Uncategorized

Comeback လုပ်ပြီး ပြန်လာနိုင်မယ် ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဖူးဟု ငြီးတွားသွားတဲ့ မက်ဂွားယား

UNICODE

Comeback လုပ်နိုင်မယ် ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဖူးဟု ငြီးတွားသွားတဲ့ မက်ဂွားယား

နောက်လာမယ့်ပွဲကို အနိုင်ကန်ပြီး အရှုံးကနေ ရုန်းထွက်ရမယ်ဆိုတဲ့ မက်ဂွိုင်းယား

ရှက်ဖီးယူနိုက်တက်လို ဇယားအောက်ဆုံးက အသင်းမျိုးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ

ဧည့်ခံကစားရတဲ့အချိန်မှာ ယူနိုက်တက်အနေနဲ့ ရသင့်ရထိုက်တဲ့ အနိုင် ၃ မှတ်ကို

ရယူနိုင်ခဲ့သင့်ရဲ့သားနဲ့ (၁−၂) ဂိုးရလဒ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ

ခြေချော်ခဲ့ရပါတယ်။ ဒီပွဲမှာ နည်းပြဆိုးလ်ရှားရဲ့ လူထုတ်ပုံကလည်း ပြိုင်ဘက်ကို

အနည်းငယ် အထင်သေးတဲ့ သဘောဆောင်ခဲ့ပြီး လီဗာပူးလ်ကို အနိုင်ရပြီးနောက်

စိတ်ကြီးဝင်နေတဲ့ ကစားသမားတွေရဲ့ ကစားဟန်ကြောင့် တန်ရာတန်ရာ ရလဒ်ကို

ပြန်ရခဲ့တယ်လို့ပဲ အားမနာတမ်းဝေဖန်ရတော့မှာပါ။

 

ဒီပွဲမှာ အသင်းအတွက် ချေပဂိုး တစ်ဂိုးကို ခေါင်းတိုက်ဘောမှ တဆင့် သွင်းယူပေးခဲ့တဲ့

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ပွဲအပြီးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

” ဒီလို ရလဒ်မျိုး ဖြစ်လာမယ် မထင်ခဲ့မိဘူး။ ပွဲချိန်တွင်း ပုံစံကောင်းလည်း မပြသနိုင်ခဲ့သလို

အရင်ပွဲတွေတုန်းကလို စွမ်းဆောင်ရည်မျိုး ကျွန်တော်တို့ ထုတ်မပြနိုင်ခဲ့ကြဘူး။

comeback ဂိုးတွေနဲ့ အတူ ပြန်လာနိုင်မယ်လို့ မျှော်လင့်ခဲ့မိပေမယ့် တကယ်တမ်း

အနိုင်ရလောက်မယ့် အခွင့်အရေးမျိုးလည်း မဖန်တီးနိုင်ခဲ့ကြဘူး။

 

ပွဲပြီးတော့ အဝတ်လဲခန်းမှာ ကစားသမားတွေ အားလုံးငြိမ်သက်နေခဲ့ကြပါတယ်။

ကျွန်တော်တို့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။ ဒီပွဲရလဒ်က

စိတ်ပျက်စရာဆိုပေမယ့် နာကျင်မှုကို ကြာကြာခံစားနေလို့မရပါဘူး။ စိတ်ဓာတ်တွေ

ပြန်လည်မြှင့်တင်ရပါမယ်။ နောက်လာမယ့် ပွဲက အာစင်နယ် နဲ့ ဖြစ်လို့ အနိုင်ကစားပြီး

အရှုံးကနေ ပြန်လည် ရုန်းထွက်နိုင်အောင် လုပ်ကြရမှာပါ။ အရှုံးရလဒ်ကြီးကို ပိုက်ပြီး

နောက်တစ်ပွဲကန်ဖို့ တစ်ပတ်လောက်ထိုင်စောင့်နေရတာက တော်တော်

ဘဝင်မကျစရာကိစ္စပါ။ အခုလိုမျိုး ၃ ရက်အတွင်း နောက်တစ်ပွဲ မြန်မြန်ဆန်ဆန်

ထပ်ကန်လိုက်ရမှာကိုပဲ အဆိုးထဲက အကောင်းလို့ ထင်ပါတယ်” လို့

မက်ဂွိုင်းယားက ပြောပါတယ်။

Credit To M diary

ZAWGYI

Comeback လုပ္ႏိုင္မယ္ ထင္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဖူးဟု ၿငီးတြားသြားတဲ့ မက္ဂြားယား

