Sport

ဘရူနိုဖာနန်ဒက် ရဲ့ လိုအပ်နေသေးတဲ့ အရည်အသွေးတစ်ခုကို ထောက်ပြသွားတဲ့ ရိုင်ယန်ဂစ်

UNICODE

ဘရူနိုဖာနန်ဒက် ရဲ့ လိုအပ်နေသေးတဲ့ အရည်အသွေးတစ်ခုကို ထောက်ပြသွားတဲ့ ရိုင်ယန်ဂစ်

ဘရူနိုဖာနန်ဒက်ဆိုတာဟာ ပြီးခဲ့ တဲ့ နှစ် ဆောင်းရာသီ ဈေးကွက်မှာမှ မန်ချက် စတာ ယူနိုက်တက် အသင်းကို ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာပြီးတဲ့ နောက်မှာတော့ မှော်၀င်ခြေစွမ်းတေနဲ့ အတူ အသင်းကို အမှတ်ပေးဇယား အဆင့် ၃ နေရာ မှာ ရာသီသိမ်းစေခဲ့သည် အထိ ကူညီထောက်ပံ့ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် ယခုနှစ်ရာသီ မှာလည်း ခြေစွမ်းကောင်းတေ ဆက်လက်ပြသထားနိုင်ပြီးတော့ အသင်းကို အမှတ်ပေးဇယား အဆင့်တစ်နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ သလို လီဗာပူးအသင်းနှင့် အက်ဖ်အေ ဖလား ရှုံးထွက် ပွဲစဉ်မှာ လည်း အနိုင်ဂိုးကို ဖရီးကစ်မှ တစ်ဆင့် သွင်းယူ ပေးသွားခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အဆိုပါ ခြေစွမ်းကောင်းတေ ပြသမှု ကြောင့် ယူနိုက်တက် ပရိတ်သတ် များနဲ့ ဘောလုံးလောကရဲ့ သုံးသပ်သူ တစ်ချိုဘက တစ်ချိန်က ဖာဂီလက်ထပ်က ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းကို ဆုဖလားတေ ရယူပေးနိုင် ခဲ့သူ ဂန္တ၀င်ကစားသမားကြီး အဲရစ်ကန်တိုနာ နဲ့ ဘရူနိုဖာနန်ဒက်ကို ခိုင်းနှိုင်းပြော ဆိုမှုတေ ပြု
လုပ်ခဲ့ကြတာ‌ဖြစ်ပါတယ်။အဆိုပါကိစ္စနဲ့ ပါတ်သတ်ပြီး ယူနိုက်တက် ဂန္တဝင် တစ်ဦးဖြစ်သော လက်ရှိ ဝေးလ် လက်ရွေးစင် နည်းပြ ရိုင်ယန်ဂစ် ဖာနန်ဒက်စ် အနေနဲ့ ကန်တိုနာနဲ့ နှိုင်းယှဉ်ခံရရန် ဖလားတေ ဆွတ်ခူးပြဖို့ လိုအပ်နေသေးကြောင်း သတိပေးသွားခဲ့ ပါတယ် ။ရိုင်ယန်ဂစ်က ”1995 – 96 ဘောလုံး ရာသီတုန်း FA ဖလားကို ဆွတ်ခူးခဲ့စဉ် ကန်တိုနာ ထူးခြားချက်တေ လုပ်ဆောင်ပေးခဲ့သူပါ။သူက ပွဲကြီးပွဲကောင်း တွေဆို မကြာခန ထူးခြားမှုတေ လုပ်ဆောင် ပေးသူ ပါ ”

လင်ဒီလောဒ့်ကြောင့် သူက သရဲနီကစားသမား မဖြစ်ခဲ့ရတာလို့ ၀န်ခံသွားတဲ့ ဗန်ဒိုက်

” ဘရူနိုလည်း ယူနိုက်တက်မှာ ထူးခြားတဲ့ အကျိုး သက်ရောက်မှု တွေကို ပြုလုပ် ထားနိုင်ခဲ့ ပါတယ် ။ဒါကြောင့်မို့လည်း အဲရစ် နဲ့ ခိုင်းနှိုင်း ခံနေရတာပါ ။
သူက တစ်ဦးတည်း အရည်အသွေးကောင်းတာမဟုတ်ပါဖူး။အသင်းက ကစားသမားတေကို ပါတိုး တက်စေသူပါ။ဟုပါတယ် သူက အနိုင်ရသူ တစ်ဦးဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။အသင်းအနေအထားမကောင်းမွန်နေတဲ့ အချိန်တေဆို အသင်းဖေါ်တွေကို သူက လှုပ်တော်မှုတေ လုပ်ပေးနိုင်သူပါ။ခေါင်းဆောင်တစ်ယောက်လို လိုအပ်ရင် ဒိုင်လူကြီးတေကို ပါ စောဒက တတ်ပေးနိုင်သူ တစ်ဦးပါ။ယူနိုက်တက်ကို သူရောက်လာတယ် ပြောင်းလဲမှုတေ သူ ပြုလုပ်ပ‌ေးတယ်။ဒါတကယ်ကို မယုံနိုင်စရာပါ။သို့ပေမယ့်လို့ ကြီးကျယ်တဲ့ ကစားသမားတေနဲ့ ခိုင်းနှိုင်းခဲ့ ရဖို့ဆိုရင်တော့ သူ့အနေနဲ့ ပွဲကြီး ပွဲကောင်းတေမှာ ပိုကောင်း ပြီး နိုင်အောင် ကစားနိုင်ဖို့ လိုအပ်နေသေးသလို ဆုဖလားတေ ဆွတ်ခူးပေးဖို့လည်း လိုအပ်နေပါသေးတယ်။ကန်တိုနာနဲ့ တူညီတဲ့ အရာတွေသူ့မှာ အမှန်တကယ် ရှိနေခဲ့ ပါတယ် ။
သူ ရောက်လာ ကတည်းက အသင်းရဲ့ ရလဒ် နဲ့ ကစားပုံ တွေလည်း မြင့်တက် လာခဲ့ရတာ ပါ ”

“သို့ပေမယ့် အဲရစ်က အမှတ်ပေးဖလား ၃-၄ ကြိမ် ရယ် FA ဖလားတေရယ် ဆွတ်ခူးပေးသွားနိုင်ခဲ့ပါတယ်။အရည်အသွေးတေ များတဲ့ နဲ့ ဆုဖလားတေ ဆွတ်ခူးပေးတာ မပေးတာနဲ့ ရဲ့ ကြားမှာ အလွန် ခြားနားတဲ့ ခြားနားချက်တေ ရှိပါတယ်။သူတို့ကို နှိုင်းယှဉ်မယ် ဆို အချိန်ပေး ပြီး စောင့်ကြည့် ရပါဦးမယ်” လို့ ရိုင်ယန်ဂစ်က သတိပေးသွားခဲ့ပါတယ်။

#MUFF

ZAWGYI


တခဏသာယူနိုက်တက်မှာကစားခဲ့ဖူးပေမယ့် အမြဲတမ်းသရဲနီဖြစ်နေကြောင်း ပြသသွားတဲ့ ရှဝိန်စတိုင်ဂါ

 





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X