Celebrity News

အောင်လအန်ဆန်း ရှုံးလို့ ဝေဖန်နေ ကြတဲ့ သူတွေကို ခပ်ပြတ်ပြတ်ပဲ ပြော လိုက်တဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း

Unicode

အောင်လအန်ဆန်း ရှုံးလို့ ဝေဖန်နေ ကြတဲ့ သူတွေကို ခပ်ပြတ်ပြတ်ပဲ ပြော လိုက်တဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း

ဇေသီဟ ဟာဆိုရင် နိုင်ငံကျော်မင်းသမီး အကယ်ဒမီနန္ဒာလှိုင်ရဲ့ခင်ပွန်းဆိုတာ ပရိ သတ်ကြီးသိပါတယ်နော်။အောက်တိုဘာလ(၃၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့အောင်လအန် ဆန်း ပွဲမှာ အောင်လက စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရို်င်နာဒီရစ်ဒါကို ပထမအချီမှာပဲ ရှုံး နိမ့်သွားခဲ့ပါတယ်။အောင်လရှုံးသွားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝမ်းနည်းမှု တွေ ၊ ဝေဖန်မှုတွေကို များစွာတွေ့ရပါတယ်နော်။


အောင်လအန်ဆန်းကို နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါရဲ့ အနောက်ကနေ သိုင်းဖက်ကာ လ ည် ပင်းညှစ်တဲ့ ချုပ်ကွက်ကြောင့် အောင်လအန်ဆန်းဟာ ရှုံးနိမ့်သွားခဲ့ရပေမယ့် လုပ်ပွဲများလား ဆိုတဲ့ ဝေဖန်ချက်တွေ ပြည့်နှက်လာခဲ့ပါတယ်။

ယနေ့မှာတော့ထိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဇေ သီ ဟက”One Championship နဲ့ အောင်လ ကြောင့် မြန်မာနိုင်ငံမှာ Martial Arts ကို စိတ် ဝင်စားမှု သိသိသာသာများလာတယ်ဆိုတာ ငြင်း လို့ မရပါဘူး။ အားကစားမှာ အနိုင်နဲ့ အရှုံး ၂ မျိုးပဲ ရှိတယ်။


ဒီပွဲနိုင်သွားရင်လဲ နိုင်တဲ့သူပဲ ခေါ်ထိုးတယ် ပြောကြအုံးမယ်။ ရှုံးသွားတော့လဲ နောက်တမျိုး ပြော ကြတာပါပဲ… အသက်နဲ့ ရင်းပြီး ကစားရတဲ့ ကစားသမားတွေကို နှိမ်ချ ပြောဆိုနေတဲ့သူတွေက ပြည်တွင်း Martial Arts ပွဲစီစဉ်သူတွေပါဝင်နေတယ်ဆိုတာ သိရတော့ သူတို့ကို ပိုလို့တောင် ရွံ သွားမိပါတယ်။ အောက်တန်းကျလွန်းပါတယ်။

ခင်ဗျားတို့ စားနေတဲ့ ထမင်းက One Championship နဲ့အောင်လကြောင့် Martial Arts ကိုစိတ်ဝင်စားလာကြတဲ့ လူတွေရဲ့ပိုက်ဆံ တွေ လဲ ပါတယ်။ ဇာတ်ညွှန်းအတိုင်း ထိုးလို့ရမရ သိ ချင် ရင် ကိုယ်တိုင် စင်ပေါ်တက်ထိုးသင့်ပါ တယ်။ဝေဖန်တာနဲ့ ဖောင်းထုတာနဲ့ မတူဘူး။”ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသား ထား တာကိုတွေ့ရပါတယ်။

ဇေသီဟကတော့ ရှုံးနိမ့်သွားတဲ့အောင်လအန်ဆန်းနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို ခပ် ပြတ် ပြတ်ပဲပြောဆိုလိုက်တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဇေသီဟရဲ့ အမြင်ကို သုံးသပ် ပေးပြီး အောင်လအန်ဆန်းကိုလည်းဆက်လက်အားပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ် ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Zawgyi

ေအာင္လအန္ဆန္း ရွုံးလို႔ ေဝဖန္ေန ၾကတဲ့ သူေတြကို ခပ္ျပတ္ျပတ္ပဲ ေျပာ လိုက္တဲ့ နႏၵာလွိုင္ရဲ့ ခင္ပြန္း

