Uncategorized

မန်ယူနိုက်တက်နဲ့ ရှက်ဖီးယူနိုက်တက် ပွဲစဉ်အတွက် ခန့်မှန်းဆရာကြီး မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

UNICODE

မန်ယူနိုက်တက်နဲ့ ရှက်ဖီးယူနိုက်တက် ပွဲစဉ်အတွက် ခန့်မှန်းဆရာကြီး မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

ယူနိုက်တက်အသင်းသာ ပြီးခဲ့တဲ့ နေ့က FA ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားပြီး တဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် အာရုံစိုက်ဖို့ အချိန်ကြရောက်လာပြီလည်း ဖြစ်ပါတယ်။အထူးသဖြင့် အမှတ်ပေးဇယားရဲ့ အဆင့် တစ်နေရာမှ ရပ်တည်နေတဲ့ ယူနိုက်တက် အတွက် ဒီ‌ပွဲစဉ်ဟာ လုံး၀ ခန့်မှန်းလို့ မရ တဲ့ အခြေအနေ မျိုးမှာ ရှိနေတာ ဖြစ်ပြီး တစ်ချက်မှားတာ နဲ့ ဇယား ရဲ့ ဦးဆောင်သူ အဖြစ်ကနေ ဆင်းပေးရနိုင်တဲ့ အနေအထားမျိုး မှာ ရှိနေတာ ‌ဖြစ်သော ကြောင့် ဦးဆောင် သူ ယူနိုက်တက် တို့ အနေနဲ့ အဆိုပါပွဲစဉ်ကို အမှားမခံဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးယူနိုက်တက် အသင်းကို ဗုဒ္ဓဟူးနေ့ည ၂:၄၅ အချိန်မှာ အိမ်ကွင်း အိုးထရက်ဖိုဒ့် ကွင်းအတွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဘောလုံးပွဲ ကြိုတင် ခန့်မှန်း သူ တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ် အို၀င်က တော့ အောက်ပါ အတိုင်း ခန့်မှန်းပေးသွားခဲ့ပါတယ်။အို၀င်က”နှစ်သင်းစလုံးက ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတေမှာ နောက်တစ်ဆင့် စီကို တတ်လှမ်း သွားကြတာပါ။လက်ရှိအချိန်မှာ ယူနိုက်တက်က ဇယားထိပ်ဆုံးမှာ ဦးတောင်နေပြီး ရှက်ဖီးက ဇယားအောက်ဆုံးမှာပါ။ဒီလတ်တလောမှာ ယူနိုက်တက် တို့က အကောင်းဆုံး ကစားပြနေပြီးတော့ သူတို့ရဲ့အဝေးကွင်းပုံစံက ကြောက်စရာအကောင်းဆုံးဆိုတာ သိပြီးသား ပါ။ဒါပေမယ့် ပြီးခဲ့တဲ့ လီဗာပူးကို အိုးထရက်ဖိုဒ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်က
ဒီရာသီ သူ့တို့ ရဲ့ အကောင်း‌ဆုံး အိမ်ကွင်း ကစားဟန်ပါ။

လီဗာပူးနဲ့ ပွဲကလိုဖရီးကစ်ကိုဘယ်ယူနိုက်တက်ကစားသမားဆီကသင်ယူတယ်ဆိုတာဖွင့်ဟသွားတဲ့ ဖာနန်ဒက်

နိုင်ပွဲရဲ့ အဓိက က ကာဗာနီ ၀င်ရောက်ကစားခြင်းဖြစ်ပြီး သူက ပွဲရဲ့ သော့ချက်ဖြစ်ခဲ့တာပါ။ဧရိယာထိပ်မှာ ၎င်းရဲ့ ဖရီးကစ်ကို ပါးနပ်စွာ ရယူခဲ့မှု သူ့ရဲ့ နေရာ ယူပုံတွေ
ကောင်းမွန်မှု တွေက အိုလီရဲ့ အသင်းကို များစွာ အကျိုးပြုမှာပါ။ ဒီပွဲစဉ်ဟာ ကြည့်ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆိုပေမယ့် လို့ အိမ်ရှင်ယူနိုက်တက်တို့ဟာနိုင်ပွဲ တစ်ပွဲ ရယူဖို့ အတွက် လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။” ဟု ခန့်‌မှန်းပေးသွားခဲ့ပါတယ်။မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက် မန်ယူနိုက်တက် ၂-၀ ရှက်ဖီးယူနိုက်တက်        #MUFF

ZAWGYI

မန္ယူႏိုက္တက္နဲ႔ ရွက္ဖီးယူႏိုက္တက္ ပြဲစဥ္အတြက္ ခန႔္မွန္းဆရာႀကီး မိုက္ကယ္အို၀င္ရဲ႕ ခန႔္မွန္းခ်က္

