Celebrity

မင်းသားကြီးဦးကျော်သူရဲ့ ကျန်းမာရေးအကြောင်းပြောပြလာတဲ့ အတူလိုက်ပါသွားခဲ့သူ ထွန်းကိုကို

Unicode

ဦးကျော်သူရဲ့ ကျန်းမာရေး အကြောင်းပြောပြခဲ့ပါတယ်။

“ဦးမောင်က ကျွန်တော့်ရဲ့ ဆရာသမားလည်းဖြစ်တယ်၊ ဦးမောင်ကို အခုလို ဖြစ်မှာ အကုန်လုံးက အရမ်းစိုးရိမ်နေကြတာပါ။ ဖြစ်သွားတော့ ကျွန်တော် လုပ်ပေးနိုင်တာကို ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော်လည်း သံမဏိလူသား မဟုတ်တော့ ကူးရင် ကူးနိုင်ပါတယ်။ အခုတောင် ကူးနေလောက်ပါပြီ။ကျွန်တော််လည်း လူသားပဲလေ စိုးရိမ်စိတ်တော့ ရှိတယ် ဒါပေမယ့် ကျွန်တော့်ဆရာအတွက် ပိုစိုးရိမ်မိတယ်ဒါကြောင့် ကျွန်တော်လည်း အားတွေ အများကြီးမွေးထားတယ်၊ အစားတွေလည်း စားတယ်။ ကျွန်တော် ဆုံးဖြတ်ချက်အတိုင်းလုပ်နေတာပါ။ ပေါ်ပြူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး၊ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး။ အဲဒီအတွက် ဖေ့စ်ဘွတ်ပေါ်မှာလည်း ဘာတစ်ခုမှ မတင်ပါဘူး” လို့ သူကပြောပါတယ်။

သရုပ်ဆောင် ထွန်းကိုကို က ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကို ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ သူ့ အနေနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ မဟုတ်ပေမယ့်လည်း ဦးကျော်သူအတွက် စိုးရိမ်ပြီး ဝေဘာဂီဆေးရုံအထိ လိုက်ကာပြုစုစောင့်ရှောက်ပေးဖို့ ရွေးချယ်ခဲ့တာပါလို့ သူက ဆိုပါတယ်။

“ ကျွန်တော်တို့ နာရေးကူညီမှုအသင်းက ပြန်ကြားရေးက တစ်ယောက်စီမှာ ပိုးတွေ့တော့ ဦးမောင်က ထိတွေ့အနေနဲ့ ပါသွားတယ်။ အဲဒီနောက်ပိုင်း ဦးမောင်က Home Stay နေရတယ်။အဲဒီတုန်းက ဦးမောင် အားမငယ်နဲ့ တစ်ခုခုဖြစ်ရင် သားပါလိုက်ဝင်မယ် ဆိုပြီး ပြောခဲ့တာပါ။ တကယ် စစ်တဲ့နေ့မှာ ဦးမောင်အပြင် နောက်ထပ် အသင်းက (၂) ယောက်ပါ Positive ဖြစ်တဲ့အတွက် ဦးမောင်ကတော့ ရောဂါအခံရှိသူဖြစ်တာကြောင့် ဝေဘာဂီမှာဆိုရင် ပိုအဆင်ပြေနိုင်တယ် ဆိုပြီးတော့ ဝေဘာဂီမှာ ဝင်တယ်။ ကျန်တဲ့ နှစ်ယောက်ကို ဦးမောင်နဲ့ အတူတူ လိုက်မယ် ထင်တာ သူတို့က တခြား နေရာမှာ သွားဝင်ကြတာ ဆိုတော့ ဦးမောင် တစ်ယောက်တည်းဖြစ်သွားတယ်။ ကျွန်တော်ကလည်း အစကတည်းက ဦးမောင် တစ်ခုခုဆိုရင် ကျွန်တော် လိုက်မယ်လို့ ပြောထားတော့ လူနာစောင့်အနေနဲ့ လိုက်ဝင်လို့ ရတဲ့ အတွက် ခံဝန်လက်မှတ် ထိုးပြီးတော့ ကျွန်တော် လိုက်ဝင်ခဲ့ပါတယ်။ ဦးမောင် အတွက် ဆေးယူပေးတာ၊ စားစရာယူတာ၊ ဓာတ်မှန်ရိုက်တာကအစ ကျွန်တော်ကိုယ်တိုင် လိုက်လုပ်ပေးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။


သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဦးကျော်သူက တားပေမယ့်လည်း စိတ်ဆုံးဖြတ်ချက် ပြင်းပြတဲ့သူတစ်ယောက်ဖြစ်လို့ ဦးကျော်သူနောက်ကို ဇွတ်လိုက်ခဲ့တယ်လို့လည်း အင်တာဗျူးရင်း ပြောခဲ့တာပါ။လက်ရှိမှာ ဦးကျော်သူနဲ့အတူ ဝေဘာဂီဆေးရုံကြီးမှာနေနေရတဲ့ ထွန်းကိုကို အတွက် မိသားစုဝင်တွေနဲ့ ပရိသတ်တွေကလည်း စိတ်ပူလို့ နေကြပါတယ်။ဒါပေမယ့်လည်း ထွန်းကိုကိုကပရိသတ်တွေ စိတ်မပူဖို့ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“ မိသားစုကတော့ စိတ်ပူတာပေါ့နော်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဘယ်သူ့ဆီကမှ ခွင့်ပြုချက် မတောင်းပဲ သွားခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချလိုက်တာပေါ့။ လောလောဆယ်တော့ ကျွန်တော့်အတွက် Swab ယူတာတွေ ဘာညာတော့ မလုပ်ရသေးပါဘူး။ ဒီရက်ပိုင်းမှာ Swab လုပ်ဖို့တော့ ပြောထားပါတယ်။ တစ်ခုခုဖြစ်ရင် ဆေးတွေ ဘာတွေ သောက်လို့ရအောင် ကြိုတင်ပြင်ဆင်ပါတယ်။ ဦးမောင်ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ ဦးမောင် ကိုယ်တိုင်ကိုယ်က ကိုယ့်ကိုယ်ကိုယ်တောင် ရိပ်သာနဲ့ မှားလာသလားလို့တောင် ပြောပြီး ရယ်နေရသေးတယ်။ ရောဂါ လက္ခဏာ တစ်ခုမှ မပြလို့ပါ။ ကျွန်တော်လည်း ကျန်းမာရေးကောင်းတယ်။ နှာလေး နည်းနည်း မွှန်တာက လွဲလို့ ကျန်တာ အကောင်းပဲ။ ဦးမောင်က ကျွန်တော့်ရဲ့ ဆရာသမားလည်းဖြစ်တယ်၊ ဦးမောင်ကို အခုလို ဖြစ်မှာ အကုန်လုံးက အရမ်းစိုးရိမ်နေကြတာပါ။ ဖြစ်သွားတော့ ကျွန်တော် လုပ်ပေးနိုင်တာကို ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော်လည်း သံမဏိလူသား မဟုတ်တော့ ကူးရင် ကူးနိုင်ပါတယ်။ အခုတောင် ကူးနေလောက်ပါပြီ။ကျွန်တော််လည်း လူသားပဲလေ စိုးရိမ်စိတ်တော့ ရှိတယ် ဒါပေမယ့် ကျွန်တော့်ဆရာအတွက် ပိုစိုးရိမ်မိတယ်ဒါကြောင့် ကျွန်တော်လည်း အားတွေ အများကြီးမွေးထားတယ်၊ အစားတွေလည်း စားတယ်။ ကျွန်တော် ဆုံးဖြတ်ချက်အတိုင်းလုပ်နေတာပါ။ ပေါ်ပြူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး၊ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး။ အဲဒီအတွက် ဖေ့စ်ဘွတ်ပေါ်မှာလည်း ဘာတစ်ခုမှ မတင်ပါဘူး” လို့ သူကဆက်လက် ဖြေဆိုခဲ့ပါတယ်။

