News

ပုဂ္ဂလိက ဓါတ်ခွဲခန်းများတွင် COVID 19စစ်ဆေးခွင့်ပြု ပြီး ပုဂ္ဂလိက ဆေးရုံများတွင်ကုသခွင့်ပြုလိုက်ပြီ

Unicode

COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၅)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

တင်ပြဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် –

• မိမိတို့နိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်သည့်အပြင် သေဆုံးသူ အများစုသည် အသက်အရွယ်ကြီးသူအမျိုးသားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

• ထိုသို့ နာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရပါကြောင်း၊

• သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြားအိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက် လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုပါကြောင်း၊

• ထိုသို့ အသိပေးနှိုးဆော်မှုများအပြင် အသွားအလာကန့်သတ်ရာနေရာ (quarantine site) များ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသမှုဌာနများတွင် ရောက်ရှိနေသည့် မကူးစက်တတ်သောရောဂါအခံရှိသူများတွင် သောက်လက်စဆေးဝါးများ မပြတ်လပ်စေရေး အတွက် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ၎င်းတို့အားလည်း အခြားရောဂါအခံမရှိသူများနှင့် ကွဲပြားရန်နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသားပြုလုပ်ကာ ၎င်းတို့၏ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ မကူးစက်တတ်သောရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံများသို့ ဆေးဝါးများ ဖြန့်ဝေထားသည်ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ကာ လိုအပ်သလို ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊

• အခြားနိုင်ငံများတွင် COVID-19 နှင့် နာတာရှည်ရောဂါအခံတို့ ဆက်စပ်သေဆုံးမှု အခြေအနေများကိုလည်းကောင်း၊ ကုသမှုကုထုံးများကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာန၏ ဆေးရုံများနှင့် အသစ်ဖွင့်လှစ်ထားသော COVID-19 ကုသရေးဌာန (၁၅) ခုတွင် COVID-19 ကုသပေးနေခြင်းသာမက အခြားသော ရောဂါအမျိုးမျိုးအတွက် ကုသမှုလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရေးအတွက် ဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုများနှင့် ပညာရှင်များက လိုအပ်သည်များအား ဆန်းစစ်သုံးသပ်၍ ကုသလျက်ရှိသည်မှာလည်း ကောင်းမွန်ပါကြောင်း၊

• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှုလုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကူညီဖြေရှင်းပေးကာ လိုအပ်သည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်မှာ အထူးကောင်းမွန်ပါကြောင်း၊

• ယခုအချိန်၌ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများနှင့် ဆေးရုံသို့ ရောက်ရှိလာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှုကျဆင်း စေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများပင်ဖြစ်ပါသဖြင့် ဤကိစ္စအား ပိုမိုအားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊

• အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများ၌ လူနာများအား ခုတင်နေရာချကာ စနစ်တကျထားရှိနိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင်နေသည့် အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊

• အဆိုပါနေရာများ၌ လူနာများဆိုင်ရာ သတင်းအချက်အလက်များကို ပြုစုရာတွင်လည်း လွယ်ကူလျင်မြန် ရိုးရှင်းသည့် ပုံစံများဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊

• ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ယခုတင်ပြဆွေးနွေးရာတွင် လက်ရှိအခြေအနေအရပ်ရပ်အား ခြုံငုံသုံးသပ်မှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းစွာဖြင့် တင်ပြကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက –

• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 လူနာများကုသမှုပေးနေသည့် ဆေးရုံနှင့် COVID-19 ကုသရေးဌာနများအလိုက် စောင့်ကြည့်လူနာခုတင်များ၊ COVID-19 လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှုဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊
အထူးကြပ်မတ်ကုသဆောင်များ အရေအတွက်၊ လက်ရှိ တက်ရောက်ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရိအောင်က –

• ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု အခြေအနေများ၊ အသွားအလာကန့်သတ်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က –

• ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ချက်များနှင့်

• ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိမှသာ အောင်မြင်မည် ဖြစ်သည်ကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက –

