News

အောက်စ်ဖို့ဒ် COVID-19 ကာကွယ်ဆေး လူငယ်နဲ့ သက်ကြီး စမ်းသပ်လူနာများကြာ အခြေအနေကောင်း

Unicode

ကမ္ဘာ့ထိပ်တန်း COVID-19 စမ်းသပ်ကာကွယ်ဆေးတခုက အရွယ်ရောက်ပြီးသည့် လူကြီးများတွင်ရော လူငယ်များတွင်ပါ ကိုယ်ခံအားတုံ့ပြန်မှု တခုကို ထုတ်လုပ်ပေးသောကြောင့် ကပ်ရောဂါ အမှောင်ထုထဲ နေထိုင်နေရခြင်းနှင့် စီးပွားရေး ပျက်စီးမှုမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းတခုအပေါ် မျှော်လင့်ချက်များ မြင့်တက်လာစေသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ ထီထွင်သော အဆိုပါကာကွယ်ဆေးသည် သက်ကြီရွယ်အိုများ တွင်လည်း အနုတ်လက္ခဏာဆောင်သော တုန့်ပြန်မှုများအား လျော့ချနိုင်ကြောင်း ကာကွယ်ဆေးထုတ်လုပ်မှူတွင်ကူညီနေသည့် ဗြိတိန်မှ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် AstraZeneca Plc က အောက်တိုဘာလ ၂၆ ရက်နေ့တွင်ပြောကြားခဲ့သည်။

လူပေါင်း ၁.၁၅ သန်းကျော်သေဆုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေး စီးဆင်းမှုကို ပိတ်ပင်တားဆီး ခဲ့သလို ဘီလီယံနှင့်ချီသော ပြည်သူများ၏ ပုံမှန်ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အလုပ်ဖြစ်သည့် ကာကွယ်ဆေးတခုသည် အရေးပါသော အဓိက အပြောင်းအလဲတခု အနေဖြင့် မြင်ကြသည်။

“immunogenicity (ကိုယ်ခံအား တုန့်ပြန်မှုတခုကို ထုတ်လုပ်နိုင်စွမ်း) က အရွယ်ရောက်ပြီးတဲ့ လူကြီးနဲ့ လူငယ်တွေကြားမှာ အတူတူပဲ ဖြစ်ပြီးတော့ COVID-19 ရောဂါပြင်းထန်မှု ပိုမိုမြင့်မားတဲ့ သက်ကြီးရွယ်အိုတွေမှာ reactogenicity (ဆေးထိုးပြီးနောက် ဆေးထိုးထားသည့် နေရာဝန်းကျင် ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း စသကဲ့သို့ ကာကွယ်ဆေးကို ပြင်းထန်စွာ တုန့်ပြန်မှု) နည်းပါးတာကို တွေ့ ရှိရခြင်းက အားတက်စရာဖြစ်ပါတယ်” ဟု AstraZeneca မှ ပြောခွင့်ရပုဂ္ဂိုလ် တဦးက ပြောသည်။

“ရလဒ်တွေက AZD1222 ရဲ့ လုံခြုံစိတ်ချရမှုနဲ့ immunogenicity အတွက် နောက်ထပ် သက်သေ အထောက်အထားတွေကိုလည်း ပေးပါတယ်” ဟု ကာကွယ်ဆေး၏ နည်းပညာဆိုင်ရာ အမည်ကို ရည်ညွှန်း၍ သူက ပြောသည်။

COVID-19 ကူးစက်ရောဂါမှ လွတ်မြောက်ရာ လမ်းကြောင်းတခုကို ကမ္ဘာက ရှာဖွေနေစဉ် Oxford/AstraZeneca ၏ ကာကွယ်ဆေးက Pfizer နှင့် BioNTech ၏ ကာကွယ်ဆေးနှင့်အတူ တရားဝင် ခွင့်ပြုချက် ရရှိမည့် ပထမဆုံး ကာကွယ်ဆေး တခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

သက်ကြီးရွယ်အိုများက ကာကွယ်ဆေးမှ ကိုယ်ခံအားတုံ့ပြန်မှုတခုကို ရရှိနေသည်ဆိုသော သတင်းက အပေါင်းလက္ခဏာ ဆောင်ပါသည်။

