Celebrity News

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂ဝ၂ဝ တွင် မပြသနိုင်တော့ဟု ဒါရိုက်တာလူမင်းပြော

Unicode

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂ဝ၂ဝ တွင် မပြသနိုင်တော့ဟု ဒါရိုက်တာလူမင်းပြော

အများမျှော်လင့်စောင့်စားနေသော ဗိုလ်ချုပ်ရုပ်ရှင်ကို လာမည့် ၂ဝ၂ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲပြီး နောက်တွင် အပြီးရိုက်ကူးပြီး ပြသနိုင်ရန်စီစဉ်ထားသော်လည်း လက်ရှိတွင် အချိန်မီရိုက်ကူးပြသရန်မှာ မဖြစ်နိုင်တော့ ကြောင်း ရုပ်ရှင်၏ဒါရိုက်တာ လူမင်းက မဇ္ဈိမကို ပြောသည်။

“အခု ခုနှစ်လတောင် နားလိုက်ရတာဆိုတော့လေ။ အဲ့ဒီအချိန်သတ်မှတ်ချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဘူး ပေါ့။ Editing တွေ၊ဘာတွေဆိုရင်လည်း လုပ်လို့ရသလောက်ပေါ့။အပြည့်အဝတော့မဟုတ်ဘူး။ အိမ်မပြန်ဘဲ နေနိုင်တဲ့ သူရှိသလောက် လုပ်လို့ရသလောက်တော့ လုပ်ထားတာပေါ့။ အပြည့်အဝတော့ မလည်ပတ်နိုင်ဘူး” ဟု ဒါရိုက်တာလူမင်းက ပြောသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် ဗိုလ်ချုပ်ရုပ်ရှင်အား အပြီးရိုက်ကူးပြီးစီးမည့်အချိန်နှင့် မည်သည့်အချိန်တွင် ပြသနိုင်ရန်ကိုလည်း လက်ရှိတွင် ပြောဆို၍မရသေးကြောင်း ဒါရိုက်တာလူမင်းက ဆက်လက်ပြောကြား သည်။

“အဲ့ဒါက ကိုဗစ်အခြေအနေအပေါ် မူတည်တဲ့အတွက်ကြောင့် ပြောရခက်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါကြောင့် ဇာတ်ကားရိုက်ကူးရေးလုပ်ငန်းများကို မတ်လကုန်ပိုင်းတွင် ဆိုင်းငံ့ထားပြီး တည်းဖြတ်ခြင်းနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်များကို ဆက်လက်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ထုတ်လုပ် ရိုက်ကူးရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ ထုတ်ပြန်ထားသည်။

ထို့ပြင် ရုပ်ရှင်ရိုက်ကူးရေးရက်ပေါင်း ၁ဝဝ (သုံးလဝန်းကျင်)ကို မနားတမ်းရိုက်ကူးထားကြောင်းလည်း အောက်တိုဘာလ ၁၃ ရက်နေ့က အောင်ဆန်းရုပ်ရှင်ရိုက်ကူးပြီးစီးမှုအခြေအနေများကို တင်ပြသည့် ဗီဒီယိုတွင် ဒါရိုက်တာလူမင်းက ပြောထားသည်။

အောင်ဆန်းရုပ်ရှင်တွင် ဇာတ်ဝင်ခန်းပေါင်း ၁၁၇ ခန်းပါဝင်မည်ဖြစ်ပြီး ရုပ်ရှင်ကို ငါး လကြာရိုက်ကူးသွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ဒသမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒါရိုက်တာ လူမင်းက ပြောကြားထားသည်။

အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် ကော်မတီက ကျပ်သိန်းတစ်သောင်းရှစ်ထောင် မတည်ငွေဖြင့် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးတွင် ပြည်သူများပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့ ဆက်သွယ်ရေး အော်ပရေတာ MPT က စာတိုပေးပို့သည့်စနစ်ဖြင့် MPT သုံးစွဲသူများထံမှ ၅၀၀ ကျပ်မှစ၍ အလှူငွေကောက်ခံမှုကရရှိသည့် ငွေများကိုလည်း ထည့်ဝင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်အား ရိုက်ကူးနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်။

