Sport
မနက်ဖြန်ညအာဆင်နယ်နဲ့ယူနိုက်တက် ပွဲမတိုင်ခင် ပရိတ်သတ်တေမဖြစ်မနေသိထားသင့်သောအချက်၅ချက်
UNICODE
မနက်ဖြန်ညအာဆင်နယ်နဲ့ယူနိုက်တက် ပွဲမတိုင်ခင် ပရိတ်သတ်တေမဖြစ်မနေသိထားသင့်သောအချက်၅ချက်
ပြီးခဲ့တဲ့ နေ့က ရှက်ဖီးယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အရှက်မရှိ ရှုံးနိမ့်ထားခဲ့ရတဲ့ ကျနော်တို့ ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် မနက်ဖြန်ည(စနေနေ့ည၁၂ နာရီတိတိ )အချိန်မှာတော့ ကြာညောင်းလှခဲ့သော တစ်ချိန်က အမှတ်ပေးချန်ပီယံဆုအတွက် မဟာ ပြိုင်ဘက်ဖြစ်ခဲ့ဖူးသူ ယခု အချိန်မှာ တော့ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ တည်ကြည်အေးဆေးစွာ ရပ်တည်နေတဲ့ တော်၀င်ရွှေဖလားပိုင်ရှင် အာဆင်နယ် အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စတေရီရမ် ကွင်း အတွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားကြရမှာလည်းဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ ယူနိုက်တက်အသင်းအတွက် ထပ်မံအမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်နေသလို နောက်ပိုင်း ‌ခြေစွမ်းပြန်လည်တည်ငြိမ်လာခဲ့တဲ့ အာဆင်နယ် အသင်းအတွက် လည်း မဖြစ်မနေ အရေးပါနေတဲ့ ပွဲစဉ်တစ် ပွဲဖြစ်တာ မို့ အဆိုပါ ပွဲစဉ် မတိုင်ခင် ယူနိုက်တက် ပရိတ်သတ်တေ သိထားသင့်တဲ့ အချက် ၅ ချက်ကို ဖေါ် ပြပေးလိုက်ကပါတယ် ခင်ဗျာ။
နံပါတ်တစ်- အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တွေ့ဆုံ သည့် နောက်ဆုံး နှစ်ပွဲဆက်ကို ပေးဂိုးမဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီးနောက်ဆုံး အကြိမ်သုံးပွဲဆက် ယူနိုက်တက်ကို အနိုင်ရရှိဖူးခဲ့ သည်မှာ လွန်ခဲ့သော ၁၉၉၈ ခုနှစ် စက်တင်ဘာလအတွင်း အာဆင်၀င်းဂါးရဲ့ လက်အောက် တွင် ရှိနေခဲ့စဉ် ကဖြစ်ကြောင်း သိရပါသည်။
နံပါတ် နှစ် – မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ အာဆင်နယ် အသင်းနဲ့ တွေ့ဆုံသည့် နောက်ဆုံး ၄ ကြိမ်စလုံးမှာ တစ်ပွဲမှ အနိုင်ရရှိထားခြင်းမရှိဘဲ ၃ ပွဲရှုံးကာ တစ်ပွဲသရေ ရလဒ်ကို ရရှိထားခဲ့ပါသည်။ဒါ့အပြင် အိုလီဂန်းနားဆိုလ်းရှား ဟာ ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့သည့် အချိန်မှ စပြီး တော့ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို လုံး၀ အနိုင် ရလဒ် မရရှိသေးပါဖူး။
နံပါတ် သုံး- နံပါတ် သုံးအချက်အနေနဲ့ ကတော့ ကျနော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ်အသင်းကို ‌အဝေးကွင်းမှာ သုံးကြိမ်ဆက် တိုက် ရှုံးနိမ့်ခဲ့သည့် နောက်ဆုံး အကြိမ်မှာ ၁၉၉၁ ခုနှစ်က ဖြစ်ပြီး လက်ရှိတွင် ၂ ကြိမ်ဆက်ရှုံးနိမ့်ထားပြီး ဖြစ်တာကြောင့် ထပ်မံရှုံးနိမ့်မည် ဆိုပါက အဆိုပါ မှတ်တမ်းကို လိုက်မှီသွားမှာလည်း ဖြစ်ပါတယ်။နံပါတ် လေး- အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး အိမ်ကွင်း ၃ ပွဲစလုံးမှာ ပေးဂိုး လုံး၀ မရှိထားပါဖူး။ဂန်းနားတို့ ရဲ့ နောက်ဆုံး အိမ်ကွင်း ၄ ပွဲဆက် ဂိုးမပေးရသည့် စံချိန်မှာ ၂၀၁၉ ခုနှစ် ဧပရယ်လ်အထိ ဖြစ်ပြီး အဆိုပါ အိမ်ကွင်း၄ ပွဲတွင် ယူနိုက်တက် အသင်းကို အနိုင်ရရှိသည့် ပွဲစဉ်လည်း အပါအ၀င်ဖြစ်ပါသည်။နံပါတ် ငါး- အာဆင်နယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တစ်ရာသီ အတွင်း နှစ်ကြိမ်လုံး အနိုင်ရရှိခဲ့သည် မှာ ၃ ကြိမ်သာ ရှိပြီး (၁၉၉၇/၉၈)။ရာသီ၊(၂၀၀၁/၂၀၀၂)ရာသီ နှင့် ၂၀၀၆/၂၀၀၇ ဘောလုံးရာသီ တို့ တွင်ဖြစ်ကြောင်း သိရပါသည်။
#Man U Fan Forever
ZAWGYI
#Man U Fan Forever
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X