သက်ကြီးရွယ်အိုများက ကာကွယ်ဆေးမှ ကိုယ်ခံအားတုံ့ပြန်မှုတခုကို ရရှိနေသည်ဆိုသော သတင်းက အပေါင်းလက္ခဏာ ဆောင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ကိုယ်ခံအားစနစ်သည် အသက်အရွယ် ကြီးလာသည်နှင့် အမျှ အားနည်းလာပြီး သက်ကြီးရွယ်အိုများသည် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးနိုင်ခြေ အများဆုံး ရှိသူများ ဖြစ်ကြသည်။

အကယ်၍ အောင်မြင်သွားခဲ့ပါက ကမ္ဘာအနှံ့ ကိုရိုနာရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို စတင်ရိုက်ချိုးနိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးက ကမ္ဘာကို ပုံမှန်အနေအထား အတိုင်းအတာ တခုခုသို့ ပြန်လည် ရောက်ရှိစေလိမ့်မည်ဖြစ်သည်။

ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancock က ကာကွယ်ဆေးတခု အဆင်သင့် မဖြစ်သေးသော်လည်း အဖြစ်နိုင်ဆုံး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းတွင် ဖြန့်ဝေ ပို့ဆောင်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း လူတချို့ ကာကွယ်ဆေး ရနိုင်မည်လားဟု မေးသည့်အခါ “ ကျနော် အဲ ဒါကို မငြင်းပါဘူး။ ဒါပေမယ့် အဲဒါက ကျနော့်ရဲ့ အဓိကမျှော်လင့်ချက် မဟုတ်ပါဘူး” ဟု သူက ဘီဘီစီသို့ ပြောသည်။

“အစီအစဉ်က ကောင်းမွန်စွာ တိုးတက်နေပါတယ်။ (ဒါပေမယ့်) ကျနော်တို့ အဲဒီ အခြေအနေ အထိတော့ မရောက်သေးပါဘူး” ဟု Matt Hancock က ဆိုသည်။

သာမန် အအေးမိ ဗိုင်းရပ်စ်

အောက်စ်ဖို့ဒ် ကာကွယ်ဆေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဇန်နဝါရီလတွင် စတင်ခဲ့သည်။ AZD1222 သို့မဟုတ် ChAdOx1 nCoV-19 ဟု ခေါ်သော ကာကွယ်ဆေးကို ချင်ပန်ဇီမျောက်များတွင် ဖြစ်တတ်သည့် သာမန် အအေးမိ ဗိုင်းရပ်စ်၏ အားနည်းသော ပုံစံတမျိုးမှ ပြုလုပ်ထားသည်။

လူသားဆဲလ်များသို့ ဝင်ရောက်နိုင်ရန် ကိုရိုနာဗိုင်းရပ်စ် အသုံးပြုသော ဆူးချွန်သဏ္ဍန် ပရိုတိန်း၏ မျိုးရိုးဗီဇဆိုင်ရာ အစီအစဉ်တွင် ထည့်သွင်းရေး ချင်ပန်ဇီအအေးမိ ဗိုင်းရပ်စ်ကို မျိုးရိုးဗီဇ ပြောင်းလဲထားသည်။ အကယ်၍ လူ့ခန္ဓာကိုယ်က ကိုရိုနာဗိုင်းရပ်စ် ကို နောက်ထပ်မြင်တွေ့ရလျှင် တိုက်ခိုက်မှု ပြုလုပ်လိမ့်မည် ဆိုသည့် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

သက်ကြီးရွယ်အိုများ ပါဝင်သည့် အစုအဖွဲ့တခုကို Immunogenicity အတွက် သွေးစစ်ဆေးမှု ရလဒ်များက ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ကာကွယ်ဆေးသည် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိ ကျန်းမာသော အရွယ်ရောက်သူ အုပ်စုတစုတွင်“ အားကောင်းသည့် ကိုယ်ခံအားတုံ့ပြန်မှု” ကို ထုတ်ဖော်ပြသခဲ့သည် ဆိုသော Financial Times သတင်းစာ၏ အစောပိုင်း သတင်းနှင့် ကိုက်ညီမှု ရှိနေသည်။

တွေ့ရှိမှု၏ အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာ သုတေသန ဂျာနယ် တခုတွင် မကြာမီ ဖော်ပြလိမ့်မည်ဟု မျှော်လင့်ရကြောင်း Financial Times က ဆိုသော်လည်း ဂျာနယ်၏ အမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။

