Sport

ဗန်ဒီဘီကို သူ့လို Super Sub မျိုးဖြစ်အောင် ပုံသွင်းသွား မယ် လို့ ဆိုသွားခဲ့တဲ့ ဆိုလ်းရှား

UNICODE

ဗန်ဒီဘီကို သူ့လို Super Sub မျိုးဖြစ်အောင် ပုံသွင်းသွား မယ် လို့ ဆိုသွားခဲ့တဲ့ ဆိုလ်းရှား

မနေ့ည က ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနှင့် ပွဲစဉ်မှာ အနိုင်ဂိုးကို Bruno Fernandesက ဖရီးကစ်ကနေ တစ်ဆင့် သွင်းယူပေခဲ့ပြီး နောက် သရဲနီတို့ အတွက် ကြိုးကြာတေကို ပြိုင်ပွဲကနေ အဝေးသို့ လွှင့်စင် စေခဲ့သူ လည်း ဖြစ်ပါတယ်။ အဆို ပါ ပေါ်တူဂီ ကွင်းလယ်လူဟာ ယူနိုက်တက် ဂျာစီကို ၀တ်ဆင်ချိန်မှာ စ၍ ယခု ချိန်ထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးသော ကစားသမားတစ်ဦးအဖြစ် တည်ရှိနေပြီး မနေ့ည က ယှဉ်ပြိုင် ကစားခဲ့ တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ် မှာတော့ အရန်ကစားသမား အဖြစ်သာ ပါ၀င် ခွင့် ရခဲ့သူ လည်း ဖြစ်ပါတယ်။Bruno Fernandes ရဲ့နေရာမှာတော့ဒီရာသီ‌မှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ နယ်သာလန် ကွင်းလယ်လူ Van De Beek ကပါ၀င်ခွင့် ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဗန်ဒီဘီ နဲ့ ပါတ်သတ်ပြီး နည်းပြ ဖြစ်သူ ဆိုလ်းရှားက ဗန်ဒီဘီ ကို သူ့ငယ်ဘ၀ကလို ကစားသမား မျိုးဖြစ်အောင် ပြုပြင်သွားမယ့်အ
ကြောင်း ကို အရိပ်အမြွက် ဖွင့်ဟ သွားခဲ့ပါတယ်။ဆိုလ်းရှားက “Donnyပျော်နေပါတယ်လို့ ကျွန်တော်တစ်ခါမှမပြောခဲ့ဘူးနော်။ကစားပွဲတွေပိုပြီးသူကစားချင်နေမှာပါ။သူအခုဆို အလုပ်ကို ကောင်းမွန်အောင်လုပ်နေပါတယ်။ကျနော် တို့မှာ သူ့နေရာမှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားကောင်းတေ ရှိထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကြောင့်သင်ခန်းစာတွေ ရသွားပါပြီ လို့ ရိုးသားစွာ၀န်ခံသွားတဲ့ ကလောပ့်

သူ့ကို မြင်နေရတာ ကျနော့် ကစားသမားဘ၀ ကို ပြန်မြင် နေရသလိုပါဘဲ။ ရောက်ခါစမှာ ကျနော် လည်း သူ့လို အခက်ခဲတေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါကိုလည်း Donny ကောင်းကောင်းနားလည်ပါတယ်။ဆာအဲလက်စ်နဲ့ တုန်းက ကျနော် ဖြတ်သန်းခဲ့ရတဲ့ ပုံစံတိုင်းပါဘဲ။သူကျွန်တော့်ကိုချန်ထားခဲ့တုန်းက သူ့ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်နားလည်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲတွေအတွက် ကျွန်တော်ပျော်ရွှင်ခဲ့ရဖူးပါတယ် Donnyကလည်းဒီလိုလူစားမျိုးပါ။”ဟု ဖွင့်ဟ သွားခဲ့ပါတယ်။

ဗန်ဒီဘီ ဟာ မနေ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ပြီးခြေစွမ်းကောင်းတစ်ချို့ လည်း ပြသ နိုင်ခဲ့ပါတယ်။သိုပေမယ့် ဆိုလ်းရှားကတော့ ဗန်ဒီဘီ ကို ၎င်းရဲ့ ပုံစံအတိုင်း Super sub ကစားသမား အဖြစ် ပုံသွင်းမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

ZAWGYI


 


 


 

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X