ဦးကျော်သူကတော့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ အခံရှိသူဖြစ်တာကြောင့် အခုလို Covid ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ မိသားစုဝင်တွေ၊ နာရေးကူညီမှု အသင်းသားတွေနဲ့ ပရိသတ်တွေက စိတ်ပူလျှက်ရှိပါတယ်။ လက်ရှိမှာတော့ ဝေဘာဂီဆေးရုံမှာ Quarantine ဝင်နေတာဖြစ်ပြီး ထွန်းကိုကို က ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ ထွန်းကိုကို ကလည်း Covid ကာလအတွင်း နာရေးကူညီမှုအသင်းကနေတဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။

Credit Duwnn

Zawgyi

ကိုယ့္ကို ေရာဂါကူးမွာထက္ ဦးေမာင္ကို စိုးရိမ္ၿပီး လိုက္သြားဖို႔ ဆုံးျဖတ္ခဲ့တာပါဆိုတဲ့ ထြန္းကိုကို
ဦးေက်ာ္သူရဲ႕ က်န္းမာေရး အေၾကာင္းေျပာျပခဲ့ပါတယ္။

“ဦးေမာင္က ကြၽန္ေတာ့္ရဲ႕ ဆရာသမားလည္းျဖစ္တယ္၊ ဦးေမာင္ကို အခုလို ျဖစ္မွာ အကုန္လုံးက အရမ္းစိုးရိမ္ေနၾကတာပါ။ ျဖစ္သြားေတာ့ ကြၽန္ေတာ္ လုပ္ေပးႏိုင္တာကို ကြၽန္ေတာ္လုပ္ေပးတယ္။ ကြၽန္ေတာ္လည္း သံမဏိလူသား မဟုတ္ေတာ့ ကူးရင္ ကူးႏိုင္ပါတယ္။ အခုေတာင္ ကူးေနေလာက္ပါၿပီ။ကြၽန္ေတာ္္လည္း လူသားပဲေလ စိုးရိမ္စိတ္ေတာ့ ရွိတယ္ ဒါေပမယ့္ ကြၽန္ေတာ့္ဆရာအတြက္ ပိုစိုးရိမ္မိတယ္ဒါေၾကာင့္ ကြၽန္ေတာ္လည္း အားေတြ အမ်ားႀကီးေမြးထားတယ္၊ အစားေတြလည္း စားတယ္။ ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္အတိုင္းလုပ္ေနတာပါ။ ေပၚျပဴလာျဖစ္ခ်င္လို႔လည္း မဟုတ္ဘူး၊ ဘာရည္႐ြယ္ခ်က္မွလည္း မရွိဘူး။ အဲဒီအတြက္ ေဖ့စ္ဘြတ္ေပၚမွာလည္း ဘာတစ္ခုမွ မတင္ပါဘူး” လို႔ သူကေျပာပါတယ္။

သ႐ုပ္ေဆာင္ ထြန္းကိုကို က ကိုဗစ္ေရာဂါပိုး ကူးစက္ခံလိုက္ရတဲ့ နာေရးကူညီမႈအသင္း ဥကၠဌ ဦးေက်ာ္သူ ကို ျပဳစု ေစာင့္ေရွာက္ေပးေနတာကို ေတြ႕ရပါတယ္။ သူ႔ အေနနဲ႔ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ မဟုတ္ေပမယ့္လည္း ဦးေက်ာ္သူအတြက္ စိုးရိမ္ၿပီး ေဝဘာဂီေဆး႐ုံအထိ လိုက္ကာျပဳစုေစာင့္ေရွာက္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့တာပါလို႔ သူက ဆိုပါတယ္။

