News

ဘားအံသရက်တောကျောင်းတိုက်တွင် သံဃာ ၆၄ ပါး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းတိုက်ကို လော့ဒေါင်းချထား

Unicode

ဘားအံသရက်တောကျောင်းတိုက်တွင် သံဃာ ၆၄ ပါး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းတိုက်ကို လော့ဒေါင်းချထား

ကရင်ပြည်နယ် ဘားအံ မြို့ သရက်တောကျောင်းတိုက် တွင် သံဃာ ၆၄ ပါး၌ ကိုဗစ် ပိုးကူးစက်ခံရသည်ဟု ကရင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက် တွင် သရက်တောကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရာ သံဃာအချို့တွင် ပိုးစတင်တွေ့ရှိခဲ့သည်။ ထို့ နောက် ကျောင်းတိုက်ရှိ သံဃာ များအား ထပ်မံစစ်ဆေးရာ အောက်တိုဘာ ၃၁ ရက်အထိ သရက်တောကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော် များအနက် ၆၄ ပါးအထိ ပိုးတွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် ပိုးကူးစက်ခံရ သည့် သံဃာတော်များနှင့် ကျောင်းတိုက်အတွင်း ကျန်ရှိနေ သည့် သံဃာတော်များ၏ ဆွမ်း ကိစ္စများအတွက် အစိုးရက တာဝန်ယူ စီစဉ်ဆောင်ရွက်နေသည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

“ပြည်နယ်အစိုးရက တော် တော်နေကောင်းတဲ့အထိကို တာ ဝန်ယူရမယ်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် အဲဒီလိုပေါ့။ မနက်ဆွမ်း တာဝန်ယူမယ်။ အဆုံးထိတာဝန်ယူမယ် ပြောထား ပြီးသား။ ကုန်ကျငွေတွေကိုဖြည့်ဖြည့်ပေးထားတယ်’’ ဟု ၎င်းကပြောပါတယ်။

သံဃာတော်အပါး ၁၀၀ ကျော်ရှိသည့် သရက်တော ကျောင်းတိုက်ကို လက်ရှိအချိန် တွင် ဝင်၊ ထွက်သွားလာခွင့်မပြုဘဲ Lockdown ချထားလျက်ရှိသည်။ ကရင်ပြည်နယ် ကျန်းမာရေးဦးစီး ဌာန၏ အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ ပြည်နယ်အ တွင်းရှိ ဆေးရုံများတွင် ဆေးကု သမှုခံယူနေသည့် ကိုဗစ် ပိုးတွေ့လူနာဦးရေ ၁၇၇ ဦးရှိ သည်ဟု ဖော်ပြထားပါတယ်။

Zawgyi

ဘားအံသရက္ေတာေက်ာင္းတိုက္တြင္ သံဃာ ၆၄ ပါး ကိုဗစ္ကူးစက္ခံရ၊ ေက်ာင္းတိုက္ကို ေလာ့ေဒါင္းခ်ထား

ကရင္ျပည္နယ္ ဘားအံ ၿမိဳ႕ သရက္ေတာေက်ာင္းတိုက္ တြင္ သံဃာ ၆၄ ပါး၌ ကိုဗစ္ ပိုးကူးစက္ခံရသည္ဟု ကရင္ ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာ ၂၇ ရက္ တြင္ သရက္ေတာေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ားအား ကိုဗစ္ပိုး ရွိ၊ မရွိ စစ္ေဆးရာ သံဃာအခ်ိဳ႕တြင္ ပိုးစတင္ေတြ႕ရွိခဲ့သည္။ ထို႔ ေနာက္ ေက်ာင္းတိုက္ရွိ သံဃာ မ်ားအား ထပ္မံစစ္ေဆးရာ ေအာက္တိုဘာ ၃၁ ရက္အထိ သရက္ေတာေက်ာင္းတိုက္တြင္ သီတင္းသုံးေနသည့္ သံဃာေတာ္ မ်ားအနက္ ၆၄ ပါးအထိ ပိုးေတြ႕ ရွိခဲ့ျခင္းျဖစ္ပါတယ္။

ထို႔ေၾကာင့္ ပိုးကူးစက္ခံရ သည့္ သံဃာေတာ္မ်ားႏွင့္ ေက်ာင္းတိုက္အတြင္း က်န္ရွိေန သည့္ သံဃာေတာ္မ်ား၏ ဆြမ္း ကိစၥမ်ားအတြက္ အစိုးရက တာဝန္ယူ စီစဥ္ေဆာင္႐ြက္ေနသည္ဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးမင္းတင္ဝင္းက ေျပာပါတယ္။

“ျပည္နယ္အစိုးရက ေတာ္ ေတာ္ေနေကာင္းတဲ့အထိကို တာ ဝန္ယူရမယ္။ တစ္ပတ္တန္သည္၊ ႏွစ္ပတ္တန္သည္ အဲဒီလိုေပါ့။ မနက္ဆြမ္း တာဝန္ယူမယ္။ အဆုံးထိတာဝန္ယူမယ္ ေျပာထား ၿပီးသား။ ကုန္က်ေငြေတြကိုျဖည့္ျဖည့္ေပးထားတယ္’’ ဟု ၎ကေျပာပါတယ္။

သံဃာေတာ္အပါး ၁၀၀ ေက်ာ္ရွိသည့္ သရက္ေတာ ေက်ာင္းတိုက္ကို လက္ရွိအခ်ိန္ တြင္ ဝင္၊ ထြက္သြားလာခြင့္မျပဳဘဲ Lockdown ခ်ထားလ်က္ရွိသည္။ ကရင္ျပည္နယ္ က်န္းမာေရးဦးစီး ဌာန၏ ေအာက္တိုဘာ ၃၁ ရက္ ထုတ္ျပန္ခ်က္အရ ျပည္နယ္အ တြင္းရွိ ေဆး႐ုံမ်ားတြင္ ေဆးကု သမႈခံယူေနသည့္ ကိုဗစ္ ပိုးေတြ႕လူနာဦးေရ ၁၇၇ ဦးရွိ သည္ဟု ေဖာ္ျပထားပါတယ္။

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X