Sport

လင်ဒီလောဒ့်ကြောင့် သူက သရဲနီကစားသမား မဖြစ်ခဲ့ရတာလို့ ၀န်ခံသွားတဲ့ ဗန်ဒိုက်

UNICODE

လင်ဒီလောဒ့်ကြောင့် သူက သရဲနီကစားသမား မဖြစ်ခဲ့ရတာလို့ ၀န်ခံသွားတဲ့ ဗန်ဒိုက်

မန်ချက် စတာ ယူနိုက်တက် ဟာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ဗာဂျယ် ဗန်ဒိုက် ကို ခေါ်ယူ နိုင်မယ့် အခွင့် အရေးကို ရရှိ ခဲ့ပေမယ့် အဲ့ဒိ အစား ဗစ်တာ လင်ဒီလော့ဖ် ကိုသာ ခေါ်ယူ သွားခဲ့ တယ် လို့ ဗန်ဒိုက် ရဲ့ ဆောက်သမ်တန် အသင်းဖော်ဟောင်း ချာလီ အော်စတင် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဗန်ဒိုက် ဟာ ၂၀၁၈ ဆောင်းရာသီ မှာတော့ လီဗာပူး ကို ပြောင်းရွှေ့ လာခဲ့ပြီး ကမ္ဘာ့ အဆင့် ခံစစ်မှူး တစ်ယောက် ဖြစ်လာခဲ့ ပါတယ် ။ဗန်ဒိုက် ဟာ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ၊ ချန်ပီယံ လိဂ် ဖလားတွေ ကို ရယူ နိုင်ခဲ့သလို သူကိုယ်တိုင် လည်း ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆုကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ အဲ့ဒိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဗစ်တာ လင်ဒီလော့ဖ် ရဲ့ နေရာ အတွက် နောက်ထပ် ခံစစ်မှူး တစ်ယောက် ကို ရှာဖွေ နေရပါပြီ ။

“ဗန်ဒိုက် ရဲ့ ဆောက်သမ်တန် ကစား သမား ဘ၀ ပြီးခါနီး မှာ ချဲလ်ဆီး နဲ့ အဝေးကွင်း ပွဲကို ကစား ခဲ့ ကြပါတယ် ။ သူနဲ့ ကျွန်တော် က အရန် ခုံမှာပါ ။ မန်ချက်စတာ ယူနိုက်တက် ကို ဘာကြောင့် သူ မသွား ခဲ့တာလဲ လို့ ဗန်ဒိုက် ကို ကျွန်တော် မေးခဲ့ ပါတယ်”“သူက ပြီးခဲ့တဲ့ နွေတုန်းက သူတို့ ( မန်ယူနိုက်တက် ) ကျွန်တော် နဲ့ လင်ဒီလော့ဖ် တို့ကို စဉ်းစား ခဲ့ကြတာပါ ။ နောက်ဆုံးတော့ သူတို့ လင်ဒီလော့ဖ် ကို ရွေးသွားတယ် ။ ဘယ်သူမှ ဒီအကြောင်း မသိခဲ့ ပါဘူး ဆိုပြီး ဗန်ဒိုက် ကျွန်တော့ကို ပြောခဲ့ ပါတယ် ။ ကိုယ့်နားတောင် ကိုယ် မယုံ ခဲ့ပါဘူး”“ဗန်ဒိုက် ဟာ တကယ့် ကစား သမား ကောင်းပါ ။ မန်ချက်စတာ ယူနိုက်တက် နဲ့ လည်း သတင်းတွေ အကျယ်ကြီး ထွက်နေ ခဲ့တာပါ ။ ဒါပေမယ့် သူတို့ လင်ဒီလော့ဖ် ကိုပဲ ခေါ်သွား ခဲ့ ပါတယ် ။ တကယ် အံ့သြ စရာ ပါပဲ” လို့ ချာလီ အော်စတင် က talkSPORT သတင်း ဌာန ကို ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

တခဏသာယူနိုက်တက်မှာကစားခဲ့ဖူးပေမယ့် အမြဲတမ်းသရဲနီဖြစ်နေကြောင်း ပြသသွားတဲ့ ရှဝိန်စတိုင်ဂါ

