Celebrity News

ဘရာဇီး နှင့် ဘာစီလိုနာအသင်းတို့၏ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုဗစ်ကူးစက်ခံရ

Unicode

နာမည်ကျော် ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟိုက ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းမှာ COVID-19 ရောဂါ လက္ခဏာတွေ ပြတာမျိုး တော့ မရှိဘူးလို့ ရော်နယ်လ်ဒင်ဟိုက ပြောပါတယ်။

ကျော်ကြားမှုတွေ ရှိခဲ့တဲ့ ဘောလုံးသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ဘာစီလိုနာနဲ့ အေစီမီလန် ကစားသမားဟောင်းဟာ ယခုဆိုရင် ဘရာဇီးနိုင်ငံ ဘယ်လိုဟော်ရီဇွန်တီမြို့က ဟို တယ်တစ်ခုမှာ သီးခြားခွဲကာ နေထိုင်သွားမယ်လို့ သိရပါတယ်။

” ဟိုင်း၊ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ပရိသတ်တို့ရေ၊ ကျွန်တော် ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ခဲ့ပါတယ်၊ ရလဒ်ကတော့ ဗိုင်းရပ်စ် ရှိနေတယ်လို့ အဖြေထွက်ပါတယ်၊ ကျွန်တော် နေလို့ကောင်းပါတယ်၊ ခုချိန်မှာ ကျွန်တော့်မှာ ရောဂါလက္ခဏာလည်း မပြပါဘူး” လို့ ရော်နယ်လ်ဒင်ဟိုက အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုကတော့ ပတ်စ်ပို့တ်အတုကိုင်ဆောင်မှု ကိစ္စနဲ့ ပါရာဂွေးနိုင်ငံမှာ ငါးလကျော်ကြာ အချုပ်ကျခံရပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘရာဇီးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ဆုကို ရရှိခဲ့ဖူးသူဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုနဲ့ ၎င်းရဲ့ အကိုဖြစ်သူတို့ဟာ ပါရာဂွေးမှာ ထောင်ဒဏ် တစ်လ၊ အဆန်စီယွန်မြို့က ဟိုတယ်တစ်လုံးမှာ နေအိမ်အကျယ်ချုပ် လေးလ တို့ကို ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၆,၀၀၀ ကျော် ရှိနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။
Source ; Mizzima

Zawgyi

ဘရာဇီး ႏွင့္ ဘာစီလိုနာအသင္းတို႔၏ဂႏၴဝင္ ေဘာလုံးၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒင္ဟို ကိုဗစ္ကူးစက္ခံရ

နာမည္ေက်ာ္ ဘရာဇီးဂႏၴဝင္ ေဘာလုံးၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒင္ဟိုက ၎မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ ေအာက္တိုဘာ ၂၅ ရက္မွာ ထုတ္ေဖာ္ေျပာဆို သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ၎မွာ COVID-19 ေရာဂါ လကၡဏာေတြ ျပတာမ်ိဳး ေတာ့ မရွိဘူးလို႔ ေရာ္နယ္လ္ဒင္ဟိုက ေျပာပါတယ္။

ေက်ာ္ၾကားမႈေတြ ရွိခဲ့တဲ့ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ကမာၻ႔ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ အသက္ ၄၀ အ႐ြယ္ ဘာစီလိုနာနဲ႔ ေအစီမီလန္ ကစားသမားေဟာင္းဟာ ယခုဆိုရင္ ဘရာဇီးႏိုင္ငံ ဘယ္လိုေဟာ္ရီဇြန္တီၿမိဳ႕က ဟို တယ္တစ္ခုမွာ သီးျခားခြဲကာ ေနထိုင္သြားမယ္လို႔ သိရပါတယ္။

” ဟိုင္း၊ သူငယ္ခ်င္းေတြ၊ မိသားစုနဲ႔ ပရိသတ္တို႔ေရ၊ ကြၽန္ေတာ္ ကိုဗစ္-၁၉ စစ္ေဆးမႈ လုပ္ခဲ့ပါတယ္၊ ရလဒ္ကေတာ့ ဗိုင္းရပ္စ္ ရွိေနတယ္လို႔ အေျဖထြက္ပါတယ္၊ ကြၽန္ေတာ္ ေနလို႔ေကာင္းပါတယ္၊ ခုခ်ိန္မွာ ကြၽန္ေတာ့္မွာ ေရာဂါလကၡဏာလည္း မျပပါဘူး” လို႔ ေရာ္နယ္လ္ဒင္ဟိုက အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ဗီဒီယိုတစ္ခုထဲမွာ ေျပာခဲ့ပါတယ္။

ေရာ္နယ္လ္ဒင္ဟိုကေတာ့ ပတ္စ္ပို႔တ္အတုကိုင္ေဆာင္မႈ ကိစၥနဲ႔ ပါရာေဂြးႏိုင္ငံမွာ ငါးလေက်ာ္ၾကာ အခ်ဳပ္က်ခံရၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လကမွ ဘရာဇီးကို ျပန္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆု (Ballon d’Or) ဆုကို ရရွိခဲ့ဖူးသူျဖစ္တဲ့ ေရာ္နယ္လ္ဒင္ဟိုနဲ႔ ၎ရဲ႕ အကိုျဖစ္သူတို႔ဟာ ပါရာေဂြးမွာ ေထာင္ဒဏ္ တစ္လ၊ အဆန္စီယြန္ၿမိဳ႕က ဟိုတယ္တစ္လုံးမွာ ေနအိမ္အက်ယ္ခ်ဳပ္ ေလးလ တို႔ကို က်ခံခဲ့ရတာ ျဖစ္ပါတယ္။

ဘရာဇီးႏိုင္ငံမွာေတာ့ ယခုအခါ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၅၆,၀၀၀ ေက်ာ္ ရွိေနၿပီး ဒါဟာ ကမာၻေပၚမွာ အေမရိကန္ၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒုတိယေျမာက္ ေသဆုံးမႈ အမ်ားဆုံး ႏိုင္ငံ ျဖစ္ေနပါတယ္။
Source ; Mizzima

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X