Celebrity
သီတင်းကျွတ်မှာကျေးဇူးရှင် ဒါရိုက်တာကြီးများကို အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့တဲ့ မြင့်မြတ်
Unicode
သီတင်းကျွတ်မှာကျေးဇူးရှင် ဒါရိုက်တာကြီးများကို အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့တဲ့ မြင့်မြတ်
ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမယ့် သီတင်းကျွတ်မှာကျေးဇူးရှင် ဒါရိုက်တာကြီးများကို အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့တဲ့ မြင့်မြတ်နိုင်ငံကျော် မင်းသားချော မြင့်မြတ်ကတော့ သရုပ်ဆောင်မဖြစ်ခင် တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက တက္ကသိုလ်မေဂျာကင်းတစ်ယောက် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
မြင့်မြတ်ကတော့ အခုဆိုရင် အကယ်ဒမီဆုရင် တစ်ယောက်အဖြစ် အနုပညာလောကမှာ ထိပ်ဆုံးရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ နေထိုင်မှုပုံစံကတော့အရမ်းကိုရိုးရှင်းလှတာပဲ ဖြစ်ပါတယ်။ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမယ့် ပကာသနတွေမရှိတဲ့ မြင့်မြတ်ကတော့ ပရိသတ်တွေကြားထဲမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ကောင်းသတင်းနဲ့ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
မနေ့က သီတင်းကျွတ်လပြည့်နေ့မှာတော့ မြင့်မြတ်က သူ့ရဲ့ ကျေးဇူးရှင် ဆရာသမားတွေကို အိမ်တိုင်ရာရောကက် သွားကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က K ညီ၊ ထူးခြားတု့ိနဲ့အတူတူ ကျေးဇူးရှင် ဒါရိုက်တာ
ညွှန့်မြန်မာညီညီအောင်၊ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) တို့ကို အိမ်တိုင်သွားရောက် ဂါရဝပြုကန်တော့ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
မြင့်မြတ်ကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်ပီပီ ကျေးဇူးရှင် ဒါရိုက်တာကြီးများကို အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ လူကြီး၊ မိဘ၊ ဆရာသမီးအပေါ် သိတတ်တဲ့ မြင့်မြတ်တစ်ယောက်ဒီထက်မက အောင်မြင်မှုတွေရရှိပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Myat Wai Tun’s fb
Zawgyi
Source: Myat Wai Tun’s fb
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X