တွေ့ရှိချက်များသည် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိ ကျန်းမာရေးကောင်းသော အရွယ်ရောက်ပြီးသူ အစုအဖွဲ့တွင် ကာကွယ်ဆေးက “အားကောင်းသော ကိုယ်ခံအား တုံ့ပြန်မှုများ”ကို ပြသခဲ့ကြောင်း ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည့် အချက်အလက်များကို ပဲ့တင်ထပ်ခြင်း ဖြစ်သည်ဟု အသက်အရွယ်ကြီးရင့်သူများ ပါဝင်သည့် အစုအဖွဲ့အတွက် ပြုလုပ်ခဲ့သည့် immunogenicity သွေးစစ်ဆေးမှု ရလဒ်များကို သိရှိထားသူများက ပြောကြသည်။

လက်တွေ့စမ်းသပ်မှု၏ နောက်ပိုင်းအဆင့်မှ အစောပိုင်း ရလဒ်များကို ထုတ်ပြန်ပေးရန် နီးကပ်လာသည့် အချိန်တွင် AstraZeneca က ထောက်ပံ့ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက်များကို ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီများ၊ အစိုးရများနှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

လက်တွေ့စမ်းသပ်မှု၏ နောက်ပိုင်းအဆင့်မှ အစောပိုင်း ရလဒ်များကို ထုတ်ပြန်ပေးရန် နီးကပ်လာသည့် အချိန်တွင် AstraZeneca က ထောက်ပံ့ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက်များကို ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီများ၊ အစိုးရများနှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

အမေရိကန် တာဝန်ရှိသူများ၏ အတည်ပြုချက် ရရှိပြီးနောက် အမေရိကန်မှ ကာကွယ်ဆေးစမ်းသပ်မှုကို ပြန်လည် စတင်ခဲ့ကြောင်း ကုမ္ပဏီက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောသည်။

Oxford/AstraZeneca ကာကွယ်ဆေးကို ပထမဆုံးအသုတ်အဖြစ် လက်ခံရရှိရန် အဆင်သင့်ဖြစ်နေပြီဟု လန်ဒန်ရှိ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့တခုမှ ဝန်ထမ်းတဦးက ပြောကြောင်း The Sun သတင်းစာက အောက်တိုဘာလ ၂၆ ရက် နေ့တွင် ဖော်ပြခဲ့သည်။

ကိုးကား။ ။ Reuters သတင်းဌာန၏ Vaccine hopes rise as Oxford jab prompts immune response among old as well as young adults

Zawgyi

ကမာၻ႔ထိပ္တန္း COVID-19 စမ္းသပ္ကာကြယ္ေဆးတခုက အ႐ြယ္ေရာက္ၿပီးသည့္ လူႀကီးမ်ားတြင္ေရာ လူငယ္မ်ားတြင္ပါ ကိုယ္ခံအားတုံ႔ျပန္မႈ တခုကို ထုတ္လုပ္ေပးေသာေၾကာင့္ ကပ္ေရာဂါ အေမွာင္ထုထဲ ေနထိုင္ေနရျခင္းႏွင့္ စီးပြားေရး ပ်က္စီးမႈမွ ထြက္ခြာႏိုင္မည့္ လမ္းေၾကာင္းတခုအေပၚ ေမွ်ာ္လင့္ခ်က္မ်ား ျမင့္တက္လာေစသည္။

ေအာက္စဖို႔ဒ္ တကၠသိုလ္မွ ထီထြင္ေသာ အဆိုပါကာကြယ္ေဆးသည္ သက္ႀကီ႐ြယ္အိုမ်ား တြင္လည္း အႏုတ္လကၡဏာေဆာင္ေသာ တုန႔္ျပန္မႈမ်ားအား ေလ်ာ့ခ်ႏိုင္ေၾကာင္း ကာကြယ္ေဆးထုတ္လုပ္မႉတြင္ကူညီေနသည့္ ၿဗိတိန္မွ ေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းတစ္ခုျဖစ္သည့္ AstraZeneca Plc က ေအာက္တိုဘာလ ၂၆ ရက္ေန႔တြင္ေျပာၾကားခဲ့သည္။

