Sport

ယူနိုက်တက်ကြယ်ပွင့်ဟာ လိဂ်ရဲ့ အကောင်းဆုံးကစားသမား လို့ ချီးကျူးသွားတဲ့ အာတီတာ

UNICODE

ယူနိုက်တက်ကြယ်ပွင့်ဟာ လိဂ်ရဲ့ အကောင်းဆုံးကစားသမား လို့ ချီးကျူးသွားတဲ့ အာတီတာ

အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ် သူ မီခေး အာတီတာ က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကြယ် ပွင့် ကစားသမား ဖြစ်သူ ဘရူနိုဖာနန်ဒက်ဟာ ပရီးမီးယားလိဂ်ကို ရောက် ရှိလာသည့် အချိန်မှ စ၍ အချိန်‌တော်တော် များများမှာ ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံးသော ကစားသမား ဖြစ် ကြောင်းကို သက်သေ ပြခဲ့ပြီး ဖြစ်ကြောင်း ထုတ်ဖေါ် ချီးကျူး သွားခဲ့ပါတယ်။စပို့တင်းလစ်စ္စဘွန်း အသင်းက နေ ပြီးခဲ့ တဲ့ ဇန်နဝါရီ လက ပြောင်းရွှေ့လာ ခဲ့သူ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက် ဟာ အိုးထရက်ဖိုဒ်ကို ရောက်ရှိလာ သည့် အချိန်မှ စပြီး ပြီးခဲ့တဲ့ ရာသီ၀က်ဆိုတဲ့ ကာလ မှာ ၁၂ ဂိုး အထိ သွင်းယူပြီး ပရီးမီးယား လိဂ်မှာ ၎င်းရဲ့ အရည်အသွေးကို ချ‌ပြ ခဲ့ သူ လည်း ဖြစ်ပါတယ်။

မနက်ဖြန်ညအာဆင်နယ်နဲ့ယူနိုက်တက် ပွဲမတိုင်ခင် ပရိတ်သတ်တေမဖြစ်မနေသိထားသင့်သောအချက်၅ချက်

အသက် ၂၆ နှစ် အရွယ် အဆို ပါ ပေါ်တူဂီ ကွင်းလယ်လူဟာ လက် ရှိရာသီ မှာ လည်း ခြေစွမ်းကောင်းတွေ ကို ဆက်လက် ပြသ ထားနိုင်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၆ ဂိုး ထိ သွင်းယူကာ ၉ ကြိမ်အထိ ဂိုးဖန်တီးမှု ပြူလုပ်ထားတာလည်း ဖြစ်ပါတယ်။အာဆင်နယ်နည်းပြ ဖြစ်သူ အာတီတာက ဖာနန်ဒက် နဲ့ ပါတ်သတ်ပြီး ” မင်း အနေနဲ့ အချက်အလက် တွေကို ကြည့်လိုက်ရင် ဖာနန်ဒက် တစ်ယောက် ယူနိုက်တက် အသင်းအပေါ် ဘယ် လောက် အထိ အထောက်အကူ ပြုနိုင်တယ် ဆိုတာ ကို မင်း သိနိုင်မှာပါ။သူဟာ ဒီလိဂ်ရဲ့ အချိန်တော်တော်များများမှာ အကောင်းဆုံး ကစားသမား ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ ကို သူက ဒရမ်မာဆန်ဆန် သက်သေပြ ခဲ့ပြီး ပါပြီ။ ဒါဟာ မေးခွန်းတစ်ခု အဖြစ် မေး နေစရာတောင် မလို အပ်ပါဖူး။” ဟု ပြော ဆိုသွားခဲ့ပါတယ်။အာတီတာရဲ့ အာဆင်နယ် အသင်းဟာ လာမယ့် စနေနေ့ည ၁၂ နာရီ တိတိ အချိန်မှာ ယူနိုက်တက် အသင်းကို ၎င်းတို့ ရဲ့ အိမ်ကွင်း အမ်းမရိတ်စတေရီရမ် မှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ၎င်းတို့ ရဲ့ ကပ္ပတိန်တစ်ဖြစ်လည်း အဓိက တိုက်စစ် ကစားသမား ဖြစ်သူ အူဘာမီးယန်းမှာ လွဲချော်ဖွယ် ရှိနေကြောင်း ကို လည်း အာတီတာ က ကြေ ငြာသွားခဲ့ပါတယ်။  အာဆင်နယ်- မန်ယူနိုက်တက် (ပွဲချိန်- စနေနေ့ည ၁၂ နာရီ ) ကွင်း- အမ်းမရိတ်စတေရီရမ်၊ ဒိုင်လူကြီး – မိုက်ယ် အိုလီဗာ
#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X