Sport

တကယ်လို့ VAR သာမရှိခဲ့ရင် ဒီရာသီမှာ ယူနိုက်တက် တို့ အဆင့် ဘယ်လောက်မှာ ရပ်တည်နေမလဲ

UNICODE

VAR ဆိုတဲ့ နည်းပညာ ဟာ လကိရှိမှာ ပရီးမီးယားလိဂ်တွင်သာ မက ဘဲ ဥရောပ လိဂ် အသီးသီးမှာ တရား၀င် အသုံးပြုနေတဲ့ နည်းပညာ တစ်ခု ဖြစ်နေပြီးတော့
VAR ကြောင့် အကျိုးအမြတ်ရရှိခဲ့တဲ့ အသင်းတေ ရှိသလို VAR ကြောင့် ဘဲ နစ်နာခဲ့ရတဲ့ အသင်းတွေလည်းများစွာ ရှိနေတာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ VAR ကို အသုံးပြုခြင်းကို ထောက် ခံသူ တစ်ချို့ ရှိကြသလို တစ်ချို့ကလည်း အပြင်း အထန် ကန့်ကွက်ကျပြီး ဒီစနစ်ကို လက်ရှိအချိန်မှာတော့ ဖယ်ရှားသွားရန် အစီ စဉ်မှာ ဖြစ်မလာနိုင်ဘဲ ယခုထက် ပိုကောင်းတဲ့ နည်းပညာ မျိုး ပေါ်ပေါက် လာမှ သာ ယခု လက်ရှိအ သုံး ပြု နေတဲ့VAR နည်း ပညာ ဟာ ဘေးသို့ ရောက် သွားဖွယ်ရှိ နေပါသည်။လက်ရှိ မော်ဒန် ဘောလုံးလောက မှာ ပွဲစဉ်တစ်ပွဲမှာ ဘောလုံး အသင်းတွေ ကို ကိုင်တွယ်ကြီး ကြပ် ရ တဲ့ ဒိုင်လူကြီး တွေရဲ့ အမှားကို တတ်နိုင်မျှ လျော့ချ ရန် ကြံရွယ် ပြီး အသုံး ပြူနေတဲ့ VAR နည်း ပညာ ဟာ လက်ရှိ မှာ အမှားတေ ကို မကြာခဏ ဆိုသလို ပြုလုပ်နေတာ ကြောင့် ဝေဖန်ခံနေ ရတာ လည်း ဖြစ် ပါတယ်။

တစ်ချို့က လက်ရှိ ဘောလုံးလောက ရဲ့ ရသ ပေးစွမ်း နိုင်မှု ဟာ VAR ကြောင့် လျော့ ရွင်းလာ ခဲ့တယ် လို့ သတ် မှတ် နေ ကြ သ လို တစ် ချို့ က လည်း VAR ကြောင့် ဘော လုံး ပွဲစဉ် တွေ ဟာ ပိုမို ရသ ပေး စွမ်းလာ တာ လို့ လည်း ယုံ ကြည် နေကြ သူ တွေ ရှိနေ တာ ဖြစ်ပါတယ်။ဒီ ကိစ္စ များ နဲ့ ဆက် လျဉ်းပြီး Givemesport အားကစား သတင်းဌာန က VAR သာ မရှိခဲ့ လျင် လက်ရှိ ပရီးမီးယား လိဂ် ပွဲစဉ်ဇယား ရပ် တည်မှု ဟာ မည်သို့ ဖြစ်နေ မည် ဆို တာ ကို တင် ဆက် ပေး သွားခဲ့ ပါတယ်။

အကယ်၍ VAR သာ မရှိခဲ့ ရင် မန်စီးတီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ရမှတ် ၃၈ မှတ် စီ ဖြင့် အစဉ်လိုက် ဦးဆောင်နေကြ မှာ ဖြစ်ပြီး စိတ်၀င်စားစရာ Title Race ကို မြင်တွေ့နေရမှာလည်း ဖြစ်ပါတယ်။ လက် ရှိ အချိန် အထိ ယူနိုက်တက် ဟာ VAR ကြောင့် ရမှတ် နှစ် မှတ်ပို မို ရရှိ ထားပြီး ဘရိုက်တန် နဲ့ ပွဲက ပွဲပြီး ချိန်မှာ ရရှိခဲ့ တဲ့ ပင်နယ် တီ ဘဲ ဖြစ်ပါတယ်။ဒီရာသီမှာ VAR ကြောင့် ရမှတ်တွေ ပိုရနေတဲ့ အသင်းတွေ အဖြစိ လက်စတာ၊ ဝက်ဟမ်းနဲ့ အဲဗာတန်တို့ က ရပ်တည် နေပြီး လက်စတာဟာ VAR ကြောင့် မဟုတ်ခဲ့ရင် လက်ရှိ ရမှတ်ထက် ၄ မှတ် လျော့နည်းမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X