Dahama

ဝဋ်ကြွေး ၁၉ ချက်အကြောင်းသိကောင်းစရာများ

ဒီဝဋ်ကြွေး ၁၉ ချက်အကြောင်းကို သိထားတဲ့သူတွေတိုင်း အ ကုသိုလ်အလုပ်ကို တော်တော်ကြောက်သွားပါလိမ့်မယ်

၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။

၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။

၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။

၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်းကြောင့် ဖြစ်သည်။

၆. ဘာလို့ ဒီဘဝမှာ သင်ဟာ လှပကျော့မော့နေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားပန်းကပ်လှုခြင်းကြောင့် ဖြစ်သည်။

၇. ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သတ်သတ်လွှတ်စားသည့်အပြင် ဘုရားတရားများနှင့်ပျော်မွေ့နေသူလည်း ဖြစ်သည်။

၈. ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းရောင်းရင်းများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်းကြောင့် ဖြစ်သည်။

၉. ဘာလို့ ဒီဘဝမှာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ ရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်းကြောင့် ဖြစ်သည်။

၁၀. ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊ တိရိစ္ဆာန် အသိုက်အမြုံများကို ဖြိုချခြင်းကြောင့် ဖြစ်သည်။

၁၁. ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ် စသည့် သက်ရှိသတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။

၁၂. ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲဆိုတော့ အရင်ဘဝက တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၃. ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားကို နိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၄. ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့ အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၅. ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၆. အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၇. ဘာ့ကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝက တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၈. အကယ်၍ ဒီဘဝမှာ ခင်ဗျားသူ့ကို သတ်ရင် နောက်ဘဝမှာလည်း သူက ခင်ဗျားကို သတ်ပါလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာ
ဆက်ကွင်းဖြစ်ပါလိမ့်မယ်။

၁၉. ဒီဘဝမှာ ခင်ဗျားတို့လည်း ဒီသံသရာအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ခင်ဗျားတို့ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။
Ashin Lakhanatharya

ဝဋ္ေႂကြး_၁၉ခ်က္အေၾကာင္း သိေကာင္းစရာမ်ား

ဒီဝဋ္ေႂကြး ၁၉ ခ်က္အေၾကာင္းကို သိထားတဲ့သူေတြတိုင္း အ ကုသိုလ္အလုပ္ကို ေတာ္ေတာ္ေၾကာက္သြားပါလိမ့္မယ္

၁. ဒီဘဝမွာ လက္ဝတ္ရတနာမ်ား ႏွင့္ အဝတ္ေကာင္းမ်ားဝတ္ဆင္ႏိုင္ျခင္းဟာ အရင္ဘဝက သင္ဟာ ဘုန္းေတာ္ႀကီးမ်ားကို သကၤန္းကပ္လႈခဲ့ျခင္းေၾကာင့္ ျဖစ္ပါသည္။

၂. ဘာလို႔ ဒီဘဝမွာ အစားအေသာက္ေကာင္းမ်ားျဖင့္ ေနရပါသလဲဆိုေတာ့ အရင္ဘဝက မရွိဆင္းရဲသားေတြကို ေပးကမ္းလႈဒါန္းျခင္းေၾကာင့္ ျဖစ္သည္။

၃. ဘာျဖစ္လို႔ ဒီဘဝမွာ ဆင္းရဲၿပီး အဝတ္ေကာင္းေတြ မဝတ္ႏိုင္ရသလဲဆိုေတာ့ အရင္ဘဝက သင္ဟာ ကပ္ေစးႏွဲ ေကာ္တရာျဖစ္ၿပီး အလႈမလုပ္ျခင္းေၾကာင့္ ျဖစ္သည္။

၄. ဒီဘဝမွာ ကိုယ္ပိုင္တိုက္ႀကီး ၿခံႀကီးမ်ားႏွင့္ ေနႏိုင္ျခင္းဟာ အရင္ဘဝက ဘုန္းႀကီးေက်ာင္းေတြမွာ ဆန္အလႈေပးျခင္းေၾကာင့္ ျဖစ္သည္။

၅. ဘာလို႔ ဒီဘဝမွာ တိုးတက္ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္မႈေတြ ပိုင္ဆိုင္ေနရသလဲဆိုေတာ့ အရင္ဘဝက ဘုန္းႀကီးေက်ာင္းေဆာက္ဖို႔ ေငြလႈဒါန္းျခင္းေၾကာင့္ ျဖစ္သည္။

၆. ဘာလို႔ ဒီဘဝမွာ သင္ဟာ လွပေက်ာ့ေမာ့ေနရပါသလဲဆိုရင္ေတာ့ အရင္ဘဝမွာ သင္ဟာ ဘုရားပန္းကပ္လႈျခင္းေၾကာင့္ ျဖစ္သည္။

