News

အင်တာနက်မရတဲ့ဒေသတွေမှာ ရေဒီယိုကတစ်ဆင့် စာသင်ကြားနိုင်ဖို့ စီစဉ်နေဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား

Unicode

အင်တာနက်မရတဲ့ဒေသတွေမှာ ရေဒီယိုကတစ်ဆင့် စာသင်ကြားနိုင်ဖို့ စီစဉ်နေ
နိုဝင်ဘာလ နောက်ဆုံးပတ်မှာ စတင်သင်ကြားဖို့စီစဉ်ထားတာပါ။

ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရချိန်မှာ ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကတစ်ဆင့် စာသင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အင်တာနက်မရတဲ့ဒေသတွေမှာတော့ ရေဒီယိုကတစ်ဆင့် သင်ကြားနိုင်ဖို့ လုပ်ဆောင်နေပြီး လာမယ့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ စတင်သင်ကြားနိုင်မယ်လို့လည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ ဆရာတို့က အွန်လိုင်းတင်မကဘူး။ အွန်လိုင်းမရတဲ့နေရာတွေ၊ တီဗွီမရှိတဲ့နေရာတွေမှာ ရေဒီယိုနဲ့ပို့ချနိုင်ဖို့ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ပို့ချမယ် ဆရာ/ဆရာမ၊ အသံသွင်းမယ့် ၊ ဗီဒီယိုရိုက်မယ့်ဆရာ/ဆရာမကို ရွေးချယ်နေတုန်းပဲ။ ဆရာတို့ မှန်းထားတာကတော့ နိုဝင်ဘာလနောက်ဆုံးပတ်လောက်မှာ ဖြစ်မလားမသိဘူးပေါ့နော်။ “ လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ စာမေးပွဲတွေ ဖြေဆိုနိုင်ဖို့အတွက် သင်ကြားရေး လုံလုံလောက်လောက်ရှိဖို့ လိုအပ်တာကြောင့် လက်ရှိအခြေအနေတွေအရတော့ အတန်းတင်စာမေးပွဲဖြေဖို့တော့ မဖြစ်နိုင်သေးဘူးလို့လည်း ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

“ စာမေးပွဲဖြေဖို့ရာက လုံလောက်တဲ့သင်ကြားမှုရှိမှရမယ်။ အခုချိန်မှာ ဖြစ်နိုင်ဖို့ကလည်း အင်မတန်အားနည်းပါတယ်။ အဲဒါဆို တစ်နှစ်အောက်မှာလားဆိုတာကလည်း ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လို့မရဘူး။ ဒီကာလက သာမန်ကာလမဟုတ်တဲ့အတွက် ကိုဗစ်ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်းသွားရမယ်။ ကိုဗစ်က ဒီလောက်ပြန့်နေတာကို ချက်ချင်းကျောင်းတွေပုံမှန်ဖွင့်နိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျောင်းတွေ ပြန်မဖွင့်နိုင်တော့ စာပုံမှန်မသင်နိုင်ဘူး။ စာပုံမှန်မသင်နိုင်ဘဲနဲ့တော့ စာမေးပွဲစစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။” လို့ ဒေါက်တာတင်မောင်ဝင်းက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အခြေအနေမရှိသေးဘဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေအထားကို ကြည့်ပြီး ကျောင်းပြန်ဖွင့်ဖို့ ဆုံးဖြတ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြောကြားထားပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ကိုဗစ်ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့ ဇူလိုင်လမှာ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှုစတင်ချိန် သြဂုတ်လ၂၇ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည်ပိတ်ခဲ့တာ လက်ရှိအချိန်အထိဖြစ်ပါတယ်

Credit Duwun

Zawgyi

အင္တာနက္မရတဲ့ေဒသေတြမွာ ေရဒီယိုကတစ္ဆင့္ စာသင္ၾကားႏိုင္ဖို႔ စီစဥ္ေန
ႏိုဝင္ဘာလ ေနာက္ဆုံးပတ္မွာ စတင္သင္ၾကားဖို႔စီစဥ္ထားတာပါ။

ကိုဗစ္-၁၉ ကူးစက္မႈအေျခအေနေတြေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားလိုက္ရခ်ိန္မွာ ေက်ာင္းသားေက်ာင္းသူေတြကို အြန္လိုင္း၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားေတြကတစ္ဆင့္ စာသင္ၾကားႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ပညာေရးဝန္ႀကီးဌာနက သိရပါတယ္။

