Celebrity

“စိတ်ကူးတွေထဲမှာ မင်းပဲရှိတယ် ?”လို့ဆိုကာ အမိုက်စားစွဲမက်ဖွက် ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တဲ့ မင်းသမီး‌ချောလေး အိချောပို

ခန္ဒာကိုယ် ဖွံ့ဖြိုးတောင့်တင်းပြီး အရပ်ရှည်ရှည် ညိုစိမ့်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိချောပိုကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲမင်းသမီးတစ်လက် ဖြစ်ပါတယ်။ အမြဲလိုလို ဗိုက်ကလေး ချပ်ကပ်နေကာ ခါးသေးသေးလေးကြောင့် အလှတွေပိုကာ တမူထူးခြားလှနေသူလေးပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ စူစူလို့ ခေါ်ကြပါတယ်။

မင်းသမီးချော အိချောပိုဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံ ရိုက်ကူးနေပြီး အမိုက်စားပုံရိပ်လေးတွေကို အမြဲလိုလို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးလေ့ ရှိပါတယ်။ အခုနောက်ပိုင်းမှာ နက်မှောင်ပြီး ရှည်လျားလာတဲ့ ဆံပင်လေးကြောင့်လည်း သူမရဲ့ အလှတွေဟာ ပိုပေါ်လွင်ခဲ့တာပါ။

ခုတစ်ခါမှာတော့ စူစူက “စိတ်ကူးတွေထဲမှာ မင်းပဲရှိတယ် ?”လို့ဆိုကာ သူမရဲ့ အမိုက်စားစွဲမက်ဖွက် ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ အမြဲလိုလို ကောက်ကြောင်းအလှတွေ ပေါ်လွင်ပြီး လှရက်လွန်းသူ စူစူရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Ei Chaw Po

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X