Uncategorized
ယူနိုက်တက်ကစားသမားတွေဟာ ဆုဖလားစိန်ခေါ်ဖို့ ပြင်းပြတဲ့ ယုံကြည်ချက်မရှိ ကြဖူးဟု ဆိုလိုက်တဲ့ ရွိုင်ကိန်း
UNICODE
ယူနိုက်တက် ကစားသမားတွေဟာ ဆုဖလားကို စိန်ခေါ်ဖို့ ပြင်းပြတဲ့ ယုံကြည်ချက် မရှိ ကြဖူး ဟု ဆိုလိုက်တဲ့ ရွိုင်ကိန်း
ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းနဲ့ ဂိုးမရှိသရေ ရလဒ် ကို ရရှိပြီး‌တဲ့ နောက် မှာတော့ ကစားသမားဟောင်းဖြစ်သူ ရွိုင်ကိန်းက ယူနိုက်တက် အသင်းသား တေ ဟာ ပရီးမီးယား လိဂ် ချန်ပီယံ ဆုကို စိန်ခေါ် ဖို့ သတ္တိမရှိကြ‌သေးဖူး လို့ ဝေ ဖန်သွားခဲ့ပါတယ်။အဆို ပါ အမ်းမရိတ် ကွင်းအတွင်း သွင်းဂိုး မရှိ သရေ ကျ ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းဟာ အခွင့် အရေး ဖန်တီးမှု ပိုင်းတွေပါ အရမ်းအားနည်း ပြီး ယခု ဆိုလျှင် အမှတ်ပေးဇယား ရဲ့ အဆင့် နှစ် နေရာမှာ ရပ် တည် နေပေမယ့် လို့ အဆင့်တစ်က တစ်ပွဲလျော့မန်စီးတီး ထက် 3 မှတ်လျော့ နည်း နေပြီ လည်း ဖြစ်ပါတယ်။ရွိုင်ကိန်းက ယူနိုက်တက် ကစားသမားတွေဟာ ပပ်ဂွာဒီယိုလာရဲ့ အသင်းကို ဖိအားပေးဖို့ စိတိပိုင်းဆိုင်ရာ လိုအပ် ချက်တွေရှိနေတယ် လို့ ခံစားရကြောင်း စကိုင်စပေါ့ သို့ ပြောသွားခဲ့ပါတယ်။ရွိုင်ကိန်းက” ကျနော့် ယူနိုက်တက်ကြောင့် အခုတော့ ခေါင်းကုတ်နေရပါပြီ၊ကျနော် သူတို့ ကို ကြည့်ရတာတော့ သူတို့ဟာ ဒီပွဲကို နိုင်အောင် ကစားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ပျောက် ဆုံးနေကြသလိုပါဘဲ။ဘောလုံးမှာပွဲကို လုံး၀ နိုင်ရမယ်ဆိုတဲ့ အာမခံချက်မျိုးမရှိတာကို ကျ‌နော် နားလည်ပါတယ်။ဒါက မန်ချက်စတာယူနိုက်တက် ပါ။ခင်‌ဗျားကြည့် လိုက်ပါ။အာဆင်နယ်ဟာ လုံး၀ ကစားသမားတစ်ချို့ ကို ဆုံးရှုံးထားတာပါ။၊ ဒီပွဲစဉ်က ပြောစရာတွေဖြစ်ခဲ့ပါတယ်။ယူနိုက်တက် အတွက်ကစားနေတဲ့ ကစားသမားတွေက ချန်ကီယံဆုကို ရနိုင်တယ် ဆိုတဲ့ ယုံကြည် ချက် တွေ ပျောက်ဆုံး နေတယ် ဆိုတဲ့ ပုံရိပ်ကို အထင်းသား မြင်နေရပါတယ်။အကုန်ခြုံပြောရရင် သူတို့မှာ ပြင်းပြတဲ့ စိတ်ဓါတ်ကို မရှိတာပါ။ရှက်ဖီးကို ရှုံးတဲ့ ပွဲကို ကံမကောင်းလို့ လို့ နားလည်ပေးလို့ ရပါတယ်။ကွင်းထဲမှာ ပရိတ်သတ်တွေမရှိလို့ စသဖြင့်ပေါ့။သို့ပေမယ့် ဒီပွဲစဉ်ကတော့ လုံး၀ ပြင်းပြ တဲ့ စိတ် မရှိတာ ပါ။သူတို့ က ဆုဖလားကို ရနိုင်တယ် ဆိုတဲ့ ယုံကြည် မှု မျိုး သူတို့ မှာ လုံး၀ကို မရှိပါဖူး ” ဟု ဆိုသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ မနေ့ည ကအာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ အခွင့် အရေး ဖန်တီးမှု အနည်းငယ်သာ ရှိခဲ့ပြီး ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီး ဆုံး သွားခဲ့တာ လည်း ဖြစ်ပါတယ်။
#MUFF
ZAWGYI
ယူနိုက်တက် ကစားသမားတွေဟာ ဆုဖလားကို စိန်ခေါ်ဖို့ ယုံကြည်ချက် မရှိ ကြဖူး ဟု ဆိုလိုက်တဲ့ ရွိုင်ကိန်း
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X