လူေပါင္း ၁.၁၅ သန္းေက်ာ္ေသဆုံးခဲ့ရၿပီး ကမာၻ႔စီးပြားေရး စီးဆင္းမႈကို ပိတ္ပင္တားဆီး ခဲ့သလို ဘီလီယံႏွင့္ခ်ီေသာ ျပည္သူမ်ား၏ ပုံမွန္ဘဝကို ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ေစခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ကို ဆန႔္က်င္တိုက္ခိုက္ရာတြင္ အလုပ္ျဖစ္သည့္ ကာကြယ္ေဆးတခုသည္ အေရးပါေသာ အဓိက အေျပာင္းအလဲတခု အေနျဖင့္ ျမင္ၾကသည္။

“immunogenicity (ကိုယ္ခံအား တုန႔္ျပန္မႈတခုကို ထုတ္လုပ္ႏိုင္စြမ္း) က အ႐ြယ္ေရာက္ၿပီးတဲ့ လူႀကီးနဲ႔ လူငယ္ေတြၾကားမွာ အတူတူပဲ ျဖစ္ၿပီးေတာ့ COVID-19 ေရာဂါျပင္းထန္မႈ ပိုမိုျမင့္မားတဲ့ သက္ႀကီး႐ြယ္အိုေတြမွာ reactogenicity (ေဆးထိုးၿပီးေနာက္ ေဆးထိုးထားသည့္ ေနရာဝန္းက်င္ ေရာင္ရမ္းျခင္း၊ အဖ်ားတက္ျခင္း စသကဲ့သို႔ ကာကြယ္ေဆးကို ျပင္းထန္စြာ တုန႔္ျပန္မႈ) နည္းပါးတာကို ေတြ႕ ရွိရျခင္းက အားတက္စရာျဖစ္ပါတယ္” ဟု AstraZeneca မွ ေျပာခြင့္ရပုဂၢိဳလ္ တဦးက ေျပာသည္။

“ရလဒ္ေတြက AZD1222 ရဲ႕ လုံၿခဳံစိတ္ခ်ရမႈနဲ႔ immunogenicity အတြက္ ေနာက္ထပ္ သက္ေသ အေထာက္အထားေတြကိုလည္း ေပးပါတယ္” ဟု ကာကြယ္ေဆး၏ နည္းပညာဆိုင္ရာ အမည္ကို ရည္ၫႊန္း၍ သူက ေျပာသည္။

COVID-19 ကူးစက္ေရာဂါမွ လြတ္ေျမာက္ရာ လမ္းေၾကာင္းတခုကို ကမာၻက ရွာေဖြေနစဥ္ Oxford/AstraZeneca ၏ ကာကြယ္ေဆးက Pfizer ႏွင့္ BioNTech ၏ ကာကြယ္ေဆးႏွင့္အတူ တရားဝင္ ခြင့္ျပဳခ်က္ ရရွိမည့္ ပထမဆုံး ကာကြယ္ေဆး တခု ျဖစ္လိမ့္မည္ဟု ေမွ်ာ္လင့္ရသည္။

သက္ႀကီး႐ြယ္အိုမ်ားက ကာကြယ္ေဆးမွ ကိုယ္ခံအားတုံ႔ျပန္မႈတခုကို ရရွိေနသည္ဆိုေသာ သတင္းက အေပါင္းလကၡဏာ ေဆာင္ပါသည္။

သက္ႀကီး႐ြယ္အိုမ်ားက ကာကြယ္ေဆးမွ ကိုယ္ခံအားတုံ႔ျပန္မႈတခုကို ရရွိေနသည္ဆိုေသာ သတင္းက အေပါင္းလကၡဏာ ေဆာင္ပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ကိုယ္ခံအားစနစ္သည္ အသက္အ႐ြယ္ ႀကီးလာသည္ႏွင့္ အမွ် အားနည္းလာၿပီး သက္ႀကီး႐ြယ္အိုမ်ားသည္ ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆုံးႏိုင္ေျခ အမ်ားဆုံး ရွိသူမ်ား ျဖစ္ၾကသည္။