တာဝန်ယူခဲ့သည့်အဖွဲ့မှ ငါးနှစ်ကြာ သည့်တိုင် ရိုက်ကူးနိုင်ခြင်းမရှိခဲ့သည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရုပ်ရှင်ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အဖွဲ့ဝင် ၁၇ ဦးပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ထုတ်လုပ် ရိုက်ကူးရေးကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၁၈ခုနှစ် အောက်တိုဘာလတွင် ၎င်းရုပ်ရှင်အားရိုက်ကူးရန် ဒါရိုက်တာဦးလူမင်းအား ရိုက်ကူးရေး တာဝန်ကို လွှဲအပ်ခဲ့သည်။

ထို့နောက် “အောင်ဆန်း” ရုပ်ရှင်စတင်ရိုက်ကူးခြင်း အခမ်းအနားကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ စက် တင်ဘာ ၃၀ ရက်တွင် စတင်ရိုက်ကူးခဲ့ ကြောင်း သိရသည်။Credit Mzzima

Zawgyi

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ၂ဝ၂ဝ တြင္ မျပသႏိုင္ေတာ့ဟု ဒါ႐ိုက္တာလူမင္းေျပာ

အမ်ားေမွ်ာ္လင့္ေစာင့္စားေနေသာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို လာမည့္ ၂ဝ၂ဝ ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲၿပီး ေနာက္တြင္ အၿပီး႐ိုက္ကူးၿပီး ျပသႏိုင္ရန္စီစဥ္ထားေသာ္လည္း လက္ရွိတြင္ အခ်ိန္မီ႐ိုက္ကူးျပသရန္မွာ မျဖစ္ႏိုင္ေတာ့ ေၾကာင္း ႐ုပ္ရွင္၏ဒါ႐ိုက္တာ လူမင္းက မဇၩိမကို ေျပာသည္။

“အခု ခုႏွစ္လေတာင္ နားလိုက္ရတာဆိုေတာ့ေလ။ အဲ့ဒီအခ်ိန္သတ္မွတ္ခ်က္ကို ဘယ္လိုမွ မမွီႏိုင္ေတာ့ဘူး ေပါ့။ Editing ေတြ၊ဘာေတြဆိုရင္လည္း လုပ္လို႔ရသေလာက္ေပါ့။အျပည့္အဝေတာ့မဟုတ္ဘူး။ အိမ္မျပန္ဘဲ ေနႏိုင္တဲ့ သူရွိသေလာက္ လုပ္လို႔ရသေလာက္ေတာ့ လုပ္ထားတာေပါ့။ အျပည့္အဝေတာ့ မလည္ပတ္ႏိုင္ဘူး” ဟု ဒါ႐ိုက္တာလူမင္းက ေျပာသည္။

ကိုဗစ္ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အား အၿပီး႐ိုက္ကူးၿပီးစီးမည့္အခ်ိန္ႏွင့္ မည္သည့္အခ်ိန္တြင္ ျပသႏိုင္ရန္ကိုလည္း လက္ရွိတြင္ ေျပာဆို၍မရေသးေၾကာင္း ဒါ႐ိုက္တာလူမင္းက ဆက္လက္ေျပာၾကား သည္။

“အဲ့ဒါက ကိုဗစ္အေျခအေနအေပၚ မူတည္တဲ့အတြက္ေၾကာင့္ ေျပာရခက္ပါေသးတယ္” ဟု ၎က ေျပာသည္။

COVID-19 ေရာဂါေၾကာင့္ ဇာတ္ကား႐ိုက္ကူးေရးလုပ္ငန္းမ်ားကို မတ္လကုန္ပိုင္းတြင္ ဆိုင္းငံ့ထားၿပီး တည္းျဖတ္ျခင္းႏွင့္ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္မ်ားကို ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ထုတ္လုပ္ ႐ိုက္ကူးေရးေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ႐ုပ္ရွင္႐ိုက္ကူးေရးရက္ေပါင္း ၁ဝဝ (သုံးလဝန္းက်င္)ကို မနားတမ္း႐ိုက္ကူးထားေၾကာင္းလည္း ေအာက္တိုဘာလ ၁၃ ရက္ေန႔က ေအာင္ဆန္း႐ုပ္ရွင္႐ိုက္ကူးၿပီးစီးမႈအေျခအေနမ်ားကို တင္ျပသည့္ ဗီဒီယိုတြင္ ဒါ႐ိုက္တာလူမင္းက ေျပာထားသည္။