၇. ဘာလို႔ ဒီဘဝမွာ ပညာရည္ျမင့္မားေနရသလဲဆိုေတာ့ အရင္ဘဝမွာ သင္ဟာ သတ္သတ္လႊတ္စားသည့္အျပင္ ဘုရားတရားမ်ားႏွင့္ေပ်ာ္ေမြ႕ေနသူလည္း ျဖစ္သည္။

၈. ဘာလို႔ ဒီဘဝမွာ သင္က ခ်စ္ခင္သူေပါမ်ားၿပီး သူငယ္ခ်င္းေရာင္းရင္းမ်ားႏွင့္ ျပည့္စုံေနရပါသလဲဆိုရင္ေတာ့ အရင္ဘဝမွာ ေကာင္းက်ိဳးမ်ားျဖင့္သာ ကူညီခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၉. ဘာလို႔ ဒီဘဝမွာ မိဆုံဖဆုံျဖင့္ ေနရသလဲဆိုရင္ေတာ့ အရင္ဘဝမွာ  ႐ိုေသေလးစားၿပီး အကူညီေပးတတ္သူႏွင့္ ဘက္မလိုက္ျခင္းေၾကာင့္ ျဖစ္သည္။

၁၀. ဘာလို႔ ဒီဘဝမွာ မိဘမဲ့ကေလးျဖစ္ေနရသလဲဆိုေတာ့ အရင္ဘဝက ဌက္ပစ္ ၊ ငါးမွ်ား ၊ တိရိစာၦန္ အသိုက္အၿမဳံမ်ားကို ၿဖိဳခ်ျခင္းေၾကာင့္ ျဖစ္သည္။

၁၁. ဘာလို႔ ဒီဘဝမွာ သက္ရွည္က်န္းမာေနရသလဲဆိုေတာ့ အရင္ဘဝမွာ ဌက္လႊတ္၊ ငါးလႊတ္ စသည့္ သက္ရွိသတၱဝါေလးေတြကို လႊတ္ေပးျခင္းေၾကာင့္ ျဖစ္သည္။

၁၂. ဘာေၾကာင့္ ဒီဘဝမွာ အသက္တိုရသလဲဆိုေတာ့ အရင္ဘဝက တိရိစာၦန္မ်ားကို သတ္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၃. ဒီဘဝမွာ ဘာလို႔ သူတစ္ပါးရဲ႕ အခိုင္းေစအျဖစ္ေနရပါသလဲဆိုရင္ အရင္ဘဝမွာ မရွိဆင္းရဲသားကို နိမ္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၄. ဘာ့ေၾကာင့္ သင့္မ်က္လုံးက ဒီဘဝမွာ လွပေနရသလဲဆိုေတာ့  အရင္ဘဝက ဘုရားမွာ ဆီမီးပူေဇာ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၅. ဘာလို႔ ဒီဘဝမွာ အသိပညာမဲ့ ၊ နားမၾကား သူတစ္ေယာက္ ျဖစ္ရပါသလဲဆိုရင္ အရင္ဘဝက မိဘေရွ႕တြင္ ၾကမ္းတမ္းစြာ ဆဲဆိုခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၆. အဘယ့္ေၾကာင့္ ဒီဘဝမွာ အဆိပ္ႏွင့္ပတ္သက္၍ ေသရသလဲဆိုရင္ အရင္ဘဝက စမ္းေရ ၊ ေသာက္သုံးေရမ်ားကို အဆိပ္ခတ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၇. ဘာ့ေၾကာင့္ ဒီဘဝမွာ ဆြဲႀကိဳးခ်ၿပီး ေသဆုံးရပါသလဲဆိုရင္ အရင္ဘဝက တိရိစာၦန္မ်ားကို ထိုနည္းကဲ့သို႔ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၈. အကယ္၍ ဒီဘဝမွာ ခင္ဗ်ားသူ႔ကို သတ္ရင္ ေနာက္ဘဝမွာလည္း သူက ခင္ဗ်ားကို သတ္ပါလိမ့္မည္။ ဘယ္ေတာ့မွ မဆုံးႏိုင္တဲ့ သံသရာ
ဆက္ကြင္းျဖစ္ပါလိမ့္မယ္။

၁၉. ဒီဘဝမွာ ခင္ဗ်ားတို႔လည္း ဒီသံသရာအေၾကာင္းေတြ ဆက္ၿပီးေျပာျပသြားႏိုင္မယ္ ဆိုရင္ ေနာက္ဘဝမွာ ခင္ဗ်ားတို႔ေကာင္းေၾကာင္းနဲ႔ လူေတြရဲ႕ ႐ိုေသေလးစားျခင္းကို ခံရပါလိမ့္မယ္။
Ashin Lakhanatharya

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X