News

ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး နိုင်ငံ (၉၀) စာရင်းမှာ မြန်မာ အဆင့် (၇၆) ချိတ်နေ

Unicode

ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး နိုင်ငံ (၉၀) စာရင်းမှာ မြန်မာ အဆင့် (၇၆) ချိတ်နေ
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၄၃,၇၈၈ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁,၀၆၆ ဦး ရှိခဲ့ပါတယ်။

WHO က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ကိုဗစ်-၁၉ကူးစက်မှုအများဆုံးနိုင်ငံ(၉၀)စာရင်းမှာ မြန်မာနိုင်ငံက အဆင့်(၇၆) နေရာမှာရပ်တည်နေပါတယ်။

အောက်တိုဘာ (၂၃) ရက်နေ့ နေ့လယ် ၂ နာရီအချိန် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ မြန်မာနိုင်ငံက အတည်ပြုလူနာ အရေအတွက် ၄၂,၃၆၅ ဦးနဲ့ အဆင့်(၇၆) နေရာမှာရပ်တည်နေတာပါ။ WHO ရဲ့ ဆန်းစစ်မှုအရရ လက်ရှိအချိန်အထိ လူဦးရေ ၅၄.၄သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူဦးရေက ပိုးတွေ့ရှိမှုရဲ့၂.၅ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၂၃ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူလည်း ၂၈ ဦး ထပ်တိုးခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒောာက်တိုဘာ ၂၄ ရက် ည (၈) နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃,၇၈၈ ဦးနဲ့ သေဆုံးသူ ၁,၀၆၆ ဦး ရှိလာကာ ပြန်လည်ပျောက်ကင်းသူဦးရေ ၂၃,၇၀၈ ဦးရှိခဲ့ပါတယ်။

WHO ရဲ့ကမ္ဘာ့ကူးစက်မှုနှုန်း အများဆုံးနိုင်ငံ (၉၀) စာရင်းမှာ အာဆီယံဒေသတွင်းမှ မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့လည်း ပါဝင်နေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းအများဆုံး အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာက အဆင့် (၄) ဖြစ်နေပြီး အင်ဒိုနီးရှားက အတည်ပြုလူနာ ၃၇၇,၅၄၁ ဦးနဲ့ အများဆုံးဖြစ်ကာ ဖိလစ်ပိုင်က ၃၆၃,၈၈၈ ဦးနဲ့ ဒုတိယ၊ စင်ကာပူက ၅၇,၉၄၁ ဦးနဲ့ တတိယနေရာတွေမှ ရှိနေပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားမှာတော့ ကူးစက်ခံရသူ ၂၃,၈၀၄ ဦးရှိပြီး မြန်မာနိုင်ငံထက် ကူးစက်မှုနှုန်းနည်းပါးနေပါတယ်။
Credit Duwnn

Zawgyi

ကိုဗစ္-၁၉ ကူးစက္မႈအမ်ားဆုံး ႏိုင္ငံ (၉၀) စာရင္းမွာ ျမန္မာ အဆင့္ (၇၆) ခ်ိတ္ေန
ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉အတည္ျပဳလူနာ ၄၃,၇၈၈ ဦးေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ ၁,၀၆၆ ဦး ရွိခဲ့ပါတယ္။

WHO က ထုတ္ျပန္ထားတဲ့ ကမာၻ႔ကိုဗစ္-၁၉ကူးစက္မႈအမ်ားဆုံးႏိုင္ငံ(၉၀)စာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္(၇၆) ေနရာမွာရပ္တည္ေနပါတယ္။

ေအာက္တိုဘာ (၂၃) ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္ ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ စာရင္းမွာ ျမန္မာႏိုင္ငံက အတည္ျပဳလူနာ အေရအတြက္ ၄၂,၃၆၅ ဦးနဲ႔ အဆင့္(၇၆) ေနရာမွာရပ္တည္ေနတာပါ။ WHO ရဲ႕ ဆန္းစစ္မႈအရရ လက္ရွိအခ်ိန္အထိ လူဦးေရ ၅၄.၄သန္းရွိတဲ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးသူဦးေရက ပိုးေတြ႕ရွိမႈရဲ႕၂.၅ ရာခိုင္ႏႈန္းရွိတယ္လို႔လည္း သိရပါတယ္။

ေအာက္တိုဘာ ၂၄ ရက္ည ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၁,၄၂၃ ဦး ထပ္တိုးခဲ့ၿပီး ေသဆုံးသူလည္း ၂၈ ဦး ထပ္တိုးခဲ့ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေဒာာက္တိုဘာ ၂၄ ရက္ ည (၈) နာရီအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၄၃,၇၈၈ ဦးနဲ႔ ေသဆုံးသူ ၁,၀၆၆ ဦး ရွိလာကာ ျပန္လည္ေပ်ာက္ကင္းသူဦးေရ ၂၃,၇၀၈ ဦးရွိခဲ့ပါတယ္။

WHO ရဲ႕ကမာၻ႔ကူးစက္မႈႏႈန္း အမ်ားဆုံးႏိုင္ငံ (၉၀) စာရင္းမွာ အာဆီယံေဒသတြင္းမွ ျမန္မာအပါအဝင္ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူနဲ႔ မေလးရွားႏိုင္ငံတို႔လည္း ပါဝင္ေနခဲ့ပါတယ္။ ကိုဗစ္-၁၉ ကူးစက္မႈႏႈန္းအမ်ားဆုံး အာဆီယံႏိုင္ငံေတြထဲမွာေတာ့ ျမန္မာက အဆင့္ (၄) ျဖစ္ေနၿပီး အင္ဒိုနီးရွားက အတည္ျပဳလူနာ ၃၇၇,၅၄၁ ဦးနဲ႔ အမ်ားဆုံးျဖစ္ကာ ဖိလစ္ပိုင္က ၃၆၃,၈၈၈ ဦးနဲ႔ ဒုတိယ၊ စင္ကာပူက ၅၇,၉၄၁ ဦးနဲ႔ တတိယေနရာေတြမွ ရွိေနပါတယ္။ လတ္တေလာ ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ မေလးရွားမွာေတာ့ ကူးစက္ခံရသူ ၂၃,၈၀၄ ဦးရွိၿပီး ျမန္မာႏိုင္ငံထက္ ကူးစက္မႈႏႈန္းနည္းပါးေနပါတယ္။
Credit Duwnn

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X