Uncategorized

အာဆင်နယ် 0-0 မန်ယူနိုက်တက် ပွဲအပြီး ထူးထူးခြားခြား သတိထားမိသော အချက် 3 ချက်

UNICODE

အာဆင်နယ် 0-0 မန်ယူနိုက်တက် ပွဲအပြီး ထူးထူးခြားခြား သတိထားမိသော အချက် 3 ချက်

ယနေ့မနက် 12 နာရီ အချိန်က အာဆင်နယ် အသင်းရဲ့ အမ်းမရိတ်ကွင်း အတွင်း ယှဉ်ပြိုင်ကစားခဲ့ကြသသည့် အာဆင်နယ် နဲ့ ယူနိုက်တက် အသင်းပွဲစဉ်မှာဂိုးမရှိသရေရလဒ်နဲ့ ပြီး ဆုံး သွားခဲ့ ပါတယ်။အဆိုပါ ပွဲစဉ်မှာ ထူးထူး ခြားခြား သတိထားမိခဲ့တဲ့ အချက် 3 ချက်ကို ပရိတသတ်တေ သိရှိနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

နံပါတ်တစ် – ဘစ်စာကာရဲ့ တိုက်စစ်လိုက်ပါမှု။ဘစ်စာကာဆိုရင် ပရိတ်သတ်တေရဲ့ အများအားဖြင့် တိုက်စစ်လိုက် ပါမှု အားနည်းတယ် ဆိုကာ အမြဲ ဝေဖန်မှုကို ခံရသူ လည်းဖြစ်ပါတယ်။သို့ပေမယ့် လို့ အထူးသဖြင့် ယနေ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘစ်စာကာရဲ့ တိုက်စစ် လိုက်ပါမှု ကို လူတိုင်း မြင်ခဲ့ရမှာပါ။ကာဗာနီ က တိုက်စစ် မှုးလား ဘစ်စာကာ က တိုက်စစ်မှုးလားလို့ အမြင်မှား ရလောက်အောင် ဘစ်စာကာ တစ်ယောက် ဂိုးဧရိယာ အတွင်းကို ရောက် ရှိနေတာဖြစ်ပြီး ရက်ဖို့က ညာနောက်ခံနေရာ ကစားနေရသလားပါဘဲ။ဆိုတော့ ဒါဟာ နည်းစနစ် ကြောင့် လား ဘစ်စာကာ ရဲ့ တိုင်ပင် လွဲမှား မှု ကြောင့် လားဆိုတာ ကတော့ ကစားသမား ကိုယ်တိုင်မှု တစ်ပါးမသိနိုင်ပါ။တကယ်လို့ ဒါသာ နည်းစနစ် ပိုင်း အရ သာ ဆိုရင်တော့……… ။

နံပါတ် နှစ်- ရုန်းကန်နေရဆဲဖြစ်တြဲ မန်ချက်စတာရဲ့ ညာခြမ်း။ရုန်းကန်နေရတာထက် သေနေတာ လို့ ပြောရင်တောင် မှားမယ် မထင်ပါဖူး။ ဘယ်တောင်ပံမှာ ခြေမြူးတဲ့ ရက်ဖို့ ကို ညာတောင်ပံ မှာ သွားကစားစေတဲ့ နည်းပြရဲ့ အတွေးကလည်း တစ်ကယ့်ကို ရူးလောက်စရာ အတွေး အခေါ် ဖြစ်ပြီး သူဘာတွေးလည်း ဆိုတာ တော့ သူကိုယ်‌တိုင်ဘဲ သိမှာဘဲဗျာ။ယူနိုက်တက် အနေနဲ့ ဆုဖလား လိုခြင်တယ် ဆိုရငိတော့ မဖြစိမနေ ညာတောင်ပံ ကစားသမား တစ်ယောက် ကို ခေါ်ယူ ရမယ် လို့ မြင်မိပြီး ကမ္ဘာ့အဆင့် မဟုတ်ခဲ့ရငိတောင် အလယ်အလတ် အဆင့် ကစားသမား တစ်ယောက် လောက်ကို တော့ ခေါ်ယူ သင့်တာလည်း ဖြစ်ပါတယ်။

နံပါတ်သုံး- ပျောက်ဆုံး သွားသော ဖာနန်ဒက်၊ယူနိုက်တက် ပရိတ်သတ်တစ်ယောက် အနေနဲ့ အမှန်တရားကို ၀န်ခံရကြေးဆိုရင် ကျနော်တို့ ရဲ့ ဘရူနိုဖာနန်ဒက်ဟာ ခြေစွမ်း အတော်လေး ကို ကျဆင်းသွားတာ အတော်လေးကို ကြာနေပြီ ဖြစ်ပါတယ်။ဒါဟာ အမှန်တရားဖြစိပြီး တော့ နောက်ပိုင်း 5 ပွဲလောက်မှာ ဖာနန်ဒက်ဟာ ခြေစွမ်းက ရောက်ခါစက လို မဟုတ်တော့တာ ကတော့ အမြဲတစ်စေစောင့်ကြည့်တတ်တဲ့ ပရိတ်သတ် တစ်ယောက် အနေနဲ့ နားမနာ တမ်း ၀န်ခံရမှာလည်း ဖြစ်ပါတယ်။ပွဲပန်းနေရာကနေ ဘရူနိုတစ်ယောက်ခြေစွမ်းလုံး၀ ကျဆင်းသွားတာဖြစ်လို့ ဒါဟာ ယာယီ ဖြစ်ပါစေလို့ သာ ဆုတောင်းမိပါတယ်။
ကဲ ဘာပဲပြောပြောပါ ယနေ့ပွဲစဉ် အတွက် ခင်ဗျားတို့ အမြင်တေကို လည်းမျှဝေပေးသွားကြပါဦး‌ဗျာ။
#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X