• ရပ်ကွက်များနှင့် ဈေးများ၌ ရပ်ကွက်တွင်နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက်ငယ်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ အချင်းချင်း အသိပညာပေးနှိုးဆော်ခြင်း(peer education) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက်နှင့်
• ထိုသို့အသိပညာပေးရန် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာအချက် အလက်များကို လွယ်ကူရိုးရှင်းစေရေး မွမ်းမံပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က –

• အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် COVID-19 ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်း ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က –

• ဈေးများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများရှိ ကျန်းမာရေးဌာနများပါဝင်ဆောင်ရွက်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်သွားမည်ကိုလည်းကောင်း၊

အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက –

• ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊

ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က –

• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် –

• ယခုအချိန်၌ COVID-19 ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အဓိကဆောင်ရွက်ရမည့်အချက်မှာ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းနည်းဗျူဟာများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုများဖြင့် အထူးအားဖြည့်ဆောင်ရွက်ရမည့် အချက်ဖြစ်ပါကြောင်း၊

• လက်ကိုင်အသံချဲ့စက်များအသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ စက်ရုံ/ အလုပ်ရုံအလုပ်သမားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့်လည်းကောင်း၊ မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများအား အချင်းချင်း ကျန်းမာရေးအသိပညာများမျှဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• COVID-19 ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်လည်း မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖြစ်တော့မည်ဟူသောပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများအား အလေးထားဆောင်ရွက်ထားစေလိုပါကြောင်း၊ လိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

MOHS

Zawgyi

COVID-19 ျဖစ္ပြားမႈႏွင့္ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား အပတ္စဥ္တင္ျပေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုဝန္ႀကီး တက္ေရာက္

ေနျပည္ေတာ္၊ (၂၀၂၀) ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၂၅)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးသည္ ယေန႔၊ နံနက္ပိုင္းတြင္ က်င္းပခဲ့သည့္ COVID-19 ျဖစ္ပြားမႈႏွင့္ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား အပတ္စဥ္တင္ျပေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့ပါသည္။

တင္ျပေဆြးေႏြးပြဲ၌ ျပည္ေထာင္စုဝန္ႀကီးက အမွာစကားေျပာၾကားရာတြင္ –

• မိမိတို႔ႏိုင္ငံ၌ COVID-19 ေၾကာင့္ ေသဆုံးသူမ်ား၏ (၉၀) ရာခိုင္ႏႈန္းသည္ ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ကပ္၊ ႏွလုံးႏွင့္ ေသြးေၾကာဆိုင္ရာေရာဂါစသည့္ နာတာရွည္အခံေရာဂါရွိေနသူမ်ားျဖစ္သည့္အျပင္ ေသဆုံးသူ အမ်ားစုသည္ အသက္အ႐ြယ္ႀကီးသူအမ်ိဳးသားမ်ားျဖစ္သည္ကို ေတြ႕ရွိရပါေၾကာင္း၊

• ထိုသို႔ နာတာရွည္ေရာဂါ အခံရွိသူမ်ားႏွင့္ အသက္အ႐ြယ္ႀကီးသူမ်ားအေနျဖင့္ မိမိအိမ္တြင္သာ ေနထိုင္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပင္ထြက္ရသည့္ တစ္အိမ္တည္းေနသူမ်ားထံမွ တစ္ဆင့္ ေရာဂါကူးစက္ခံရေနမႈမ်ားကို ေတြ႕ရွိရပါေၾကာင္း၊

• သို႔ျဖစ္၍ နာတာရွည္ေရာဂါရွိသူမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားအေနျဖင့္ တစ္အိမ္တည္းေနထိုင္သူမ်ားႏွင့္ ခပ္ခြာခြာေနထိုင္ျခင္း၊ သီးျခားစားေသာက္ျခင္း၊ အခ်ိန္ျခား၍ စားေသာက္ျခင္းႏွင့္ ျဖစ္ႏိုင္ပါက သီးျခားအိပ္စက္ျခင္းတို႔ကို အထူးသတိျပဳ လိုက္နာေဆာင္႐ြက္ၾကရန္ ၿမိဳ႕နယ္၊ ရပ္ကြက္ လက္ကိုင္အသံခ်ဲ႕စက္မ်ားအသုံးျပဳကာ က်ယ္က်ယ္ျပန႔္ျပန႔္ အသိေပးႏႈိးေဆာ္ၾကေစလိုပါေၾကာင္း၊