“ ကြၽန္ေတာ္တို႔ နာေရးကူညီမႈအသင္းက ျပန္ၾကားေရးက တစ္ေယာက္စီမွာ ပိုးေတြ႕ေတာ့ ဦးေမာင္က ထိေတြ႕အေနနဲ႔ ပါသြားတယ္။ အဲဒီေနာက္ပိုင္း ဦးေမာင္က Home Stay ေနရတယ္။အဲဒီတုန္းက ဦးေမာင္ အားမငယ္နဲ႔ တစ္ခုခုျဖစ္ရင္ သားပါလိုက္ဝင္မယ္ ဆိုၿပီး ေျပာခဲ့တာပါ။ တကယ္ စစ္တဲ့ေန႔မွာ ဦးေမာင္အျပင္ ေနာက္ထပ္ အသင္းက (၂) ေယာက္ပါ Positive ျဖစ္တဲ့အတြက္ ဦးေမာင္ကေတာ့ ေရာဂါအခံရွိသူျဖစ္တာေၾကာင့္ ေဝဘာဂီမွာဆိုရင္ ပိုအဆင္ေျပႏိုင္တယ္ ဆိုၿပီးေတာ့ ေဝဘာဂီမွာ ဝင္တယ္။ က်န္တဲ့ ႏွစ္ေယာက္ကို ဦးေမာင္နဲ႔ အတူတူ လိုက္မယ္ ထင္တာ သူတို႔က တျခား ေနရာမွာ သြားဝင္ၾကတာ ဆိုေတာ့ ဦးေမာင္ တစ္ေယာက္တည္းျဖစ္သြားတယ္။ ကြၽန္ေတာ္ကလည္း အစကတည္းက ဦးေမာင္ တစ္ခုခုဆိုရင္ ကြၽန္ေတာ္ လိုက္မယ္လို႔ ေျပာထားေတာ့ လူနာေစာင့္အေနနဲ႔ လိုက္ဝင္လို႔ ရတဲ့ အတြက္ ခံဝန္လက္မွတ္ ထိုးၿပီးေတာ့ ကြၽန္ေတာ္ လိုက္ဝင္ခဲ့ပါတယ္။ ဦးေမာင္ အတြက္ ေဆးယူေပးတာ၊ စားစရာယူတာ၊ ဓာတ္မွန္႐ိုက္တာကအစ ကြၽန္ေတာ္ကိုယ္တိုင္ လိုက္လုပ္ေပးျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္။

သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ဦးေက်ာ္သူက တားေပမယ့္လည္း စိတ္ဆုံးျဖတ္ခ်က္ ျပင္းျပတဲ့သူတစ္ေယာက္ျဖစ္လို႔ ဦးေက်ာ္သူေနာက္ကို ဇြတ္လိုက္ခဲ့တယ္လို႔လည္း အင္တာဗ်ဴးရင္း ေျပာခဲ့တာပါ။လက္ရွိမွာ ဦးေက်ာ္သူနဲ႔အတူ ေဝဘာဂီေဆး႐ုံႀကီးမွာေနေနရတဲ့ ထြန္းကိုကို အတြက္ မိသားစုဝင္ေတြနဲ႔ ပရိသတ္ေတြကလည္း စိတ္ပူလို႔ ေနၾကပါတယ္။ဒါေပမယ့္လည္း ထြန္းကိုကိုကပရိသတ္ေတြ စိတ္မပူဖို႔ကိုလည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။