ေနာက္လာမယ့္ပြဲကို အႏိုင္ကန္ၿပီး အရႈံးကေန ႐ုန္းထြက္ရမယ္ဆိုတဲ့ မက္ဂြိဳင္းယား

ရွက္ဖီးယူႏိုက္တက္လို ဇယားေအာက္ဆုံးက အသင္းမ်ိဳးကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ

ဧည့္ခံကစားရတဲ့အခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ ရသင့္ရထိုက္တဲ့ အႏိုင္ ၃ မွတ္ကို

ရယူႏိုင္ခဲ့သင့္ရဲ႕သားနဲ႔ (၁−၂) ဂိုးရလဒ္နဲ႔ ရႈံးနိမ့္ၿပီး ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚမွာ

ေျခေခ်ာ္ခဲ့ရပါတယ္။ ဒီပြဲမွာ နည္းျပဆိုးလ္ရွားရဲ႕ လူထုတ္ပုံကလည္း ၿပိဳင္ဘက္ကို

အနည္းငယ္ အထင္ေသးတဲ့ သေဘာေဆာင္ခဲ့ၿပီး လီဗာပူးလ္ကို အႏိုင္ရၿပီးေနာက္

စိတ္ႀကီးဝင္ေနတဲ့ ကစားသမားေတြရဲ႕ ကစားဟန္ေၾကာင့္ တန္ရာတန္ရာ ရလဒ္ကို

ျပန္ရခဲ့တယ္လို႔ပဲ အားမနာတမ္းေဝဖန္ရေတာ့မွာပါ။

 

ဒီပြဲမွာ အသင္းအတြက္ ေခ်ပဂိုး တစ္ဂိုးကို ေခါင္းတိုက္ေဘာမွ တဆင့္ သြင္းယူေပးခဲ့တဲ့

အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ပြဲအၿပီးမွာ အခုလို ေျပာဆိုခဲ့ပါတယ္။

” ဒီလို ရလဒ္မ်ိဳး ျဖစ္လာမယ္ မထင္ခဲ့မိဘူး။ ပြဲခ်ိန္တြင္း ပုံစံေကာင္းလည္း မျပသႏိုင္ခဲ့သလို

အရင္ပြဲေတြတုန္းကလို စြမ္းေဆာင္ရည္မ်ိဳး ကြၽန္ေတာ္တို႔ ထုတ္မျပႏိုင္ခဲ့ၾကဘူး။

comeback ဂိုးေတြနဲ႔ အတူ ျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့မိေပမယ့္ တကယ္တမ္း

အႏိုင္ရေလာက္မယ့္ အခြင့္အေရးမ်ိဳးလည္း မဖန္တီးႏိုင္ခဲ့ၾကဘူး။

 

ပြဲၿပီးေတာ့ အဝတ္လဲခန္းမွာ ကစားသမားေတြ အားလုံးၿငိမ္သက္ေနခဲ့ၾကပါတယ္။

ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံလိုက္ရသလိုပါပဲ။ ဒီပြဲရလဒ္က

စိတ္ပ်က္စရာဆိုေပမယ့္ နာက်င္မႈကို ၾကာၾကာခံစားေနလို႔မရပါဘူး။ စိတ္ဓာတ္ေတြ

ျပန္လည္ျမႇင့္တင္ရပါမယ္။ ေနာက္လာမယ့္ ပြဲက အာစင္နယ္ နဲ႔ ျဖစ္လို႔ အႏိုင္ကစားၿပီး

အရႈံးကေန ျပန္လည္ ႐ုန္းထြက္ႏိုင္ေအာင္ လုပ္ၾကရမွာပါ။ အရႈံးရလဒ္ႀကီးကို ပိုက္ၿပီး

ေနာက္တစ္ပြဲကန္ဖို႔ တစ္ပတ္ေလာက္ထိုင္ေစာင့္ေနရတာက ေတာ္ေတာ္

ဘဝင္မက်စရာကိစၥပါ။ အခုလိုမ်ိဳး ၃ ရက္အတြင္း ေနာက္တစ္ပြဲ ျမန္ျမန္ဆန္ဆန္

ထပ္ကန္လိုက္ရမွာကိုပဲ အဆိုးထဲက အေကာင္းလို႔ ထင္ပါတယ္” လို႔

မက္ဂြိဳင္းယားက ေျပာပါတယ္။

Credit To M diary

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X