Dahama

ရှေးဆရာတော်ကြီးများမိန့် ကြားခဲ့သော သမ္ဗုဒ္ဓေဂါထာတော်ကြီးအား ပို၍အစွမ်းထက်လာအောင် ရွတ်ဆိုနည်း

Unicode

နံနက် အရုဏ်တက်ချိန် ၅နာရီတွင် သမ္ဗုဒ္ဓေဂါထာတော်ကြီးအား ရွတ်ဖတ်ရပါမည်။ ရွတ်ဖတ်မည့်ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်သန့်ရှင်းခြင်းခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသော အဝတ်စားကို ဝတ်ဆင်ခြင်း ရဟန်းမှန်သမျှဒေသနာကြားခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။

၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အား ရည်စူး၍ ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင်၉တိုင်ထွန်း အမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။ ပြီးနောက်၅ ပါး သီလ တော်ကို ခံယူဆောက်တည်ပါ ။ နတ်များကို ဖိတ်ကြားရပါမည်။

ဖိတ်ကြားပုံမှာ….”ကျွန်ုပ်သည်၅၁၂၀၂၈ဆူကုန်သောဗုဒ္ဓဘုရားရှင်အပေါင်းအားရည်စူး၍ရည်မှန်း၍သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးအား ၁၀၈ခေါက်တိတိရွတ်ဖတ်၍ ပူဇော်ကန်တော့မည် ဖြစ်ပါ၍ အရှေ့နေထွက်အနောက်နေဝင်တောင်မှာ တံငါကွန်နက္ခတ် မြောက်မှာဓူဝံကြယ်အောက်မှာ အဝီစိအထက်မှာ ဘဝဂ်ဤအတွင်းမှာ တည်ရှိနေထိုင်ကြကုန်သော အလုံးစုံသောတောစောင့်နတ်များ တောင်စောင့်နတ်များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များအာကာသစိုးနတ်များ ကမ္ဘာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ် ရွာစောင့်နတ် ရက်ကွက်စောင့်နတ် ကျောင်းစောင့်နတ် မိုးနတ်သား လေနတ်သား ရေနတ်သား လနတ်သား သမ္မာဒေဝနတ်များ သာသနာတော်စောင့်နတ်များ သူရဿတီ ဒေဝီနှင့်တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါးဒေဝီ (၁၂) ပါး ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခ ကုဝေရ စသော စတုမဟာ နတ်မင်းကြီး ၄ ပါး သိကြားမင်းနှင့်တကွ ၃၃ကျိတ်သော နတ်မင်း နတ်မြတ် နတ်ဒေဝါအပေါင်းနှင့်တကွ သူရဿတီ မကြွင်း ခပင်းများစွာ နတ်ဗြဟ္မာအပေါင်းတို့ ဖိတ်ကြားပါ၏ ။ ဖိတ်ခေါ်ပါ၏ ။ တရားနာယူရန် ကြွတော်မူုကြပါကုန်လော့ ။

ဤ အချိန် ဤအခါသည်ကား သမ္ဗုဒ္ဓေဂါထာတော်မြတ်အား (၁၀၈) ခေါက်တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍ တရားတော်မြတ်ကို အတူတကွ နာယူကြပါရန် ဤနေရာ ဤဌာန ဤအိမ်ဂေဟာ သို့ ဖိတ်ကြားပါ၏။ ပန်ကြားပါ၏။ ဖိတ်ခေါ်ပါ၏။ တရားတော်မြတ် ဂါထာတော်မြတ်ကို နာယူရန် အတွက်ကြွရောက်တော်မူကြပါကုန်လော့ ။ ”

ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ဘုရားရှေတော်တွင် တည်ငြိမ်စွာထိုင်၍ သမ္ဗုဒ္ဓေဂါထာတော်ကြီးအား လေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။

၁၀၈ခေါက်တိတိ ရွတ်ဖတ်ပြီးပါလျှင် ဂါထာတော်ကြီး၏ အနက်အဖွင့်ကို အသံကျယ်ကျယ် ရွတ်ဖတ်ရာ၏။ ပြီးစီးပါက ပင့်ဖိတ်ကြားထားသော နတ်များအား ၎င်းသတ္တဝါများအား ၎င်းသူတော်ကောင်း အရိယာများအား ၎င်းအမျှပေးဝေရာ၏။

အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။ လိုအပ်သော အလိုရှိသော ကိစ္စ အကြောင်းအရာအတွက် ဆု့တောင်းပါ ။ ဤအချက် များနှင့်ညီညွတ်အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏ အစွမ်းသတ္တိ ဝင်လာပါတော့သည်။

ဂါထာအစွမ်း ထက်မြတ်လာတော့၏။ မိမိဆောင်ရွက်တိုင်း အကျိူးပေးနေတာ့သည်။ နေ့စဉ် ကျင့်ဆောင်ပါလျှင် သြဇာ အာဏာကြီးလာပါသည်။ ပြောတိုင်း ဆိုတိုင်း လုပ်တိုင်း ကြံစည်တိုင်း အောင်မြင်လာပါတော့သည်။ ဘေးရန် အန္တရာယ် ကင်းဝေးပပျောက်ရသည်။ မကောင်းသော အမင်္ဂလာ မှန်သမျှ ကင်းဝေးပပျောက်ရ၏ ။

နာနာဘာဝ ဝိနာဘာဝ အဝရုဒ္ဓက နတ်ဆိုး ဘီလူးဆိုး မှန်သမျှကို နိုင်နင်းတော့သည်။ အနာရောဂါအမျိူးမျိူး ကင်ဆာရောဂါအမျိူးမျိူး ပျောက်ကင်း စေနိုင်သည်။

ဤသို့ ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် သမ္ဗုဒ္ဓေဂါထာတော်၏ စွမ်းအားသတ္တိ ဝင်ရောက်လာမှု့ကြောင့် ဂါထာစွမ်းအား တက်လာသောကြောင့် ရေကိုကိုင်၍ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်လျှင် ရေဆူလာသည်။ သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏ ။

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ၏ အနက်

အဋ္ဌဝီသံ – သုံးပါးဘဝ သုံးလောကတွင် ဉာဏ ရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊

သမ္ဗုဒ္ဓေ စ – တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း၊

ဒွါဒသဉ္စ သဟဿကေ – နိဗ္ဗာန်ကိန်းအောင်း စက် မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊

သမ္ဗုဒ္ဓေစ – လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊

ပဉ္စသတ သဟဿာနိ – သောင်းထိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊

သမ္ဗုဒ္ဓေစ – နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း၊

အဟံ – အကျွန်ုပ်သည်၊

သိရသာ – ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊

နမာမိ – ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။

ဂင်္ဂါ – ဂင်္ဂါယ – ဂင်္ဂါမြစ်တွင်း၌၊

ဝါဠုကာ – ရှိကြကုန်သော သဲတို့သည်

အပ္ပကာ – နည်းကြကုန်သေး၏

နိဗ္ဗုတာ – ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊

ဇိနာ – နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား၊

အနန္တာ – သင်္ချာဂဏန်း ရေတွက် မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်၊

တေ ဇိနေစ – ထိုဘုရားရှင်တို့ကိုလည်းကောင်း၊

တေသံ – ထိုငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေမတွက်နိုင်သော ဘုရားရှင်တို့၏၊

ဓမ္မဉ္စ – တရားတော်မြတ်ကိုလည်းကောင်း၊

သံဃဉ္စ – တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း၊

အဟံ – အကျွန်ုပ်သည်၊
အာဒရေန – အာဒရံ – ရိုသေစွာ၊

နမာမိ – ရှိခိုးပါ၏။

နမက္ကာရာနုဘာဝေန – ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမကုသိုလ် စေတနာကြောင့်၊

သဗ္ဗေ – ခပ်သိမ်းကုန်သော၊

ဥပဒ္ဒဝေ – ဘေးရန်တို့ကို၊

ဟိတွာ – ပယ်ဖျောက်၍၊

အနေကာ အန္တရာယာပိ – တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊

အသေသတော – အကြွင်းအကျန်မရှိသော အားဖြင့်၊ ဝိနဿန္တု – ပျောက်ပျက်ပါစေသတည်း။

Zawgyi

“သမၺဳေဒၶဂါထာေတာ္ႀကီးအား ဂါထာစြမ္းအားသတၱိ ရရွိလာေအာင္ ႐ြတ္ဆိုနည္း”