• ထိုသို႔ အသိေပးႏႈိးေဆာ္မႈမ်ားအျပင္ အသြားအလာကန႔္သတ္ရာေနရာ (quarantine site) မ်ား၊ လတ္တေလာအနံ႔ေပ်ာက္လကၡဏာရွိသူမ်ားထားရွိရာစင္တာမ်ား၊ ေဆး႐ုံမ်ားႏွင့္ COVID-19 ကုသမႈဌာနမ်ားတြင္ ေရာက္ရွိေနသည့္ မကူးစက္တတ္ေသာေရာဂါအခံရွိသူမ်ားတြင္ ေသာက္လက္စေဆးဝါးမ်ား မျပတ္လပ္ေစေရး အတြက္ မိမိတို႔ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊

• ၎တို႔အားလည္း အျခားေရာဂါအခံမရွိသူမ်ားႏွင့္ ကြဲျပားရန္ႏွင့္ ျမင္သာေစရန္ တစ္နည္းနည္းျဖင့္ အမွတ္အသားျပဳလုပ္ကာ ၎တို႔၏ေရာဂါအေျခအေနကို အထူးေစာင့္ၾကပ္ၾကည့္ရႈရမည္ျဖစ္ပါေၾကာင္း၊

• ဝန္ႀကီးဌာနမွ မကူးစက္တတ္ေသာေရာဂါကာကြယ္ႏွိမ္နင္းေရးဌာနခြဲမွ အဆိုပါစင္တာမ်ားႏွင့္ ေဆး႐ုံမ်ားသို႔ ေဆးဝါးမ်ား ျဖန႔္ေဝထားသည္ဆိုေသာ္လည္း ေရာက္ရွိမႈ ရွိ၊ မရွိႏွင့္ ေရာက္ရွိပါကလည္း ၎လူနာမ်ား ေသာက္သုံးမႈ ရွိ၊ မရွိ အေျခအေနကိုလည္း ဆန္းစစ္သုံးသပ္ကာ လိုအပ္သလို ဆက္လက္ ေဆာင္႐ြက္ေစလိုပါေၾကာင္း၊

• အျခားႏိုင္ငံမ်ားတြင္ COVID-19 ႏွင့္ နာတာရွည္ေရာဂါအခံတို႔ ဆက္စပ္ေသဆုံးမႈ အေျခအေနမ်ားကိုလည္းေကာင္း၊ ကုသမႈကုထုံးမ်ားကိုလည္းေကာင္း ေလ့လာဆန္းစစ္ သုံးသပ္ေစလိုပါေၾကာင္း၊

• ဝန္ႀကီးဌာန၏ ေဆး႐ုံမ်ားႏွင့္ အသစ္ဖြင့္လွစ္ထားေသာ COVID-19 ကုသေရးဌာန (၁၅) ခုတြင္ COVID-19 ကုသေပးေနျခင္းသာမက အျခားေသာ ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုသမႈလုပ္ငန္းမ်ား လစ္ဟင္းမႈ မရွိေစေရးအတြက္ ဝန္ႀကီးဌာနမွ ဆရာဝန္၊ သူနာျပဳမ်ားႏွင့္ ပညာရွင္မ်ားက လိုအပ္သည္မ်ားအား ဆန္းစစ္သုံးသပ္၍ ကုသလ်က္ရွိသည္မွာလည္း ေကာင္းမြန္ပါေၾကာင္း၊

• COVID-19 ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ ထိေတြ႕ခဲ့သူမ်ားအား ရွာေဖြေထာက္လွမ္းမႈလုပ္ငန္းမ်ားတြင္ ေတြ႕ႀကဳံရသည့္အခက္အခဲမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရအဖြဲ႕မ်ားက ကူညီေျဖရွင္းေပးကာ လိုအပ္သည္မ်ားကိုလည္း ပံ့ပိုးျဖည့္ဆည္းေဆာင္႐ြက္လ်က္ရွိသည္ကို ေတြ႕ရသည္မွာ အထူးေကာင္းမြန္ပါေၾကာင္း၊