“ မိသားစုကေတာ့ စိတ္ပူတာေပါ့ေနာ္။ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္က ဘယ္သူ႔ဆီကမွ ခြင့္ျပဳခ်က္ မေတာင္းပဲ သြားခဲ့တာပါ။ ကိုယ့္ဘာသာကိုယ္ ဆုံးျဖတ္ခ်က္ ခ်လိုက္တာေပါ့။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ့္အတြက္ Swab ယူတာေတြ ဘာညာေတာ့ မလုပ္ရေသးပါဘူး။ ဒီရက္ပိုင္းမွာ Swab လုပ္ဖို႔ေတာ့ ေျပာထားပါတယ္။ တစ္ခုခုျဖစ္ရင္ ေဆးေတြ ဘာေတြ ေသာက္လို႔ရေအာင္ ႀကိဳတင္ျပင္ဆင္ပါတယ္။ ဦးေမာင္ရဲ႕ က်န္းမာေရး အေျခအေနက ေကာင္းပါတယ္။ ဦးေမာင္ ကိုယ္တိုင္ကိုယ္က ကိုယ့္ကိုယ္ကိုယ္ေတာင္ ရိပ္သာနဲ႔ မွားလာသလားလို႔ေတာင္ ေျပာၿပီး ရယ္ေနရေသးတယ္။ ေရာဂါ လကၡဏာ တစ္ခုမွ မျပလို႔ပါ။ ကြၽန္ေတာ္လည္း က်န္းမာေရးေကာင္းတယ္။ ႏွာေလး နည္းနည္း မႊန္တာက လြဲလို႔ က်န္တာ အေကာင္းပဲ။ ဦးေမာင္က ကြၽန္ေတာ့္ရဲ႕ ဆရာသမားလည္းျဖစ္တယ္၊ ဦးေမာင္ကို အခုလို ျဖစ္မွာ အကုန္လုံးက အရမ္းစိုးရိမ္ေနၾကတာပါ။ ျဖစ္သြားေတာ့ ကြၽန္ေတာ္ လုပ္ေပးႏိုင္တာကို ကြၽန္ေတာ္လုပ္ေပးတယ္။ ကြၽန္ေတာ္လည္း သံမဏိလူသား မဟုတ္ေတာ့ ကူးရင္ ကူးႏိုင္ပါတယ္။ အခုေတာင္ ကူးေနေလာက္ပါၿပီ။ကြၽန္ေတာ္္လည္း လူသားပဲေလ စိုးရိမ္စိတ္ေတာ့ ရွိတယ္ ဒါေပမယ့္ ကြၽန္ေတာ့္ဆရာအတြက္ ပိုစိုးရိမ္မိတယ္ဒါေၾကာင့္ ကြၽန္ေတာ္လည္း အားေတြ အမ်ားႀကီးေမြးထားတယ္၊ အစားေတြလည္း စားတယ္။ ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္အတိုင္းလုပ္ေနတာပါ။ ေပၚျပဴလာျဖစ္ခ်င္လို႔လည္း မဟုတ္ဘူး၊ ဘာရည္႐ြယ္ခ်က္မွလည္း မရွိဘူး။ အဲဒီအတြက္ ေဖ့စ္ဘြတ္ေပၚမွာလည္း ဘာတစ္ခုမွ မတင္ပါဘူး” လို႔ သူကဆက္လက္ ေျဖဆိုခဲ့ပါတယ္။

ဦးေက်ာ္သူကေတာ့ ႏွလုံး ခြဲစိတ္ထားသူျဖစ္ၿပီး ဆီးခ်ိဳေရာဂါ အခံရွိသူျဖစ္တာေၾကာင့္ အခုလို Covid ေရာဂါပိုး ကူးစက္ခံလိုက္ရတဲ့ အခ်ိန္မွာ သူ႔ရဲ႕ မိသားစုဝင္ေတြ၊ နာေရးကူညီမႈ အသင္းသားေတြနဲ႔ ပရိသတ္ေတြက စိတ္ပူလွ်က္ရွိပါတယ္။ လက္ရွိမွာေတာ့ ေဝဘာဂီေဆး႐ုံမွာ Quarantine ဝင္ေနတာျဖစ္ၿပီး ထြန္းကိုကို က ဦးေက်ာ္သူရဲ႕ က်န္းမာေရး အေျခအေန ျပန္ေကာင္းလာႏိုင္ဖို႔အတြက္ ျပဳစု ေစာင့္ေရွာက္ေပးေနတာကို ေတြ႕ရပါတယ္။ ထြန္းကိုကို ကလည္း Covid ကာလအတြင္း နာေရးကူညီမႈအသင္းကေနတဆင့္ ဈာပန လုပ္ငန္းေတြ၊ ပရဟိတလုပ္ငန္းေတြကို ႀကိဳးႀကိဳးစားစား လုပ္ကိုင္ေပးေနသူျဖစ္ပါတယ္။

Credit Duwnn

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X