Celebrity News

မဆုံးခင် ရက်ပိုင်းအလိုက ဆေးရုံ ပေါ် မှာပဲ သီချင်းသစ် တစ်ပုဒ်ကို ဖုန်းနဲ့ အသံသွင်းခဲ့ပြီး ပရိသတ်တွေ အတွက် ချန်ရစ်ခဲ့တဲ့ မီးမီးခဲ

Unicode

မဆုံးခင် ရက်ပိုင်းအလိုက ဆေးရုံ ပေါ် မှာပဲ သီချင်းသစ် တစ်ပုဒ်ကို ဖုန်းနဲ့ အသံသွင်းခဲ့ပြီး ပရိသတ်တွေ အတွက် ချန်ရစ်ခဲ့တဲ့ မီးမီးခဲ
ဂီတမှူး၊ တေးရေးဆရာ စောဘွဲ့မှူးရဲ့ သမီးဖြစ်သူ မီးမီးခဲကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းပြီး သီချင်းတွေ သီဆိုခဲ့ရာ ဂီတလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက မီးမီးခဲက အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ ကင်ဆာရောဂါ အခံကြောင့် ဆေးရုံပေါ်မှာ ဆေးကုသမှု ခံယူနေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ဂီတကို ဝါသနာကြီးသူ တစ်ယောက်ပီပီ မကွယ်လွန်မီ ရက်ပိုင်း အလိုက ဆေးရုံပေါ်မှာပဲ သီချင်းသစ် တစ်ပုဒ်ကို ဖုန်းလေးနဲ့ အသံသွင်းခဲ့တယ်လို့ သိရပါတယ်။

“မီးခဲ… မဆုံးခင် ရက်ပိုင်း အလိုမှာ ဆရာဒေါမနစ် ဆီက သီချင်းလေးတစ်ပုဒ် တောင်းခဲ့ပြီး ကျွန်တော့်ကို စီစဉ်ပေးဖို့ ပြောခဲ့လို့ Mung Pi ကို တီးခိုင်းပြီး ပြန်ပို့ပေးခဲ့တယ်။ သူအိမ်ပြန်ရောက်တဲ့ခါ သေချာဆိုမယ်ဆိုပြီး စီစဉ်ထားပေမယ့် ရောဂါပိုဆိုးလာလို့ ဆရာဝန်က အိမ်ပေး မပြန်တော့ဘူး။ ဒါကြောင့် ဖုန်းလေးနဲ့ ဆေးရုံပေါ်မှာ သူအကြမ်းဆိုထားခဲ့တာလေးပဲ ကျန်ခဲ့ပါတယ်။

ကိုအောင်ဒူး ကို Mixing ဆွဲပေးဖို့ ပြောထားပါတယ်။ ဒီသီချင်းလေးက သူ့အတွက် နောက်ဆုံး (နောက်ဆုံး ) ဆိုခဲ့တဲ့ သီချင်းလေးအဖြစ် ကျန်နေခဲ့မှာပါ။ အားလုံး ပြီးတဲ့အခါ သူ့အမျိုးသား Brice သူဆန္ဒ ရှိသလို ထုတ်လွှင့်ဖို့ ပြန်ပို့ပေးသွားပါမယ်…” ဆိုပြီး တေးရေးစံပီးက ပြောထားပါတယ်။

မီးမီးခဲကတော့ မကွယ်လွန်ခင် အချိန်လေးမှာတော့ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်ကို ကြိုးစားပြီး အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ အမျိုးသားကသာ သီချင်းကို ထုတ်လုပ်ဖို့ ဆန္ဒရှိမယ် ဆိုရင် ဒီသီချင်းလေးကို ပရိသတ်တွေ နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sangpi’s fb Bilie – Cele Connections

#Credit

Zawgyi

မဆုံးခင္ ရက္ပိုင္းအလိုက ေဆး႐ုံ ေပၚ မွာပဲ သီခ်င္းသစ္ တစ္ပုဒ္ကို ဖုန္းနဲ႔ အသံသြင္းခဲ့ၿပီး ပရိသတ္ေတြ အတြက္ ခ်န္ရစ္ခဲ့တဲ့ မီးမီးခဲ
ဂီတမႉး၊ ေတးေရးဆရာ ေစာဘြဲ႕မႉးရဲ႕ သမီးျဖစ္သူ မီးမီးခဲကေတာ့ ဖခင္ျဖစ္သူရဲ႕ ေျခရာကို နင္းၿပီး သီခ်င္းေတြ သီဆိုခဲ့ရာ ဂီတေလာကမွာ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္ ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာ တစ္ခုက မီးမီးခဲက ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ ကင္ဆာေရာဂါ အခံေၾကာင့္ ေဆး႐ုံေပၚမွာ ေဆးကုသမႈ ခံယူေနရင္းနဲ႔ပဲ ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲက ဂီတကို ဝါသနာႀကီးသူ တစ္ေယာက္ပီပီ မကြယ္လြန္မီ ရက္ပိုင္း အလိုက ေဆး႐ုံေပၚမွာပဲ သီခ်င္းသစ္ တစ္ပုဒ္ကို ဖုန္းေလးနဲ႔ အသံသြင္းခဲ့တယ္လို႔ သိရပါတယ္။

“မီးခဲ… မဆုံးခင္ ရက္ပိုင္း အလိုမွာ ဆရာေဒါမနစ္ ဆီက သီခ်င္းေလးတစ္ပုဒ္ ေတာင္းခဲ့ၿပီး ကြၽန္ေတာ့္ကို စီစဥ္ေပးဖို႔ ေျပာခဲ့လို႔ Mung Pi ကို တီးခိုင္းၿပီး ျပန္ပို႔ေပးခဲ့တယ္။ သူအိမ္ျပန္ေရာက္တဲ့ခါ ေသခ်ာဆိုမယ္ဆိုၿပီး စီစဥ္ထားေပမယ့္ ေရာဂါပိုဆိုးလာလို႔ ဆရာဝန္က အိမ္ေပး မျပန္ေတာ့ဘူး။ ဒါေၾကာင့္ ဖုန္းေလးနဲ႔ ေဆး႐ုံေပၚမွာ သူအၾကမ္းဆိုထားခဲ့တာေလးပဲ က်န္ခဲ့ပါတယ္။

ကိုေအာင္ဒူး ကို Mixing ဆြဲေပးဖို႔ ေျပာထားပါတယ္။ ဒီသီခ်င္းေလးက သူ႔အတြက္ ေနာက္ဆုံး (ေနာက္ဆုံး ) ဆိုခဲ့တဲ့ သီခ်င္းေလးအျဖစ္ က်န္ေနခဲ့မွာပါ။ အားလုံး ၿပီးတဲ့အခါ သူ႔အမ်ိဳးသား Brice သူဆႏၵ ရွိသလို ထုတ္လႊင့္ဖို႔ ျပန္ပို႔ေပးသြားပါမယ္…” ဆိုၿပီး ေတးေရးစံပီးက ေျပာထားပါတယ္။

မီးမီးခဲကေတာ့ မကြယ္လြန္ခင္ အခ်ိန္ေလးမွာေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းတစ္ပုဒ္ကို ႀကိဳးစားၿပီး အသံသြင္းခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲရဲ႕ အမ်ိဳးသားကသာ သီခ်င္းကို ထုတ္လုပ္ဖို႔ ဆႏၵရွိမယ္ ဆိုရင္ ဒီသီခ်င္းေလးကို ပရိသတ္ေတြ နားဆင္ရမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sangpi’s fb Bilie – Cele Connections

#Credit

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X