Sport

လီဗာပူးနဲ့ ပွဲကလိုဖရီးကစ်ကိုဘယ်ယူနိုက်တက်ကစားသမားဆီကသင်ယူတယ်ဆိုတာဖွင့်ဟသွားတဲ့ ဖာနန်ဒက်

UNICODE

လီဗာပူးနဲ့ ပွဲကလိုဖရီးကစ်ကိုဘယ်ယူနိုက်တက်ကစားသမားဆီကသင်ယူတယ်ဆိုတာဖွင့်ဟသွားတဲ့ ဖာနန်ဒက်

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်သူ ဘရူနိုဖာနန်ဒက်က ၎င်းအနေနဲ့ ဖရီးကစ်ဂိုးတေ ပိုမိုသွင်းယူ နိုင်ဖို့ အရေး အတွက် ညနေပိုင်း လေ့ကျင့်ရေး ပြီးချိန်များမှာ အပိုလေ့ကျင့်ရေး ဆင်းကာ ဖရီးကစ်တေကို လေ့ကျင့် ဖြစ်ကြောင်း တစ်ခါတစ်လေဆို ဆိုလ်းရှားက သူတို့ကို ‌လိုက်လံမောင်းထုတ်ရသည်အထိ လေ့ကျင့် ကြကြောင်း ကို ပရိတ်သတ်တေသိအောင် ထုတ်ဖေါ်၀န်ခံသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ၎င်းရဲ့ ဖရီးကစ်သွင်းဂိုး ကနေ တစ်ဆင့် လီဗာပူး အသင်းကို အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပြီး အရေးကြုံလာလျင် တည်ကန်ဘောတေကို ဖြုန်းတီးပစ်လေ့ရှိတဲ့ တစ်ချိန်က ယူနိုက်တက် အသင်းရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပြလိုက်တာလည်း ဖြစ်ပါတယ်။အဆိုပါ သွင်းဂိုး ကို သွင်းယူပြီးတဲ့ နောက်မှာ တော့ ဘရူနိုဖာနန်ဒက်က ၎င်းရဲ့ ဖရီးကစ်ဂိုး တေပိုမို တိုးတက်ကောင်းမွန်လာအောင် ယူနိုက်တက်အသင်းရဲ့ အချစ်တော် ဝါရင့်ကစားသမား ကြီး မာတာဆီကနေ ရက်ဖို့၊ဖရက်၊တဲ့လက်စ် တို့ နဲ့ အတူတကွ နည်းနာယူပြီး သင်ယူလေ့ကျင့် ဖြစ်ကြောင်း ကို အောက်ပါအတိုင်း ဖွင့်ဟ သွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက် ရဲ့ လိုအပ်နေသေးတဲ့ အရည်အသွေးတစ်ခုကို ထောက်ပြသွားတဲ့ ရိုင်ယန်ဂစ်

ဘရူနိုဖာနတ်ဒက်က ” နေ့တိုင်းနေ့တိုင်းလိုလို ကျနော်တို့ ထရီးကစ် ကန်သွင်းတာ ကို အချိန်ပိုဆင်းပြီးတော့ ကို လေ့ကျင့်ဖြစ်ကြပါတယ်။တစ်ခါတရံဆို ဘောစ်ကိုယ် တိုင်လာရောက်ပြီး အိမ်ပြန်ကြတော့ ဆိုပြီး မောင်းထုတ်တာမျိုးတောင် ရှိပါတယ်။ ကျနော် မာတာရဲ့ ကန်ယူပုံတေကို ကန်ယူနည်းတေကို အမြဲတမ်း ကြည့်ပြီး သင်ယူမိပါတယ်။သူကတော့ တကယ့် ဖရီးကစ်မှာ ဆရာ့ဆရာ ကြီးပါ။တကယ်လို့ ပုံမှန်လေ့ကျင့် ခန်း တေပြီး ပြီ ဆိုရင် မာတာကယ် ရက်ဖို့ဒ့်ရယ် တဲလက်စ်ရယ် ရဖရက်ရယ် နောက်ဆုံး ကျနော် ရယ် အမြဲ လိုလို ဖရီးကစ် ကန်တာကို ဆက်လက်လေ့ကျင့်ဖြစ်ပါတယ်။တခြားလူတေကတော့ အကြောင်းကြောင်း ကြောင့် လေ့ကျင့် ကြတာပေါ့။ဖရက်ကတော့ ဘာရယ်မသိပါဖူး။အပျော်သဘောနဲ့ လာလေ့ကျင့်တာဖြစ်မှာပါ” ဟု ရယ်မောက ဟာသ အနေနဲ့ ဖရက်ကို စကာ ပြောပြ သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ပင်တိုင် ဖရီးကစ်တေ၊ပင်နယ်တီတွေကို ဘရူနိုဖာနန်ဒက်က အမြဲလိုလို ကန် သွင်းယူ နေသူ တစ်ဦး ဖြစ်ပြီး အသင်းရဲ့ အဓိက အ
လွတ်တည်ကန်ဘော ကန် သူ တစ်ဦး လည်း ဖြစ်ပါတယ်။

#MUFF

ZAWGYI






#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X