ေဇသီဟ ဟာဆိုရင္ နိုင္ငံေက်ာ္မင္းသမီး အကယ္ဒမီနႏၵာလွိုင္ရဲ့ခင္ပြန္းဆိုတာ ပရိ သတ္ႀကီးသိပါတယ္ေနာ္။ေအာက္တိုဘာလ(၃၀)ရက္ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ေအာင္လအန္ ဆန္း ပြဲမွာ ေအာင္လက စိန္ေခၚသူ နယ္သာလန္နိုင္ငံသား ရို္င္နာဒီရစ္ဒါကို ပထမအခ်ီမွာပဲ ရွုံး နိမ့္သြားခဲ့ပါတယ္။ေအာင္လရွုံးသြားတာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြရဲ့ ဝမ္းနည္းမွု ေတြ ၊ ေဝဖန္မွုေတြကို မ်ားစြာေတြ႕ရပါတယ္ေနာ္။


ေအာင္လအန္ဆန္းကို နယ္သာလန္နိုင္ငံသား ရိုင္နာဒီရစ္ဒါရဲ့ အေနာက္ကေန သိုင္းဖက္ကာ လ ည္ ပင္းညႇစ္တဲ့ ခ်ဳပ္ကြက္ေၾကာင့္ ေအာင္လအန္ဆန္းဟာ ရွုံးနိမ့္သြားခဲ့ရေပမယ့္ လုပ္ပြဲမ်ားလား ဆိုတဲ့ ေဝဖန္ခ်က္ေတြ ျပည့္ႏွက္လာခဲ့ပါတယ္။

ယေန႔မွာေတာ့ထိုေဝဖန္မွုေတြနဲ႔ပတ္သက္ၿပီး ေဇ သီ ဟက”One Championship နဲ႔ ေအာင္လ ေၾကာင့္ ျမန္မာနိုင္ငံမွာ Martial Arts ကို စိတ္ ဝင္စားမွု သိသိသာသာမ်ားလာတယ္ဆိုတာ ျငင္း လို႔ မရပါဘူး။ အားကစားမွာ အနိုင္နဲ႔ အရွုံး ၂ မ်ိဳးပဲ ရွိတယ္။

ဒီပြဲနိုင္သြားရင္လဲ နိုင္တဲ့သူပဲ ေခၚထိုးတယ္ ေျပာၾကအုံးမယ္။ ရွုံးသြားေတာ့လဲ ေနာက္တမ်ိဳး ေျပာ ၾကတာပါပဲ… အသက္နဲ႔ ရင္းၿပီး ကစားရတဲ့ ကစားသမားေတြကို ႏွိမ္ခ် ေျပာဆိုေနတဲ့သူေတြက ျပည္တြင္း Martial Arts ပြဲစီစဥ္သူေတြပါဝင္ေနတယ္ဆိုတာ သိရေတာ့ သူတို႔ကို ပိုလို႔ေတာင္ ရြံ သြားမိပါတယ္။ ေအာက္တန္းက်လြန္းပါတယ္။

ခင္ဗ်ားတို႔ စားေနတဲ့ ထမင္းက One Championship နဲ႔ေအာင္လေၾကာင့္ Martial Arts ကိုစိတ္ဝင္စားလာၾကတဲ့ လူေတြရဲ့ပိုက္ဆံ ေတြ လဲ ပါတယ္။ ဇာတ္ညႊန္းအတိုင္း ထိုးလို႔ရမရ သိ ခ်င္ ရင္ ကိုယ္တိုင္ စင္ေပၚတက္ထိုးသင့္ပါ တယ္။ေဝဖန္တာနဲ႔ ေဖာင္းထုတာနဲ႔ မတူဘူး။”ဆိုၿပီး သူ႔ရဲ့လူမွုကြန္ယက္စာမ်က္ႏွာမွာေရးသား ထား တာကိုေတြ႕ရပါတယ္။

ေဇသီဟကေတာ့ ရွုံးနိမ့္သြားတဲ့ေအာင္လအန္ဆန္းနဲ႔ပတ္သက္ၿပီး ေဝဖန္ေနတဲ့သူေတြကို ခပ္ ျပတ္ ျပတ္ပဲေျပာဆိုလိုက္တာျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း ေဇသီဟရဲ့ အျမင္ကို သုံးသပ္ ေပးၿပီး ေအာင္လအန္ဆန္းကိုလည္းဆက္လက္အားေပးၾကပါအုံးေနာ္။ဖတ္ရွုေပးတဲ့ ပရိသတ္ ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X