နံနက္ အ႐ုဏ္တက္ခ်ိန္ ၅နာရီတြင္ သမၺဳေဒၶဂါထာေတာ္ႀကီးအား ႐ြတ္ဖတ္ရပါမည္။ ႐ြတ္ဖတ္မည့္ပုဂၢိဳလ္မွာ လူပုဂၢိဳလ္ျဖစ္ပါလွ်င္ ကိုယ္လက္သန္႔ရွင္းျခင္းခႏၶာကိုယ္ သန္႔ရွင္းျခင္း သန္႔ရွင္းေသာ အဝတ္စားကို ဝတ္ဆင္ျခင္း ရဟန္းမွန္သမွ်ေဒသနာၾကားျခင္း ကိစၥ ကိုေဆာင္႐ြက္ရပါမည္ ။

၅၁၂၀၂၈ ဆူကုန္ေသာ ဗုဒၶဘုရားရွင္တို႔အား ရည္စူး၍ ဆြမ္း ၉ ပြဲ ေရ ၉ ခြက္ ပန္း ၉ ပြင့္ ဖေယာင္းတိုင္၉တိုင္ထြန္း အေမႊးတိုင္ ၉ တိုင္ ထြန္း ၍ ကပ္လႈပူေဇာ္ရမည္။ ၿပီးေနာက္၅ ပါး သီလ ေတာ္ကို ခံယူေဆာက္တည္ပါ ။ နတ္မ်ားကို ဖိတ္ၾကားရပါမည္။

ဖိတ္ၾကားပုံမွာ….”ကြၽႏ္ုပ္သည္၅၁၂၀၂၈ဆူကုန္ေသာဗုဒၶဘုရားရွင္အေပါင္းအားရည္စူး၍ရည္မွန္း၍သမၺဳေဒၶဂါထာေတာ္ျမတ္ႀကီးအား ၁၀၈ေခါက္တိတိ႐ြတ္ဖတ္၍ ပူေဇာ္ကန္ေတာ့မည္ ျဖစ္ပါ၍ အေရွ႕ေနထြက္အေနာက္ေနဝင္ေတာင္မွာ တံငါကြန္နကၡတ္ ေျမာက္မွာဓူဝံၾကယ္ေအာက္မွာ အဝီစိအထက္မွာ ဘဝဂ္ဤအတြင္းမွာ တည္ရွိေနထိုင္ၾကကုန္ေသာ အလုံးစုံေသာေတာေစာင့္နတ္မ်ား ေတာင္ေစာင့္နတ္မ်ား ႐ုကၡစိုးနတ္မ်ား ဘုမၼစိုးနတ္မ်ား အာကာသစိုးနတ္မ်ား ကမာၻေစာင့္နတ္ ၿမိဳ႕ေစာင့္နတ္ နယ္ေစာင့္နတ္ ႐ြာေစာင့္နတ္ ရက္ကြက္ေစာင့္နတ္ ေက်ာင္းေစာင့္နတ္ မိုးနတ္သား ေလနတ္သား ေရနတ္သား လနတ္သား သမၼာေဒဝနတ္မ်ား သာသနာေတာ္ေစာင့္နတ္မ်ား သူရႆတီ ေဒဝီႏွင့္တကြ ေဒဝီ (၇) ပါး ေဒဝီ (၉) ပါးေဒဝီ (၁၂) ပါး ဓ႒ရဌ ဝိ႐ုဠက ဝိ႐ုပကၡ ကုေဝရ စေသာ စတုမဟာ နတ္မင္းႀကီး ၄ ပါး သိၾကားမင္းႏွင့္တကြ ၃၃က်ိတ္ေသာ နတ္မင္း နတ္ျမတ္ နတ္ေဒဝါအေပါင္းႏွင့္တကြ သူရႆတီ မႂကြင္း ခပင္းမ်ားစြာ နတ္ျဗဟၼာအေပါင္းတို႔ ဖိတ္ၾကားပါ၏ ။ ဖိတ္ေခၚပါ၏ ။ တရားနာယူရန္ ႂကြေတာ္မူုၾကပါကုန္ေလာ့ ။

ဤ အခ်ိန္ ဤအခါသည္ကား သမၺဳေဒၶဂါထာေတာ္ျမတ္အား (၁၀၈) ေခါက္တိတိ ႐ြတ္ဖတ္မည္ျဖစ္ပါ၍ တရားေတာ္ျမတ္ကို အတူတကြ နာယူၾကပါရန္ ဤေနရာ ဤဌာန ဤအိမ္ေဂဟာ သို႔ ဖိတ္ၾကားပါ၏။ ပန္ၾကားပါ၏။ ဖိတ္ေခၚပါ၏။ တရားေတာ္ျမတ္ ဂါထာေတာ္ျမတ္ကို နာယူရန္ အတြက္ႂကြေရာက္ေတာ္မူၾကပါကုန္ေလာ့ ။ ”