• ယခုအခ်ိန္၌ အသြားအလာကန႔္သတ္ထားရာေနရာ၊ လတ္တေလာအနံ႔ေပ်ာက္လကၡဏာရွိသူမ်ား ထားရွိရာစင္တာမ်ားႏွင့္ ေဆး႐ုံသို႔ ေရာက္ရွိလာသူမ်ား နည္းပါးလာေစေရးႏွင့္ ကူးစက္ပ်ံ႕ႏွံ႔မႈက်ဆင္း ေစရန္အတြက္ အဓိကလုပ္ေဆာင္ရမည္မွာ ျပည္သူ႔က်န္းမာေရးနည္းဗ်ဴဟာမ်ားအနက္ က်န္းမာေရး အသိပညာေပးႏႈိးေဆာ္မႈမ်ားပင္ျဖစ္ပါသျဖင့္ ဤကိစၥအား ပိုမိုအားျဖည့္ ေဆာင္႐ြက္ေစလိုပါေၾကာင္း၊

• အသြားအလာကန႔္သတ္ထားရာေနရာ၊ လတ္တေလာအနံ႔ေပ်ာက္လကၡဏာရွိသူမ်ား ထားရွိရာစင္တာမ်ား၊ ေဆး႐ုံမ်ားႏွင့္ COVID-19 ကုသေရးဌာနမ်ား၌ လူနာမ်ားအား ခုတင္ေနရာခ်ကာ စနစ္တက်ထားရွိႏိုင္ေရး စီမံခန႔္ခြဲမႈလုပ္ငန္းမ်ား အတြက္ ေန႔စဥ္ေဆြးေႏြးလုပ္ေဆာင္ေနသည့္ အဖြဲ႕မ်ားကိုလည္း အထူးေက်းဇူးတင္ရွိပါေၾကာင္း၊

• အဆိုပါေနရာမ်ား၌ လူနာမ်ားဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို ျပဳစုရာတြင္လည္း လြယ္ကူလ်င္ျမန္ ႐ိုးရွင္းသည့္ ပုံစံမ်ားျဖင့္ေဆာင္႐ြက္ေစလိုပါေၾကာင္း၊

• ယင္းမွ ထြက္ေပၚလာသည့္ သတင္းအခ်က္အလက္မ်ားကိုလည္း ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲမွ ေန႔စဥ္သုံးသပ္လ်က္ရွိၿပီး လိုအပ္သလို ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊

• ပုဂၢလိက ဓာတ္ခြဲခန္းမ်ားတြင္ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေဆာင္႐ြက္ျခင္းႏွင့္ ပုဂၢလိကေဆး႐ုံမ်ားတြင္ COVID-19 လူနာမ်ား လက္ခံကုသမႈေပးျခင္းဆိုင္ရာ ကိစၥရပ္မ်ားအတြက္ ညႇိႏႈိင္းထားရွိမႈမ်ားကို သေဘာတူပါသျဖင့္ ဆက္လက္၍ အေသးစိတ္ေဆာင္႐ြက္မည္ျဖစ္ပါေၾကာင္း၊

• ယခုတင္ျပေဆြးေႏြးရာတြင္ လက္ရွိအေျခအေနအရပ္ရပ္အား ၿခဳံငုံသုံးသပ္မႈမ်ားႏွင့္ လိုအပ္ခ်က္မ်ားအား ရွင္းလင္းစြာျဖင့္ တင္ျပၾကရန္ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (ကုသေရး) ေဒါက္တာသီတာလွက –

• ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ COVID-19 လူနာမ်ားကုသမႈေပးေနသည့္ ေဆး႐ုံႏွင့္ COVID-19 ကုသေရးဌာနမ်ားအလိုက္ ေစာင့္ၾကည့္လူနာခုတင္မ်ား၊ COVID-19 လူနာခုတင္၊ ေအာက္ဆီဂ်င္ေပးကုသမႈေဆာင္႐ြက္ႏိုင္သည့္ လူနာခုတင္မ်ား၊
အထူးၾကပ္မတ္ကုသေဆာင္မ်ား အေရအတြက္၊ လက္ရွိ တက္ေရာက္ကုသမႈခံယူေနသည့္ အေရအတြက္ႏွင့္ လူနာမ်ားကုသေရးဆိုင္ရာ ကိစၥရပ္မ်ားကိုလည္းေကာင္း၊

ၫႊန္ၾကားေရးမႉး (ကူးစက္) ေဒါက္တာတိုးသီရိေအာင္က –

• ဓာတ္ခြဲစစ္ေဆးမႈႏွင့္ ဓာတ္ခြဲအတည္ျပဳလူနာေတြ႕ရွိမႈ အေျခအေနမ်ား၊ အသြားအလာကန႔္သတ္ထားရွိမႈ အေျခအေနမ်ားႏွင့္ ျပည္သူ႔က်န္းမာေရးႏွင့္ ကပ္ေရာဂါေဗဒ ၿခဳံငုံသုံးသပ္မႈမ်ားကိုလည္းေကာင္း၊

ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (ကူးစက္) ေဒါက္တာထြန္းတင္က –

• ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ျပည္သူ႔က်န္းမာေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ အႀကံျပဳ ခ်က္မ်ားႏွင့္

• ထိုသို႔လုပ္ငန္းေဆာင္႐ြက္ရာတြင္ ျပည္သူမ်ားကိုယ္တိုင္ စည္းကမ္းလိုက္နာမႈရွိမွသာ ေအာင္ျမင္မည္ ျဖစ္သည္ကိုလည္းေကာင္း၊

ၫႊန္ၾကားေရးမႉး (က်န္းမာေရးအသိပညာျမႇင့္တင္ေရး) ေဒါက္တာသန္းႏိုင္စိုးက –

• ရပ္ကြက္မ်ားႏွင့္ ေဈးမ်ား၌ ရပ္ကြက္တြင္ေနထိုင္သူမ်ားကလည္းေကာင္း၊ ေဈးမ်ားတြင္ ေဈးေရာင္းခ်သူႏွင့္ ေဈးဝယ္သူမ်ားက လည္းေကာင္း အသံခ်ဲ႕စက္ငယ္မ်ားျဖင့္ က်န္းမာေရးအသိပညာေပးႏႈိးေဆာ္မႈမ်ားတြင္ ကိုယ္တိုင္ပါဝင္ေဆာင္႐ြက္ေစျခင္း၊ အခ်င္းခ်င္း အသိပညာေပးႏႈိးေဆာ္ျခင္း(peer education) ပုံစံျဖင့္ ေဆာင္႐ြက္သြားရန္ အႀကံျပဳခ်က္ႏွင့္
• ထိုသို႔အသိပညာေပးရန္ COVID-19 ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာအခ်က္ အလက္မ်ားကို လြယ္ကူ႐ိုးရွင္းေစေရး မြမ္းမံျပင္ဆင္ထားရွိမႈမ်ားကိုလည္းေကာင္း၊

ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာသႏၲာလြင္က –

• အက်ဥ္းေထာင္ႏွင့္ အခ်ဳပ္ေထာင္အခ်ိဳ႕တြင္ COVID-19 ျဖစ္ပြားေတြ႕ရွိမႈ အေျခအေနႏွင့္ အက်ဥ္း ဦးစီးဌာနႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကိုလည္းေကာင္း အသီးသီးတင္ျပခဲ့ၾကပါသည္။

ဆက္လက္၍ ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က –

• ေဈးမ်ားတြင္ က်န္းမာေရးအသိပညာေပးႏႈိးေဆာ္ျခင္း အပါအဝင္ ျပည္သူ႔က်န္းမာေရးလုပ္ငန္းမ်ားတြင္ သက္ဆိုင္ရာ စည္ပင္သာယာေရးဌာနမ်ားရွိ က်န္းမာေရးဌာနမ်ားပါဝင္ေဆာင္႐ြက္ေရးအတြက္ ခ်ိတ္ဆက္ ေဆာင္႐ြက္သြားမည္ကိုလည္းေကာင္း၊