ယူနိုက်တက် ဟာ လင်ဒီလော့ဖ် အတွက် ပေါင် သန်း ၃၀ သာ ပေးချေ ခဲ့ရပြီး ဆွီဒင် နောက်ခံလူဟာ အိုးထရက်ဖိုဒ့် ကလပ် အတွက် ပွဲ ၁၅၀ ပြည့်မြောက် တော့မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေ ရဲ့ အမြင်မှာတော့ လင်ဒီလော့ဖ် ဟာ လိုအပ်ချက်တွေ ရှိနေတဲ့ နောက်ခံလူ တစ်ယောက် ဖြစ်နေဆဲ ပါပဲ ။ချာလီ အော်စတင် က ဗန်ဒိုက် ဟာ လီဗာပူး ကို မပြောင်းခင် ကတည်းက အန်ဖီးလ် ကို သွားရောက် ကစား လိုတဲ့ ဆန္ဒ ရှိခဲ့ ကြောင်း နဲ့ မန်ချက်စတာ ယူနိုက်တက် ကို မရောက် ဖြစ်ခဲ့ တာဟာလည်း ဗန်ဒိုက် အတွက် ကောင်းတဲ့ အရာ ဖြစ်လာ စေခဲ့တာ ဖြစ်ကြောင်း ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

“သူ မန်ချက်စတာ ယူနိုက်တက် ကို မရောက် ခဲ့တာက လီဗာပူး မှာ ကစားချင်တာ ကြောင့်လည်း ဖြစ်နိုင် ပါတယ် ။ သူ့ရဲ့ နှလုံးသား က လီဗာပူး ဘက်ကို ယိမ်း နေတာပါ ။ ဒါပေမယ့် မန်နေဂျာ ( ပယ်လီဂရီနို ) က ဗန်ဒိုက် ကို လွယ်လွယ် နဲ့ လက်မလွှတ် ခဲ့ပါဘူး ။ အသင်းမှာ ပြဿနာတွေတောင် ဖြစ်ခဲ့ တာပါ ။ အခုတော့လည်း ပြီးသွား ခဲ့ပါပြီ” လို့ ချာလီ အော်စတင် က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။လက်ရှိ မှာတော့ ဗန်ဒိုက် ဟာ အဲဗာတန် နဲ့ ပွဲက ရရှိ ခဲ့တဲ့ ဒဏ်ရာ ကြောင့် လပေါင်း များစွာ အနားယူ နေရပြီး လီဗာပူး အတွက် အမြန်ဆုံး ပြန်လည် ကစားပေး နိုင်ဖို့ ကြိုးစား လုပ်ဆောင် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

Credit SPORTS MYANMAR

ZAWGYI

လင်ဒီလောဒ့်ကြောင့် သူက သရဲနီကစားသမား မဖြစ်ခဲ့ရတာလို့ ၀န်ခံသွားတဲ့ ဗန်ဒိုက်

မန္ခ်က္ စတာ ယူႏိုက္တက္ ဟာ လြန္ခဲ့တဲ့ ၄ ႏွစ္ခန႔္က ဗာဂ်ယ္ ဗန္ဒိုက္ ကို ေခၚယူ ႏိုင္မယ့္ အခြင့္ အေရးကို ရရွိ ခဲ့ေပမယ့္ အဲ့ဒိ အစား ဗစ္တာ လင္ဒီေလာ့ဖ္ ကိုသာ ေခၚယူ သြားခဲ့ တယ္ လို႔ ဗန္ဒိုက္ ရဲ႕ ေဆာက္သမ္တန္ အသင္းေဖာ္ေဟာင္း ခ်ာလီ ေအာ္စတင္ က ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။ ဗန္ဒိုက္ ဟာ ၂၀၁၈ ေဆာင္းရာသီ မွာေတာ့ လီဗာပူး ကို ေျပာင္းေ႐ႊ႕ လာခဲ့ၿပီး ကမာၻ႔ အဆင့္ ခံစစ္မႉး တစ္ေယာက္ ျဖစ္လာခဲ့ ပါတယ္ ။ဗန္ဒိုက္ ဟာ လီဗာပူး နဲ႔ ပရီးမီးယားလိဂ္ ၊ ခ်န္ပီယံ လိဂ္ ဖလားေတြ ကို ရယူ ႏိုင္ခဲ့သလို သူကိုယ္တိုင္ လည္း ပရီးမီးယားလိဂ္ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစား သမား ဆုကို ဆြတ္ခူး ႏိုင္ခဲ့ ပါတယ္ ။ အဲ့ဒိ အခ်ိန္ မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ဟာ ဗစ္တာ လင္ဒီေလာ့ဖ္ ရဲ႕ ေနရာ အတြက္ ေနာက္ထပ္ ခံစစ္မႉး တစ္ေယာက္ ကို ရွာေဖြ ေနရပါၿပီ ။