အကယ္၍ ေအာင္ျမင္သြားခဲ့ပါက ကမာၻအႏွံ႔ ကို႐ိုနာေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔မႈကို စတင္႐ိုက္ခ်ိဳးႏိုင္မည္ျဖစ္ၿပီး ကာကြယ္ေဆးက ကမာၻကို ပုံမွန္အေနအထား အတိုင္းအတာ တခုခုသို႔ ျပန္လည္ ေရာက္ရွိေစလိမ့္မည္ျဖစ္သည္။

ၿဗိတိန္ က်န္းမာေရးဝန္ႀကီး Matt Hancock က ကာကြယ္ေဆးတခု အဆင္သင့္ မျဖစ္ေသးေသာ္လည္း အျဖစ္ႏိုင္ဆုံး ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္ အတြင္းတြင္ ျဖန႔္ေဝ ပို႔ေဆာင္ႏိုင္ေရးအတြက္ ျပင္ဆင္ေနေၾကာင္း ေျပာၾကားခဲ့သည္။

ယခုႏွစ္အတြင္း လူတခ်ိဳ႕ ကာကြယ္ေဆး ရႏိုင္မည္လားဟု ေမးသည့္အခါ “ က်ေနာ္ အဲ ဒါကို မျငင္းပါဘူး။ ဒါေပမယ့္ အဲဒါက က်ေနာ့္ရဲ႕ အဓိကေမွ်ာ္လင့္ခ်က္ မဟုတ္ပါဘူး” ဟု သူက ဘီဘီစီသို႔ ေျပာသည္။

“အစီအစဥ္က ေကာင္းမြန္စြာ တိုးတက္ေနပါတယ္။ (ဒါေပမယ့္) က်ေနာ္တို႔ အဲဒီ အေျခအေန အထိေတာ့ မေရာက္ေသးပါဘူး” ဟု Matt Hancock က ဆိုသည္။

သာမန္ အေအးမိ ဗိုင္းရပ္စ္

ေအာက္စ္ဖို႔ဒ္ ကာကြယ္ေဆးႏွင့္ ပတ္သက္သည့္ လုပ္ငန္းမ်ားကို ဇန္နဝါရီလတြင္ စတင္ခဲ့သည္။ AZD1222 သို႔မဟုတ္ ChAdOx1 nCoV-19 ဟု ေခၚေသာ ကာကြယ္ေဆးကို ခ်င္ပန္ဇီေမ်ာက္မ်ားတြင္ ျဖစ္တတ္သည့္ သာမန္ အေအးမိ ဗိုင္းရပ္စ္၏ အားနည္းေသာ ပုံစံတမ်ိဳးမွ ျပဳလုပ္ထားသည္။

လူသားဆဲလ္မ်ားသို႔ ဝင္ေရာက္ႏိုင္ရန္ ကို႐ိုနာဗိုင္းရပ္စ္ အသုံးျပဳေသာ ဆူးခြၽန္သ႑န္ ပ႐ိုတိန္း၏ မ်ိဳး႐ိုးဗီဇဆိုင္ရာ အစီအစဥ္တြင္ ထည့္သြင္းေရး ခ်င္ပန္ဇီအေအးမိ ဗိုင္းရပ္စ္ကို မ်ိဳး႐ိုးဗီဇ ေျပာင္းလဲထားသည္။ အကယ္၍ လူ႔ခႏၶာကိုယ္က ကို႐ိုနာဗိုင္းရပ္စ္ ကို ေနာက္ထပ္ျမင္ေတြ႕ရလွ်င္ တိုက္ခိုက္မႈ ျပဳလုပ္လိမ့္မည္ ဆိုသည့္ ေမွ်ာ္လင့္ခ်က္ျဖင့္ ျဖစ္သည္။

သက္ႀကီး႐ြယ္အိုမ်ား ပါဝင္သည့္ အစုအဖြဲ႕တခုကို Immunogenicity အတြက္ ေသြးစစ္ေဆးမႈ ရလဒ္မ်ားက ၿပီးခဲ့သည့္ ဇူလိုင္လတြင္ ထုတ္ျပန္ခဲ့ၿပီး ကာကြယ္ေဆးသည္ အသက္ ၁၈ ႏွစ္မွ ၅၅ ႏွစ္ၾကားရွိ က်န္းမာေသာ အ႐ြယ္ေရာက္သူ အုပ္စုတစုတြင္“ အားေကာင္းသည့္ ကိုယ္ခံအားတုံ႔ျပန္မႈ” ကို ထုတ္ေဖာ္ျပသခဲ့သည္ ဆိုေသာ Financial Times သတင္းစာ၏ အေစာပိုင္း သတင္းႏွင့္ ကိုက္ညီမႈ ရွိေနသည္။