အၿမဲတမ္းအတြင္းဝန္ ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက –

• ပုဂၢလိက ဓာတ္ခြဲခန္းမ်ားတြင္ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေဆာင္႐ြက္ျခင္းႏွင့္ ေဆး႐ုံမ်ားတြင္ COVID-19 လူနာမ်ား လက္ခံကုသမႈေပးျခင္းဆိုင္ရာ ကိစၥရပ္မ်ားအတြက္ ညႇိႏႈိင္းထားရွိမႈမ်ားကိုလည္းေကာင္း၊

ျပည္ေထာင္စုဝန္ႀကီး႐ုံး၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က –

• ရန္ကုန္တိုင္းေဒသႀကီးအတြင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ေပါင္းစပ္ ညႇိႏႈိင္းေရးအဖြဲ႕မွ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားကို လည္းေကာင္း အသီးသီးတင္ျပခဲ့ၾကပါသည္။

ေဆြးေႏြးတင္ျပမႈမ်ားႏွင့္ ပတ္သက္၍ ျပည္ေထာင္စုဝန္ႀကီးက ဆုံးျဖတ္ျဖည့္ဆည္းမႈမ်ား ေဆာင္႐ြက္ေပးခဲ့ၿပီး နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာတြင္ –

• ယခုအခ်ိန္၌ COVID-19 ကူးစက္မႈကြင္းဆက္ကို ျဖတ္ေတာက္ႏိုင္ရန္ အဓိကေဆာင္႐ြက္ရမည့္အခ်က္မွာ မိမိတို႔ေဆာင္႐ြက္ေနသည့္ ျပည္သူ႔က်န္းမာေရးလုပ္ငန္းနည္းဗ်ဴဟာမ်ားကို တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရအဖြဲ႕မ်ား၏ ပံ့ပိုးပါဝင္မႈမ်ားျဖင့္ အထူးအားျဖည့္ေဆာင္႐ြက္ရမည့္ အခ်က္ျဖစ္ပါေၾကာင္း၊

• လက္ကိုင္အသံခ်ဲ႕စက္မ်ားအသုံးျပဳ၍ က်န္းမာေရးအသိပညာေပးႏႈိးေဆာ္မႈမ်ား၌ ရပ္ကြက္သူ/သားမ်ား၊ ေဈးေရာင္းသူမ်ား၊ ေဈးဝယ္သူမ်ား၊ စက္႐ုံ/ အလုပ္႐ုံအလုပ္သမားမ်ားက ကိုယ္တိုင္ပါဝင္ ေဆာင္႐ြက္ေစျခင္းျဖင့္လည္းေကာင္း၊ မိမိေနအိမ္ႏွင့္ ပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားအား အခ်င္းခ်င္း က်န္းမာေရးအသိပညာမ်ားမွ်ေဝျခင္းျဖင့္ လည္းေကာင္း ေဆာင္႐ြက္ပါက ပိုမိုထိေရာက္ေအာင္ျမင္မည္ျဖစ္ပါေၾကာင္း၊

• COVID-19 ျဖစ္ပြားမႈ မမ်ားျပားေသးသည့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားအေနျဖင့္လည္း မိမိတိုင္းေဒသႀကီး/ ျပည္နယ္မ်ား၌ ျဖစ္ေတာ့မည္ဟူေသာပုံစံျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရအဖြဲ႕မ်ား၊ သက္ဆိုင္ရာ ႏွီးႏႊယ္ဌာနမ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ ပရဟိတေစတနာရွင္မ်ားႏွင့္ ပူးေပါင္းကာ ႀကိဳတင္ျပင္ဆင္မႈမ်ားအား အေလးထားေဆာင္႐ြက္ထားေစလိုပါေၾကာင္း၊ လိုအပ္သည္မ်ားအား ဝန္ႀကီးဌာနမွ အတတ္ႏိုင္ဆုံးပံ့ပိုးသြားမည္ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

MOHS

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X