ယူႏိုက္တက္အသင္းသာ ၿပီးခဲ့တဲ့ ေန႔က FA ဖလားၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ကစားၿပီး တဲ့ အခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ အာ႐ုံစိုက္ဖို႔ အခ်ိန္ၾကေရာက္လာၿပီလည္း ျဖစ္ပါတယ္။အထူးသျဖင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ တစ္ေနရာမွ ရပ္တည္ေနတဲ့ ယူႏိုက္တက္ အတြက္ ဒီ‌ပြဲစဥ္ဟာ လုံး၀ ခန႔္မွန္းလို႔ မရ တဲ့ အေျခအေန မ်ိဳးမွာ ရွိေနတာ ျဖစ္ၿပီး တစ္ခ်က္မွားတာ နဲ႔ ဇယား ရဲ႕ ဦးေဆာင္သူ အျဖစ္ကေန ဆင္းေပးရႏိုင္တဲ့ အေနအထားမ်ိဳး မွာ ရွိေနတာ ‌ျဖစ္ေသာ ေၾကာင့္ ဦးေဆာင္ သူ ယူႏိုက္တက္ တို႔ အေနနဲ႔ အဆိုပါပြဲစဥ္ကို အမွားမခံဖို႔ လိုအပ္ ေနတာလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ အမွတ္ေပးဇယား ေအာက္ဆုံးက ရွက္ဖီးယူႏိုက္တက္ အသင္းကို ဗုဒၶဟူးေန႔ည ၂:၄၅ အခ်ိန္မွာ အိမ္ကြင္း အိုးထရက္ဖိုဒ့္ ကြင္းအတြင္းမွာ ဧည့္ခံကစားရမွာ ျဖစ္ၿပီး ေဘာလုံးပြဲ ႀကိဳတင္ ခန႔္မွန္း သူ တစ္ဦးအျဖစ္ လုပ္ကိုင္ေနတဲ့ ယူႏိုက္တက္ ကစားသမားေဟာင္း မိုက္ကယ္ အို၀င္က ေတာ့ ေအာက္ပါ အတိုင္း ခန႔္မွန္းေပးသြားခဲ့ပါတယ္။အို၀င္က”ႏွစ္သင္းစလုံးက ၿပီးခဲ့တဲ့ အက္ဖ္ေအဖလား ၿပိဳင္ပြဲေတမွာ ေနာက္တစ္ဆင့္ စီကို တတ္လွမ္း သြားၾကတာပါ။လက္ရွိအခ်ိန္မွာ ယူႏိုက္တက္က ဇယားထိပ္ဆုံးမွာ ဦးေတာင္ေနၿပီး ရွက္ဖီးက ဇယားေအာက္ဆုံးမွာပါ။ဒီလတ္တေလာမွာ ယူႏိုက္တက္ တို႔က အေကာင္းဆုံး ကစားျပေနၿပီးေတာ့ သူတို႔ရဲ႕အေဝးကြင္းပုံစံက ေၾကာက္စရာအေကာင္းဆုံးဆိုတာ သိၿပီးသား ပါ။ဒါေပမယ့္ ၿပီးခဲ့တဲ့ လီဗာပူးကို အိုးထရက္ဖိုဒ္မွာ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ကဒီရာသီ သူ႔တို႔ ရဲ႕ အေကာင္း‌ဆုံး အိမ္ကြင္း ကစားဟန္ပါ။
ႏိုင္ပြဲရဲ႕ အဓိက က ကာဗာနီ ၀င္ေရာက္ကစားျခင္းျဖစ္ၿပီး သူက ပြဲရဲ႕ ေသာ့ခ်က္ျဖစ္ခဲ့တာပါ။ဧရိယာထိပ္မွာ ၎ရဲ႕ ဖရီးကစ္ကို ပါးနပ္စြာ ရယူခဲ့မႈ သူ႔ရဲ႕ ေနရာ ယူပုံေတြေကာင္းမြန္မႈ ေတြက အိုလီရဲ႕ အသင္းကို မ်ားစြာ အက်ိဳးျပဳမွာပါ။ ဒီပြဲစဥ္ဟာ ၾကည့္ေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဆိုေပမယ့္ လို႔ အိမ္ရွင္ယူႏိုက္တက္တို႔ဟာႏိုင္ပြဲ တစ္ပြဲ ရယူဖို႔ အတြက္ လုံေလာက္တဲ့ အရည္အေသြးေတြ ရွိေနတယ္လို႔ ကြၽန္ေတာ္ ခံစားမိပါတယ္။” ဟု ခန႔္‌မွန္းေပးသြားခဲ့ပါတယ္။             မိုက္ကယ္ အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ မန္ယူႏိုက္တက္ ၂-၀ ရွက္ဖီးယူႏိုက္တက္                   #MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X