“ဗန္ဒိုက္ ရဲ႕ ေဆာက္သမ္တန္ ကစား သမား ဘ၀ ၿပီးခါနီး မွာ ခ်ဲလ္ဆီး နဲ႔ အေဝးကြင္း ပြဲကို ကစား ခဲ့ ၾကပါတယ္ ။ သူနဲ႔ ကြၽန္ေတာ္ က အရန္ ခုံမွာပါ ။ မန္ခ်က္စတာ ယူႏိုက္တက္ ကို ဘာေၾကာင့္ သူ မသြား ခဲ့တာလဲ လို႔ ဗန္ဒိုက္ ကို ကြၽန္ေတာ္ ေမးခဲ့ ပါတယ္”“သူက ၿပီးခဲ့တဲ့ ေႏြတုန္းက သူတို႔ ( မန္ယူႏိုက္တက္ ) ကြၽန္ေတာ္ နဲ႔ လင္ဒီေလာ့ဖ္ တို႔ကို စဥ္းစား ခဲ့ၾကတာပါ ။ ေနာက္ဆုံးေတာ့ သူတို႔ လင္ဒီေလာ့ဖ္ ကို ေ႐ြးသြားတယ္ ။ ဘယ္သူမွ ဒီအေၾကာင္း မသိခဲ့ ပါဘူး ဆိုၿပီး ဗန္ဒိုက္ ကြၽန္ေတာ့ကို ေျပာခဲ့ ပါတယ္ ။ ကိုယ့္နားေတာင္ ကိုယ္ မယုံ ခဲ့ပါဘူး”

“ဗန္ဒိုက္ ဟာ တကယ့္ ကစား သမား ေကာင္းပါ ။ မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ လည္း သတင္းေတြ အက်ယ္ႀကီး ထြက္ေန ခဲ့တာပါ ။ ဒါေပမယ့္ သူတို႔ လင္ဒီေလာ့ဖ္ ကိုပဲ ေခၚသြား ခဲ့ ပါတယ္ ။ တကယ္ အံ့ၾသ စရာ ပါပဲ” လို႔ ခ်ာလီ ေအာ္စတင္ က talkSPORT သတင္း ဌာန ကို ဖြင့္ဟ ေျပာျပ သြားခဲ့ ပါတယ္ ။ယူႏိုက္တက္ ဟာ လင္ဒီေလာ့ဖ္ အတြက္ ေပါင္ သန္း ၃၀ သာ ေပးေခ် ခဲ့ရၿပီး ဆြီဒင္ ေနာက္ခံလူဟာ အိုးထရက္ဖိုဒ့္ ကလပ္ အတြက္ ပြဲ ၁၅၀ ျပည့္ေျမာက္ ေတာ့မွာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ ယူႏိုက္တက္ ပရိသတ္ေတြ ရဲ႕ အျမင္မွာေတာ့ လင္ဒီေလာ့ဖ္ ဟာ လိုအပ္ခ်က္ေတြ ရွိေနတဲ့ ေနာက္ခံလူ တစ္ေယာက္ ျဖစ္ေနဆဲ ပါပဲ ။

ခ်ာလီ ေအာ္စတင္ က ဗန္ဒိုက္ ဟာ လီဗာပူး ကို မေျပာင္းခင္ ကတည္းက အန္ဖီးလ္ ကို သြားေရာက္ ကစား လိုတဲ့ ဆႏၵ ရွိခဲ့ ေၾကာင္း နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ ကို မေရာက္ ျဖစ္ခဲ့ တာဟာလည္း ဗန္ဒိုက္ အတြက္ ေကာင္းတဲ့ အရာ ျဖစ္လာ ေစခဲ့တာ ျဖစ္ေၾကာင္း ဆက္လက္ ေျပာဆို သြားခဲ့ ပါတယ္ ။

“သူ မန္ခ်က္စတာ ယူႏိုက္တက္ ကို မေရာက္ ခဲ့တာက လီဗာပူး မွာ ကစားခ်င္တာ ေၾကာင့္လည္း ျဖစ္ႏိုင္ ပါတယ္ ။ သူ႔ရဲ႕ ႏွလုံးသား က လီဗာပူး ဘက္ကို ယိမ္း ေနတာပါ ။ ဒါေပမယ့္ မန္ေနဂ်ာ ( ပယ္လီဂရီႏို ) က ဗန္ဒိုက္ ကို လြယ္လြယ္ နဲ႔ လက္မလႊတ္ ခဲ့ပါဘူး ။ အသင္းမွာ ျပႆနာေတြေတာင္ ျဖစ္ခဲ့ တာပါ ။ အခုေတာ့လည္း ၿပီးသြား ခဲ့ပါၿပီ” လို႔ ခ်ာလီ ေအာ္စတင္ က ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။လက္ရွိ မွာေတာ့ ဗန္ဒိုက္ ဟာ အဲဗာတန္ နဲ႔ ပြဲက ရရွိ ခဲ့တဲ့ ဒဏ္ရာ ေၾကာင့္ လေပါင္း မ်ားစြာ အနားယူ ေနရၿပီး လီဗာပူး အတြက္ အျမန္ဆုံး ျပန္လည္ ကစားေပး ႏိုင္ဖို႔ ႀကိဳးစား လုပ္ေဆာင္ ေနတယ္လို႔ သတင္း ၾကားသိရ ပါတယ္ ။

Credit SPORTS MYANMAR

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X