အင္တာနက္မရတဲ့ေဒသေတြမွာေတာ့ ေရဒီယိုကတစ္ဆင့္ သင္ၾကားႏိုင္ဖို႔ လုပ္ေဆာင္ေနၿပီး လာမယ့္ ႏိုဝင္ဘာလ ေနာက္ဆုံးအပတ္မွာ စတင္သင္ၾကားႏိုင္မယ္လို႔လည္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ ဆရာတို႔က အြန္လိုင္းတင္မကဘူး။ အြန္လိုင္းမရတဲ့ေနရာေတြ၊ တီဗြီမရွိတဲ့ေနရာေတြမွာ ေရဒီယိုနဲ႔ပို႔ခ်ႏိုင္ဖို႔ ျပင္ဆင္ေနတုန္းပဲရွိေသးတယ္။ပို႔ခ်မယ္ ဆရာ/ဆရာမ၊ အသံသြင္းမယ့္ ၊ ဗီဒီယို႐ိုက္မယ့္ဆရာ/ဆရာမကို ေ႐ြးခ်ယ္ေနတုန္းပဲ။ ဆရာတို႔ မွန္းထားတာကေတာ့ ႏိုဝင္ဘာလေနာက္ဆုံးပတ္ေလာက္မွာ ျဖစ္မလားမသိဘူးေပါ့ေနာ္။ “ လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

ဒါ့အျပင္ ေက်ာင္းသားေက်ာင္းသူေတြ စာေမးပြဲေတြ ေျဖဆိုႏိုင္ဖို႔အတြက္ သင္ၾကားေရး လုံလုံေလာက္ေလာက္ရွိဖို႔ လိုအပ္တာေၾကာင့္ လက္ရွိအေျခအေနေတြအရေတာ့ အတန္းတင္စာေမးပြဲေျဖဖို႔ေတာ့ မျဖစ္ႏိုင္ေသးဘူးလို႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

“ စာေမးပြဲေျဖဖို႔ရာက လုံေလာက္တဲ့သင္ၾကားမႈရွိမွရမယ္။ အခုခ်ိန္မွာ ျဖစ္ႏိုင္ဖို႔ကလည္း အင္မတန္အားနည္းပါတယ္။ အဲဒါဆို တစ္ႏွစ္ေအာက္မွာလားဆိုတာကလည္း ပညာေရးဝန္ႀကီးဌာနက ဆုံးျဖတ္လို႔မရဘူး။ ဒီကာလက သာမန္ကာလမဟုတ္တဲ့အတြက္ ကိုဗစ္ဗဟိုေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္အတိုင္းသြားရမယ္။ ကိုဗစ္က ဒီေလာက္ျပန႔္ေနတာကို ခ်က္ခ်င္းေက်ာင္းေတြပုံမွန္ဖြင့္ႏိုင္ဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ေက်ာင္းေတြ ျပန္မဖြင့္ႏိုင္ေတာ့ စာပုံမွန္မသင္ႏိုင္ဘူး။ စာပုံမွန္မသင္ႏိုင္ဘဲနဲ႔ေတာ့ စာေမးပြဲစစ္ဖို႔ကလည္း မျဖစ္ႏိုင္ဘူး။” လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆက္ေျပာပါတယ္။

လတ္တေလာမွာေတာ့ စာသင္ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔ အေျခအေနမရွိေသးဘဲ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈအေနအထားကို ၾကည့္ၿပီး ေက်ာင္းျပန္ဖြင့္ဖို႔ ဆုံးျဖတ္သြားမယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာ (၂၃) ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း ေျပာၾကားထားပါတယ္။

အေျခခံပညာစာသင္ေက်ာင္းေတြကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္ႏိုင္ခ်ိန္ေရာက္မွသာျပန္ဖြင့္ႏိုင္မွာျဖစ္ၿပီး ျပန္ဖြင့္ခ်ိန္မွာ ပိတ္ရက္ေတြမွာပါ သင္ၾကားမႈေတြျပဳလုပ္သြားရမယ့္အေျခအေနရွိတယ္လို႔ အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။

စာသင္ေက်ာင္းေတြကို ကိုဗစ္ကူးစက္မႈႏႈန္းက်ဆင္းခဲ့တဲ့ ဇူလိုင္လမွာ ေခတၱျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္ ဒုတိယလႈိင္းကူးစက္မႈစတင္ခ်ိန္ ၾသဂုတ္လ၂၇ရက္မွာေတာ့ တစ္ႏိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ျပန္လည္ပိတ္ခဲ့တာ လက္ရွိအခ်ိန္အထိျဖစ္ပါတယ္

Credit Duwun

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X