီးနောက် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် “မိစ္ဆာ၊ အမျိုးယုတ်၊ ငှက်စုတ်ပါတီကို အမျိုးပြုတ်အောင် တိုက်ထုတ်မယ်” ဟူ၍လည်း ကြွေးကြော်ခဲ့သည်။

ဦးဝီရသူအနေဖြင့် တနှစ်ကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ၅ ရက်သာလိုတော့သည့် အချိန်တွင်မှ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဦးဝီရသူအနေဖြင့် နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ဟောပြောမှုကြောင့်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလ အတွင်းက အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄(က)ဖြင့် အနောက် ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော် အကြီးအကဲများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပုတ် ခတ် ဟောပြောသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရားစွဲခံရကာ ဝရမ်းထုတ်ခံထားရသည့် ဘူးလက်ဦးလှဆွေကိုမူ ဖမ်းမိသေးပေ။

Credit Irrawaddy

Zawgyi

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲဆိုမႈအေပၚ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဦးဝီရသူ(ခ) ဦးသုစိတၱာ ဘိဝံသ အေနျဖင့္ ယေန႔ႏိုဝင္ဘာ ၂ ရက္ေန႔တြင္ လူအမ်ားေရွ႕ ျပန္ထြက္လာခဲ့ၿပီး အေနာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးတြင္ အဖမ္းခံခဲ့သည္။

အဖမ္းမခံရမီ ဦးဝီရသူအေနျဖင့္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ားႏွင့္ ေတြ႕ဆုံရန္ သြား ေရာက္ခဲ့ေသာ္လည္း ဆရာေတာ္ႀကီးမ်ားက လက္ခံေတြ႕ဆုံခဲ့ျခင္းမရွိေၾကာင္းလည္း သိရသည္။

ႏိုင္ငံေတာ္ သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ားထံ သြားေရာက္စဥ္ ဆရာေတာ္ဦးဝီရသူက တပည့္သံဃာမ်ား တပည့္မ်ားကို ၆မိနစ္ခန္႔ စကားအနည္းငယ္ မိန္႔ၾကားခဲ့ၿပီးေနာက္ အေနာက္ပိုင္း ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးသို႔ သြားေရာက္ျခင္းျဖစ္သည္။

ယင္းသို႔ ေျပာၾကားရာတြင္ “မိစာၦ၊ အမ်ိဳးယုတ္၊ ငွက္စုတ္ပါတီကို အမ်ိဳးျပဳတ္ေအာင္ တိုက္ထုတ္မယ္” ဟူ၍လည္း ေႂကြးေၾကာ္ခဲ့သည္။

ဦးဝီရသူအေနျဖင့္ တႏွစ္ေက်ာ္အၾကာ ထြက္ေျပးတိမ္းေရွာင္ေနျခင္းျဖစ္ၿပီး ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပရန္ ၅ ရက္သာလိုေတာ့သည့္ အခ်ိန္တြင္မွ ျပန္လည္ထြက္ေပၚလာျခင္းျဖစ္သည္။ ဦးဝီရသူအေနျဖင့္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားအား ပုတ္ခတ္ေဟာေျပာမႈေၾကာင့္ဟုဆိုကာ ၂၀၁၉ ခုႏွစ္ ေမလ အတြင္းက အေနာက္ပိုင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ကာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ-၁၂၄(က)ျဖင့္ အေနာက္ ပိုင္းခ႐ိုင္တရား႐ုံးတြင္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

အလားတူ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔အား ပုတ္ ခတ္ ေဟာေျပာသည္ဟုဆိုကာ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)ျဖင့္ ရန္ကုန္ အေနာက္ပိုင္း ခ႐ိုင္ တရား႐ုံးတြင္ တရားစြဲခံရကာ ဝရမ္းထုတ္ခံထားရသည့္ ဘူးလက္ဦးလွေဆြကိုမူ ဖမ္းမိေသးေပ။

Credit Irrawaddy

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X