Uncategorized
မနေ့ညကခြေစွမ်းဆိုးရွားမှုကြောင့်လူမျိုးရေးခွဲခြားမှု တွေ ပြင်းထန်စွာ ခံနေရတဲ့ယူနိုက်တက် ကစားသမား
UNICODE
မနေ့ညကခြေစွမ်းဆိုးရွားမှုကြောင့်လူမျိုးရေးခွဲခြားမှု တွေ ပြင်းထန်စွာ ခံနေရတဲ့ယူနိုက်တက် ကစားသမား
ယူနိုက်တက်အသင်းရဲ့ လူငယ် ခံစစ်ကစားသမား ဖြစ်သူ အက်ဇဲလ်တွမ်ဇွန်ဘီဟာ မနေ့ညက ခြေစွမ်းဆိုးရွားမှု ကြောင့် ပရိတ်သတ်တစ်ချို့ရဲ့ ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှု တစ်ချို့ကို ခံစားရကာ၎င်းရဲ့ တွစ်တာအကောင့်ကို Delete လုပ်ပြီး အင်စတာဂကမ်မှာ တင်ထားတဲ့ ပိုစ်ကို လည်း ဖြတ်သွားခဲ့ကြောင်း သိရပါသည်။
မနေ့ညက ရှက်ဖီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းမှာ ယူနိုက်တက် လူငယ် ခံစစ်ကစားမားဟာ ပုံမှန်ကစားနေကြ အဲရစ် ဘိုင်လီ အစား ပွဲထွက် ပါ၀င်လာခဲ့ပြီး ခံစစ်မှာ ဆိုးရွားညံ့ဖျင်း တဲ့ ကစားဟန်တေ ကို ပြသသွားခဲ့တာကြောင့် ပရိတ်သတ်တစ်ချို့ က ငြိုငြင် မှု ကို ခံနေရတာလည်း ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ လူငယ် ခံစစ်မှုးဟာ အသင်းရဲ့ ချန်ပီယံ လမ်းကြောင်း အတွက် အမှားမခံရတဲ့ အခြေအနေမျိုးမှာ ရှုံးနိမ့်ခဲ့ခြင်းရဲ့ တရားခံဖြစ်ခဲ့ပြီး နောက်မှာတော့ အွန်လိုင်း အသုံးပြုသူ တစ်ချို့ဟာ တွမ်ဇွန်ဘီ ကို ဦးတည်ပြီး ကစားသမားရဲ့ ပွဲအပြီး အင်စတာဂရမ်ပိုစ့်အောက်မှာ မျောက်ပုံ အီမိုဂျီ တေ အပြည့် ဖြင့် တိုက်ခိုက်ခဲ့ကြသလို တစ်ခြား စိတ်ညစ်စရာ စကားလုံးတေများစွာဖြင့် လည်းတိုက်ခိုက်ခဲ့ကြကြောင်း သိရပါသည်။အဆိုပါ ကိစ္စတစ်ချို့ကြောင့် တွမ်ဇွန်ဘီမှာ ၎င်းရဲ့ တွစ်တာအကောင်းကို Delete လုပ်သွားခဲ့ကြောင်း လည်းသိရပါသည်။တွမ်ဇွန်ဘီဟာ ကွန်ဂို နိုင်ငံ မှာ မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းရဲ့ အသက် 4 နှစ်တည်းက အဂ်လန်ကို ရောက်ရှိနေသူလည်းဖြစ်ပါတယ်။ယူနိုက်တက်အကယ်ဒမီကို အသက် 8 နှစ် အရွယ်မှာ စတင် ရောက်ရှိခဲ့ပြီး မောရင်ဟိုရဲ့ လကိထပ် 2017 ခုနှစ်မှာ အသင်းအတွက် ပထမဆုံးပါ၀င်ကစားခွင့် ရရှိခဲ့ပါတယ်။
လူငယ်ကစားသမားဘ၀ ‌တစ်လျောက်အသင်းရဲ့ ကပ္ပတိန် အဖြစ်တာ ၀န်ထမ်းဆောင် ခဲ့ပြီး အသင်းကြီးအတွက် ပွဲပေါင်း 30 ပါ၀င်ကစားပြီး လည်း ဖြစ်ပါတယ်။
၎င်းရဲ့ အသင်းဖေါ် ကစားသမား ဖြစ်သူ မက်တော်မီနေးကလည်း တွမ်ဇွန်ဘီအပေါ် ဖြစ် ပျက်နေသော ပြဿနာ ကို လွန်စွာ ရှုံးချ ကြောင်း ၎င်းရဲ့ အင်စတာ ဂရမ်မှာ ကြေညာ သွား‌ခဲ့ပါတယ်။မည်သို့ပင် ဆိုစေကာမူပါ ဘောလုံးကစားသမားတစ်ယောက်ဟာ ဘောလုံးကစားတာ ညံ့တာကို အပြစ်တင် ခွင့် ရှိပေမယ့် လူမျိုးရေးခွဲခြားတာဟာအလွန်အလွန် ကို ယုတ်ညံ့လှတာကြောင့် ဒီဘက်ခေါတ်လောကကြီးထဲမှာ ဒီလို လူမျိုးရေး ခွဲခြားမှု တွေ ပျောက်ဆုံးသွားကြပါ‌စေလို့ ဆုတောင်းပြူမိပါတယ်။ဖြူသည်ဖြစ်စေ မဲသည် ဖြစ်စေ လူဟာလူပါဗျာ။
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X