Sport
အာဆင်နယ်ကို တော့ လုံး၀ အနိုင်ကစားရမယ်လို့ ကြုံးဝါးသွားခဲ့တဲ့ မက်ဂွားယာ
UNICODE
အာဆင်နယ်ကို တော့ လုံး၀ အနိုင်ကစားမယ်လို့ ကြုံးဝါးသွားခဲ့တဲ့ မက်ဂွားယာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ရှက်ဖီး ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ ပါတယ် ။ အဆိုပါ ရှုံးပွဲကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 2 နေရာကို ရောက်သွားခဲ့ ပါတယ် ။တစ်ကယ်တမ်း မှာတော့ ပွဲစဉ် 20 မစမီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားကို ဦးဆောင် နေတဲ့ အသင်း ဖြစ်ခဲ့ပြီး ရှက်ဖီး ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား အောက်ဆုံး နေရာမှာ ရပ်တည်တဲ့ အသင်း ဖြစ်နေတဲ့ အတွက် အိမ်ရှင်တို့ ဒီပွဲကို အလွယ်တကူ အနိုင် ကစားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံ ခဲ့ရ ပါတယ် ။ဒါပေမယ့် ဇန်နဝါရီလ ရောက်မှ ဒီရာသီရဲ့ ပထမဆုံး နိုင်ပွဲကို နယူးကာဆယ် နဲ့ ကစားရင်း ရရှိခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် အသင်းဟာ ကောင်းမွန်တဲ့ စိတ်ဓါတ် ၊ ကစားဟန် တွေနဲ့ အတူ ယူနိုက်တက် တို့ကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်သွားအောင် လုပ်ဆောင် ပေးခဲ့ပြီး နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီးမှာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က အသင်းသား တွေဟာ စိတ်ပျက်ဖွယ် ရှုံးပွဲ အပြီးမှာ စိတ်ပိုင်း ဆိုင်ရာ ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ ကြကြောင်း ၊ အဝတ်လဲခန်း ထဲမှာ သူတို့ အားလုံးဟာ တိတ်ဆိတ် နေခဲ့ကြောင်း ကိုပါ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။ယူနိုက်တက် တို့ဟာ နောက်တစ်ပါတ် မှာတော့ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားသွား ရဖို့ ရှိနေ ပါတယ် ။ ဒီအတွက် မက်ဂွားယားက နောက်တစ်ပါတ် အကောင်းဆုံး ပြန်လာဖို့ အားလုံးပဲ ကြိုးစား အားထုတ် သွားမှာ ဖြစ်ကြောင်း ပြိုင်ဖက် အသင်းကို ကြိုတင် သတိပေး သွားခဲ့လိုက် ပါတယ် ။
မနက်ဖြန်ညအာဆင်နယ်နဲ့ယူနိုက်တက် ပွဲမတိုင်ခင် ပရိတ်သတ်တေမဖြစ်မနေသိထားသင့်သောအချက်၅ချက်
” ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ကြ ပါတယ် ။ ကျွန်တော် တို့တွေ အမြန်ဆုံး ပြန်လာ နိုင်ဖို့ လိုအပ်လှ ပါတယ် ။ ရှုံးပွဲ တစ်ပွဲကို ကြုံတွေ့လိုက် ရတဲ့ အချိန်တွေမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်လည် တက်လှမ်းဖို့ ၊ နောက်တစ်ပွဲ ကစားရဖို့ အတွက် စောင့်ဆိုင်း ရတာလောက် ပိုဆိုးတာ ဘာမှ မရှိ ပါဘူး ”” ကျွန်တော် ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကောင်လေး တွေဟာ ဖွတ်ဖွတ်ညပ်ညပ် ကြေခဲ့ကြ ပါတယ် ။ အဝတ်လဲခန်းကလည်း လုံးဝ တိတ်ဆိတ် နေခဲ့ ပါတယ် ။ ကောင်လေးတွေ အားလုံး စိတ်မကျေမနပ် ဖြစ်ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ ဒီလို ရလဒ် ထွက်လာဖို့ မမျှော်လင့်ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ဟာ ကွင်းထဲ ယုံကြည်မှု အပြည့်နဲ့ ရောက်လာခဲ့ ကြတယ်လေ ”
” ကျွန်တော်တို့ကို ကျွန်တော်တို့ မြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ် ။ အခုတော့ ကျွန်တော်တို့ စိတ်မကျေမနပ် ဖြစ်နေကြ ပါပြီ ။ ဒါဟာ အရမ်းကို နာကျင်စေပါတယ် ။ ဒါပေမယ့် စနေနေ့က ပွဲစဉ်ဟာ ပွဲကြီးပွဲကောင်းပါ ။ ကျွန်တော်တို့ အကောင်းဆုံး ပြန်လာပြီး အ နိုင်ရဖို့ ကြိုးစားကြမှာပါ ”” ဘောလုံး ပွဲစဉ်တွေကို အနိုင် ကစားနေမယ် ၊ ကွင်းထဲမှာ ကောင်းကောင်း ကစားပြ နေမယ် ဆိုရင် အရာရာတိုင်းက ကောင်းမွန် လွယ်ကူ နေပါလိမ့်မယ် ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ တွေဟာ ထိုင်ရာကထပြီး အကောင်းဆုံး ရှေ့ဆက် နိုင်ဖို့ လုပ်ဆောင်ရပါ တော့မယ် ။ စနေနေ့က ပွဲကြီးပွဲကောင်းပါ ၊ ကျွန်တော်တို့ သုံးမှတ် ရအောင်လို့ ကြိုးစား ရပါ လိမ့်မယ် ” လို့ မက်ဂွားယား က ပြောကြား သွားခဲ့လိုက် ပါတယ် ။
#credit Sports_Myanmar
ZAWGYI
အာဆင်နယ်ကို တော့ လုံးဝ အနိုင်ကစားမယ်လို့ ကြုံးဝါးသွားခဲ့တဲ့ မက်ဂွားယား
#credit Sports_Myanmar
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X