ထိုသို႔ နတ္မ်ားအား ဖိတ္ၾကားၿပီးလွ်င္ ဘုရားေရွေတာ္တြင္ တည္ၿငိမ္စြာထိုင္၍ သမၺဳေဒၶဂါထာေတာ္ႀကီးအား ေလးေလးပင္ပင္ ၁၀၈ ေခါက္ ရေအာင္ ႐ြတ္ဖတ္ရာ၏ ။

၁၀၈ေခါက္တိတိ ႐ြတ္ဖတ္ၿပီးပါလွ်င္ ဂါထာေတာ္ႀကီး၏ အနက္အဖြင့္ကို အသံက်ယ္က်ယ္ ႐ြတ္ဖတ္ရာ၏။ ၿပီးစီးပါက ပင့္ဖိတ္ၾကားထားေသာ နတ္မ်ားအား ၎သတၱဝါမ်ားအား ၎သူေတာ္ေကာင္း အရိယာမ်ားအား ၎အမွ်ေပးေဝရာ၏။

အမွ်ေပးေဝၿပီးေနာက္ မိမိ တက္ႏိုင္သ၍ ေမတၱာပို႔ေပးပါ။ လိုအပ္ေသာ အလိုရွိေသာ ကိစၥ အေၾကာင္းအရာအတြက္ ဆု႔ေတာင္းပါ ။ ဤအခ်က္ မ်ားႏွင့္ညီၫြတ္ေအာင္ က်င့္ေဆာင္ပါလွ်င္ သမၺဳေဒၶ ဂါထာ၏ အစြမ္းသတၱိ ဝင္လာပါေတာ့သည္။

ဂါထာအစြမ္း ထက္ျမတ္လာေတာ့၏။ မိမိေဆာင္႐ြက္တိုင္း အက်ိဴးေပးေနတာ့သည္။ ေန႔စဥ္ က်င့္ေဆာင္ပါလွ်င္ ၾသဇာ အာဏာႀကီးလာပါသည္။ ေျပာတိုင္း ဆိုတိုင္း လုပ္တိုင္း ႀကံစည္တိုင္း ေအာင္ျမင္လာပါေတာ့သည္။ ေဘးရန္ အႏၲရာယ္ ကင္းေဝးပေပ်ာက္ရသည္။ မေကာင္းေသာ အမဂၤလာ မွန္သမွ် ကင္းေဝးပေပ်ာက္ရ၏ ။

နာနာဘာဝ ဝိနာဘာဝ အဝ႐ုဒၶက နတ္ဆိုး ဘီလူးဆိုး မွန္သမွ်ကို ႏိုင္နင္းေတာ့သည္။ အနာေရာဂါအမ်ိဴးမ်ိဴး ကင္ဆာေရာဂါအမ်ိဴးမ်ိဴး ေပ်ာက္ကင္း ေစႏိုင္သည္။

ဤသို႔ က်င့္ေဆာင္လာခဲ့ေသာ ပုဂၢိဳလ္သည္ သမၺဳေဒၶဂါထာေတာ္၏ စြမ္းအားသတၱိ ဝင္ေရာက္လာမႈ႕ေၾကာင့္ ဂါထာစြမ္းအား တက္လာေသာေၾကာင့္ ေရကိုကိုင္၍ သမၺဳေဒၶဂါထာေတာ္ကို ႐ြတ္လွ်င္ ေရဆူလာသည္။ သံပုရာရည္ ေရွာက္ရည္ တို႔ကို ကိုင္၍ ႐ြတ္ဖတ္ လွ်င္အခ်ဥ္ဓာတ္ေပ်ာက္၍ အခ်ိဴဓာတ္ျဖစ္ လာႏိုင္ေတာ့၏ ။

သမၺဳေဒၶ ဂါထာေတာ္ႀကီး ၏ အနက္

အ႒ဝီသံ – သုံးပါးဘဝ သုံးေလာကတြင္ ဉာဏ ေရာင္ဖိတ္ ေအာင္ဘိသိက္ႏွင့္ ႏွစ္က်ိပ္ရွစ္ဆူကုန္ေသာ၊

