News
မန္တလေးမှာ ကိုဗစ်ကူးစက်မှု များလာရတဲ့ အကြောင်းရင်းကို ပြောလိုက်တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်
Unicode
မန္တလေးမှာ ကိုဗစ်ကူးစက်မှု များလာရတဲ့ အကြောင်းရင်းကို ပြောလိုက်တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်
မန္တလေးကိုဗစ်ရောဂါဖြစ်ပွားမှုကရတဲ့ သင်ခန်းစာ။
ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျွန်တော် ပိုစ့်တွေ အကြိမ်ကြိမ်တင်ခဲ့ပြီးပါပြီ။ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။
မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။
အိမ်ထဲမှာ ကျွန်တော်လည်း mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ စျေးဝယ်တာကလွဲရင် အပြင်မထွက်ရပါ။ ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။
သတိမမူမိတဲ့ လုပ်ရပ်တွေထဲကတစ်ခုက ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ တွေမှာ ထမင်းအတူတူစားကြရာကနေ ကူးစက်ကုန်တာပါ။ ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးစက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ ကျွန်တော်ကော်မတီဝင်တွေနဲ့ ထမင်းအတူလက်စုံမစားတာ ၂ လ ကျော်သွားပါပြီ။
မန္တလေးမှာ ကူးစက်မှု အများဆုံးဖြစ်သွားတဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက် အဝန်းအဝိုင်းထဲ mask တပ်သူ မရှိသလောက်နည်းလို့ ကူးစက်မှု အရမ်းများသွားတာပါ။
ပုဏ္ဏားကုန်း ၃၅ – ၇၃ ဆက်စပ်နယ်မြေ ၂ မြို့နယ် ၃၁၉ ဦး၊ မဟာအောင်မြေ ၊ မဟာအရှေ့ရပ်ကွက်(ဝက်စု) -၆၉ ဦး
အလားတူပါပဲ လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူများလည်း ဝင်းအတွင်း လမ်းသွယ်အတွင်းသွားရင် mask မတပ်ကြတာများပါတယ်။ ကိုဗစ်ဖြစ်လိုက်ရင် တစ်ဝင်းလုံး တစ်လမ်းလုံး ကူးစက်ဖို့များပါတယ်။ ဒါကြောင့် အိမ်အပြင်ထွက်တာနဲ့ mask တပ်ပါ။
စျေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံစျေး၊ ယောမင်းကြီးစျေး၊ ဘုရားကြီးစျေး၊ ၈၆လမ်း ပလက်ဖောင်းစျေး၊ တံခွန်တိုင်စျေး၊ မန်းရတနာစျေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့် မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ပါတယ်။
၄၁ လမ်းကုန်စိမ်းညစျေးမှာ ပိုးတွေ့လူနာ ၂ ယောက်ကနေ နောက်ထပ် ၅ ယောက်ကိုကူးလို့ ဆိုင်ခန်း ၁၃၀ ကို ဒီနေ့ပဲ ပိတ်လိုက်ပါတယ်။ ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လက်ကားစျေးကြီးပါ။ ကူးစက်ရတဲ့ အဓိကအကြောင်းရင်းက စျေးဖွင့်ချိန်ရှည်ကြာတာကြောင့် mask ချွတ်မိတာနဲ့ လက်ဖက်ရည် အတူဝိုင်းသောက်ကြတာကြောင့်ပါ။
မန္တလေးသားတွေ fighting ပါ။ (ဒေါက်တာရဲလွင်)
Zawgyi
ဈေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့် မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ပါတယ်။
၄၁ လမ်းကုန်စိမ်းညဈေးမှာ ပိုးတွေ့လူနာ ၂ ယောက်ကနေ နောက်ထပ် ၅ ယောက်ကိုကူးလို့ ဆိုင်ခန်း ၁၃၀ ကို ဒီနေ့ပဲ ပိတ်လိုက်ပါတယ်။ ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လက်ကားဈေးကြီးပါ။ ကူးစက်ရတဲ့ အဓိကအကြောင်းရင်းက ဈေးဖွင့်ချိန်ရှည်ကြာတာကြောင့် mask ချွတ်မိတာနဲ့ လက်ဖက်ရည် အတူဝိုင်းသောက်ကြတာကြောင့်ပါ။
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X