ေအာင္ဆန္း႐ုပ္ရွင္တြင္ ဇာတ္ဝင္ခန္းေပါင္း ၁၁၇ ခန္းပါဝင္မည္ျဖစ္ၿပီး ႐ုပ္ရွင္ကို ငါး လၾကာ႐ိုက္ကူးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ႐ုံတင္ျပသသြားမည္ျဖစ္ေၾကာင္း ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ေရးေကာ္မတီ၏ ဒသမအႀကိမ္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ဒါ႐ိုက္တာ လူမင္းက ေျပာၾကားထားသည္။

ေအာင္ဆန္း႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ ေကာ္မတီက က်ပ္သိန္းတစ္ေသာင္းရွစ္ေထာင္ မတည္ေငြျဖင့္ စတင္႐ိုက္ကူးသြားမည္ျဖစ္ၿပီး ေအာင္ဆန္း႐ုပ္ရွင္႐ိုက္ကူးေရးတြင္ ျပည္သူမ်ားပါဝင္ႏိုင္ေစရန္ရည္႐ြယ္ခ်က္ျဖင့္ ျမန္မာ့ ဆက္သြယ္ေရး ေအာ္ပေရတာ MPT က စာတိုေပးပို႔သည့္စနစ္ျဖင့္ MPT သုံးစြဲသူမ်ားထံမွ ၅၀၀ က်ပ္မွစ၍ အလႉေငြေကာက္ခံမႈကရရွိသည့္ ေငြမ်ားကိုလည္း ထည့္ဝင္႐ိုက္ကူးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၳဳပၸတၱိ႐ုပ္ရွင္အား ႐ိုက္ကူးႏိုင္ရန္အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ျဖစ္ေျမာက္ေရး အဖြဲ႕ကို ၂၀၁၂ ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ဖြဲ႕စည္းလုပ္ေဆာင္ခဲ့သည္။

တာဝန္ယူခဲ့သည့္အဖြဲ႕မွ ငါးႏွစ္ၾကာ သည့္တိုင္ ႐ိုက္ကူးႏိုင္ျခင္းမရွိခဲ့သည့္အတြက္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ႐ုပ္ရွင္ျဖစ္ေျမာက္ေရးလုပ္ငန္းေကာ္မတီ ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ၿပီး အဖြဲ႕ဝင္ ၁၇ ဦးပါဝင္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ထုတ္လုပ္ ႐ိုက္ကူးေရးေကာ္မတီကို ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလတြင္ ျပန္လည္ဖြဲ႕စည္းခဲ့သည္။

၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတြင္ ၎႐ုပ္ရွင္အား႐ိုက္ကူးရန္ ဒါ႐ိုက္တာဦးလူမင္းအား ႐ိုက္ကူးေရး တာဝန္ကို လႊဲအပ္ခဲ့သည္။

ထို႔ေနာက္ “ေအာင္ဆန္း” ႐ုပ္ရွင္စတင္႐ိုက္ကူးျခင္း အခမ္းအနားကို ၂ဝ၁၉ ခုႏွစ္ စက္တင္ဘာလ ၂၄ ရက္ေန႔ တြင္ ရန္ကုန္ၿမိဳ႕၊ ႏိုဗိုတယ္ဟိုတယ္၌ က်င္းပျပဳလုပ္ခဲ့ၿပီး ၂၀၁၉ စက္ တင္ဘာ ၃၀ ရက္တြင္ စတင္႐ိုက္ကူးခဲ့ ေၾကာင္း သိရသည္။Credit Mzzima

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X