သမၺဳေဒၶ စ – တန္ေဆာင္ပမာ ဉာဏ္ေရာင္ဝါျဖင့္ သစၥာပြင့္လင္း တရားမင္းတို႔ကို လည္းေကာင္း၊

ဒြါဒသၪၥ သဟႆေက – နိဗၺာန္ကိန္းေအာင္း စက္ ေမြ႕ေလ်ာင္းသည့္ တစ္ေသာင္းႏွစ္ေထာင္ကုန္ေသာ၊

သမၺဳေဒၶစ – လေရာင္ပမာ ဉာဏ္ေရာင္ဝါျဖင့္ သစၥာလင္းေျပာင္ ျမတ္ဘုန္းေခါင္တို႔ကိုလည္းေကာင္း၊

ပၪၥသတ သဟႆာနိ – ေသာင္းထိုက္စၾကဝဠာ ဂုဏ္ဝါေရာင္ရွိန္း ငါးသိန္းကုန္ေသာ၊

သမၺဳေဒၶစ – ေနေရာင္ပမာ ဉာဏ္ေရာင္ဝါျဖင့္ သစၥာလင္းထိန္ ျမတ္မုနိန္တို႔ကိုလည္းေကာင္း၊

အဟံ – အကြၽႏ္ုပ္သည္၊

သိရသာ – ဦးေခါင္းရတနာ ျမတ္အဂၤါျဖင့္၊

နမာမိ – ႐ိုေသၫြတ္က်ိဳး လက္စုံမိုး၍ ရွိခိုးပါ၏။

ဂဂၤါ – ဂဂၤါယ – ဂဂၤါျမစ္တြင္း၌၊

ဝါဠဳကာ – ရွိၾကကုန္ေသာ သဲတို႔သည္

အပၸကာ – နည္းၾကကုန္ေသး၏

နိဗၺဳတာ – ဘုံဇာတ္သိမ္း၍ ၿငိမ္းေအးေတာ္မူၾကကုန္ၿပီးေသာ၊

ဇိနာ – ေႏွာင့္ယွက္ဖန္လာ မာရ္ငါးျဖာကို အရိယာမဂ္ ဘုန္းေရာင္စက္ျဖင့္ ခ်ိဳးဖ်က္လြယ္ကူ ေအာင္ေတာ္မူေသာ ဘုရားရွင္အေပါင္းတို႔ကား၊

အနႏၲာ – သခ်ၤာဂဏန္း ေရတြက္ မွန္းလည္း ဆုံးခန္းတိုင္ေျမာက္ မေရာက္ႏိုင္ၾကကုန္၊

ေတ ဇိေနစ – ထိုဘုရားရွင္တို႔ကိုလည္းေကာင္း၊

ေတသံ – ထိုငါးသိန္းတစ္ေသာင္းႏွစ္ေထာင္ႏွစ္က်ိတ္ရွစ္ဆူကုန္ေသာ ဘုရားရွင္၊ မေရမတြက္ႏိုင္ေသာ ဘုရားရွင္တို႔၏၊

ဓမၼၪၥ – တရားေတာ္ျမတ္ကိုလည္းေကာင္း၊

သံဃၪၥ – တပည့္သား သံဃာေတာ္ျမတ္ကိုလည္းေကာင္း၊

အဟံ – အကြၽႏ္ုပ္သည္၊
အာဒေရန – အာဒရံ – ႐ိုေသစြာ၊

နမာမိ – ရွိခိုးပါ၏။

နမကၠာရာႏုဘာေဝန – ဤသို႔ရွိခိုးပူေဇာ္ ဖူးေျမာ္မာန္ေလ်ာ့ ကန္ေတာ့ရေသာ ပဏာမကုသိုလ္ ေစတနာေၾကာင့္၊

သေဗၺ – ခပ္သိမ္းကုန္ေသာ၊

ဥပဒၵေဝ – ေဘးရန္တို႔ကို၊

ဟိတြာ – ပယ္ေဖ်ာက္၍၊

အေနကာ အႏၲရာယာပိ – တစ္ပါးမက မ်ားလွသြယ္သြယ္ အႏၲရာယ္တို႔သည္လည္း၊

အေသသေတာ – အႂကြင္းအက်န္မရွိေသာ အားျဖင့္၊ ဝိနႆႏၲဳ – ေပ်ာက္ပ်က္ပါေစသတည္း။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X