ေတြ႕ရွိမႈ၏ အေသးစိတ္အခ်က္အလက္မ်ားကို ေဆးဘက္ဆိုင္ရာ သုေတသန ဂ်ာနယ္ တခုတြင္ မၾကာမီ ေဖာ္ျပလိမ့္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း Financial Times က ဆိုေသာ္လည္း ဂ်ာနယ္၏ အမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိပါ။

ေတြ႕ရွိခ်က္မ်ားသည္ အသက္ ၁၈ ႏွစ္မွ ၅၅ ႏွစ္ၾကားရွိ က်န္းမာေရးေကာင္းေသာ အ႐ြယ္ေရာက္ၿပီးသူ အစုအဖြဲ႕တြင္ ကာကြယ္ေဆးက “အားေကာင္းေသာ ကိုယ္ခံအား တုံ႔ျပန္မႈမ်ား”ကို ျပသခဲ့ေၾကာင္း ဇူလိုင္လအတြင္းက ထုတ္ျပန္ခဲ့သည့္ အခ်က္အလက္မ်ားကို ပဲ့တင္ထပ္ျခင္း ျဖစ္သည္ဟု အသက္အ႐ြယ္ႀကီးရင့္သူမ်ား ပါဝင္သည့္ အစုအဖြဲ႕အတြက္ ျပဳလုပ္ခဲ့သည့္ immunogenicity ေသြးစစ္ေဆးမႈ ရလဒ္မ်ားကို သိရွိထားသူမ်ားက ေျပာၾကသည္။

လက္ေတြ႕စမ္းသပ္မႈ၏ ေနာက္ပိုင္းအဆင့္မွ အေစာပိုင္း ရလဒ္မ်ားကို ထုတ္ျပန္ေပးရန္ နီးကပ္လာသည့္ အခ်ိန္တြင္ AstraZeneca က ေထာက္ပံ့ေရးႏွင့္ ထုတ္လုပ္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ားကို ကမာၻတဝွမ္းရွိ ကုမၸဏီမ်ား၊ အစိုးရမ်ားႏွင့္ လက္မွတ္ေရးထိုးထားၿပီး ျဖစ္သည္။

လက္ေတြ႕စမ္းသပ္မႈ၏ ေနာက္ပိုင္းအဆင့္မွ အေစာပိုင္း ရလဒ္မ်ားကို ထုတ္ျပန္ေပးရန္ နီးကပ္လာသည့္ အခ်ိန္တြင္ AstraZeneca က ေထာက္ပံ့ေရးႏွင့္ ထုတ္လုပ္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ားကို ကမာၻတဝွမ္းရွိ ကုမၸဏီမ်ား၊ အစိုးရမ်ားႏွင့္ လက္မွတ္ေရးထိုးထားၿပီး ျဖစ္သည္။

အေမရိကန္ တာဝန္ရွိသူမ်ား၏ အတည္ျပဳခ်က္ ရရွိၿပီးေနာက္ အေမရိကန္မွ ကာကြယ္ေဆးစမ္းသပ္မႈကို ျပန္လည္ စတင္ခဲ့ေၾကာင္း ကုမၸဏီက ေအာက္တိုဘာလ ၂၃ ရက္ေန႔တြင္ ေျပာသည္။

Oxford/AstraZeneca ကာကြယ္ေဆးကို ပထမဆုံးအသုတ္အျဖစ္ လက္ခံရရွိရန္ အဆင္သင့္ျဖစ္ေနၿပီဟု လန္ဒန္ရွိ ေဆး႐ုံ အုပ္ခ်ဳပ္ေရး အဖြဲ႕တခုမွ ဝန္ထမ္းတဦးက ေျပာေၾကာင္း The Sun သတင္းစာက ေအာက္တိုဘာလ ၂၆ ရက္ ေန႔တြင္ ေဖာ္ျပခဲ့သည္။

ကိုးကား။ ။ Reuters သတင္းဌာန၏ Vaccine hopes rise as Oxford jab prompts immune response among old as well as young adults

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X