News

တရုတ်မှာ Covid 19 ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလို့ စာသင်ကျောင်းတွေပြန်ပိတ်

တရုတ်မှာ Covid 19 ကူးဆက်မူကို ဘယ်လို ထိထိရောက်ရောက် ဖြေရှင်းသလဲ…

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ Kasjgar မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတစ်ဦး တွေ့ရှိခဲ့ပြီးနောက် စာသင်ကျောင်းတွေကို သီတင်းတစ်ပတ် ပိတ်လိုက်ပြီး တစ်မြို့လုံးက လူတွေကို ဗိုင်းရပ်စ် စစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့(အောက်တိုဘာ ၂၅) မှာ ပြေဆိုပါတယ်။

ပုံမှန် စစ်ဆေးမှုတစ်ခုအတွင်း ရောဂါစမ်းသပ်မှုလုပ်ခဲ့ရာမှာ Kashgar မြို့ ကျေးရွာတစ်ရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး စနေနေ့က ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ကြောင်း သို့ပေမယ့် ရောဂါလက္ခဏာ မပြခဲ့ကြောင်း ရှင်ကျန်း ကျန်းမာရေး ကော်မရှင်က ပြောဆိုပါတယ်။

ယခု ပိုးတွေ့လူနာဟာ တရုတ်ပြည်မကြီးမှာ အောက်တိုဘာ ၁၄ ရက်က Qingdao ပြည်နယ်မှာ ပိုးကူးသူတစ်ဦး တွေ့ရှိပြီးနောက်ပိုင်း ပထမဆုံး ပြည်တွင်း ပိုးကူးစက်လူနာ တွေ့ရှိမှုဖြစ်ပါတယ်။

ရှင်ကျန်းပြည်နယ်ဟာ သြဂုတ်လအတွင်းက ဒေသတွင်း အစုလိုက်ကူးစက်မှုဖြစ်ပွားခဲ့ရာနေရာဖြစ်ခဲ့ပေမယ့် သြဂုတ် ၁၅ ရက်နောက်ပိုင်းမှာတော့ ပိုးကူးစက်သူ ထပ်မတွေ့ခဲ့တော့ပါဘူး။

ယခု ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိခဲ့သူအားလုံးကို သီးခြားခွဲထားလိုက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရှင်ကျန်းဒေသ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

လူဦးရေ ၇ သိန်းရှိရာမြို့မှာ စစ်ဆေးစမ်းသပ်မှုတွေ စလုပ်နေပြီဖြစ်ကာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ၃ သိန်းကျော်ကို စမ်းသပ်မှုလုပ်ထားခဲ့ပြီး ကျန်ရှိသူတွေကိုတော့ နောက်နှစ်ရက်အတွင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Credit

Zawgyi

တ႐ုတ္မွာ Covid 19 ကူးဆက္မူကို ဘယ္လို ထိထိေရာက္ေရာက္ ေျဖရွင္းသလဲ…

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ရွင္က်န္းေဒသ Kasjgar ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူတစ္ဦး ေတြ႕ရွိခဲ့ၿပီးေနာက္ စာသင္ေက်ာင္းေတြကို သီတင္းတစ္ပတ္ ပိတ္လိုက္ၿပီး တစ္ၿမိဳ႕လုံးက လူေတြကို ဗိုင္းရပ္စ္ စစ္ေဆးမႈလုပ္ေနေၾကာင္း တာဝန္ရွိသူေတြက တနဂၤေႏြေန႔(ေအာက္တိုဘာ ၂၅) မွာ ေျပဆိုပါတယ္။

ပုံမွန္ စစ္ေဆးမႈတစ္ခုအတြင္း ေရာဂါစမ္းသပ္မႈလုပ္ခဲ့ရာမွာ Kashgar ၿမိဳ႕ ေက်း႐ြာတစ္႐ြာမွ အသက္ ၁၇ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး စေနေန႔က ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း
သို႔ေပမယ့္ ေရာဂါလကၡဏာ မျပခဲ့ေၾကာင္း ရွင္က်န္း က်န္းမာေရး ေကာ္မရွင္က ေျပာဆိုပါတယ္။

ယခု ပိုးေတြ႕လူနာဟာ တ႐ုတ္ျပည္မႀကီးမွာ ေအာက္တိုဘာ ၁၄ ရက္က Qingdao ျပည္နယ္မွာ ပိုးကူးသူတစ္ဦး ေတြ႕ရွိၿပီးေနာက္ပိုင္း ပထမဆုံး ျပည္တြင္း ပိုးကူးစက္လူနာ ေတြ႕ရွိမႈျဖစ္ပါတယ္။

ရွင္က်န္းျပည္နယ္ဟာ ၾသဂုတ္လအတြင္းက ေဒသတြင္း အစုလိုက္ကူးစက္မႈျဖစ္ပြားခဲ့ရာေနရာျဖစ္ခဲ့ေပမယ့္ ၾသဂုတ္ ၁၅ ရက္ေနာက္ပိုင္းမွာေတာ့ ပိုးကူးစက္သူ ထပ္မေတြ႕ခဲ့ေတာ့ပါဘူး။

ယခု ပိုးေတြ႕လူနာနဲ႔ ထိေတြ႕မႈရွိခဲ့သူအားလုံးကို သီးျခားခြဲထားလိုက္ၿပီး ေဒသဆိုင္ရာ အာဏာပိုင္ေတြက ကူးစက္ေရာဂါဆိုင္ရာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနေၾကာင္း ရွင္က်န္းေဒသ တာဝန္ရွိသူေတြက ေျပာဆိုပါတယ္။

လူဦးေရ ၇ သိန္းရွိရာၿမိဳ႕မွာ စစ္ေဆးစမ္းသပ္မႈေတြ စလုပ္ေနၿပီျဖစ္ကာ တနဂၤေႏြေန႔မနက္ပိုင္းမွာ ၃ သိန္းေက်ာ္ကို စမ္းသပ္မႈလုပ္ထားခဲ့ၿပီး က်န္ရွိသူေတြကိုေတာ့ ေနာက္ႏွစ္ရက္အတြင္း ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

Credit

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X