News
လက်ဆောင်ရတဲ့ အစားအသောက်တွေကို ကားပေါ်တင်ပြီး ဘုန်းကြီးကျောင်းတွေမှာ လိုက်လံလှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်
Unicode
လက်ဆောင်ရတဲ့ အစားအသောက်တွေကို ကားပေါ်တင်ပြီး ဘုန်းကြီးကျောင်းတွေမှာ လိုက်လံလှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်
သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ကာရိုက်တာပေါင်းစုံမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လက်တွေဘဝမှာတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်းနေသူတစ်ယောက် ဖြစ်ပါတယ်။
စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့စကားအတိုင်း အသက်ငါးဆယ်နီးပါးအရွယ်မှာတင် အရမ်းကိုနုပျိုလွန်းတဲ့ ခိုင်သင်းကြည်က သူမရဲ့ အသက်အရွယ်အလိုက် ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း တစိုက်မတ်မတ်လုပ်ကိုင်သူတစ်ယောက်ပဲ
ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်သင်းကြည်က လက်ဆောင်ရတဲ့ အစားအသောက်တွေကို ကားပေါ်တင်ပြီး ရန်ကုန်မြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ လိုက်လံလှူဒါန်းခဲ့တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။
“ဒီနေ့တော့လက်ဆောင်ရတဲ့အစားအသောက်တွေကိုကားပေါ်တင်ပြီးကိုယ်တခါမှမရောက်ဘူးတဲ့ကျောင်းတွေကိုလိုက်လှူပါတယ်သေချာစီစဉ်မထားဘဲစိတ်ကူးပေါက်ပြီးအိမ်နေရင်းအဝတ်အစားနဲ့သွားလှူဖြစ်တာမို့ပုဝါမပါတဲ့ဝတ်စုံအတွက်ခွင့်လွှတ်ပေးပါနော်
(ကားပေါ်ကမဆင်းဘဲကျောင်းတွေလိုက်ရှာမယ်ဆိုထွက်သွားတာဒီတကျောင်းဘဲဘုန်းဘုန်းထွက်လာတာနဲ့ဆုံသွားလို့အထဲထိဝင်ကပ်ဖြစ်သွားတာပါ) ဆွမ်းနဲ့ဆွမ်းဟင်းအလှူအတွက်တကျောင်း၅သောင်းစီကပ်လှူခဲ့ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။
ခိုင်သင်းကြည်ကတော့ စိတ်ကူးပေါက်ပြီး သဒ္ဒါပေါ်လာတဲ့ အလှူလေးကို ချက်ချင်းထပြီး မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခိုင်သင်းကြည်ရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ် ဝမ်းသာနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Khine Thin Kyi’s fb
Zawgyi
Unicode
လက်ဆောင်ရတဲ့ အစားအသောက်တွေကို ကားပေါ်တင်ပြီး ရန်ကုန်မြို့ထဲက မရောက်ဖူးသေးတဲ့ဘုန်းကြီးကျောင်းတွေမှာ လိုက်လံလှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X