Uncategorized

မန်ချက်စတာယူနိုက်တက် ကြောင့်သင်ခန်းစာတွေ ရသွားပါပြီ လို့ ရိုးသားစွာ၀န်ခံသွားတဲ့ ကလောပ့်

UNICODE

မန်ချက်စတာယူနိုက်တက် ကြောင့်သင်ခန်းစာတွေ ရသွားပါပြီ လို့ ရိုးသားစွာ၀န်ခံသွားတဲ့ ကလောပ့်

လီဗာပူး အသင်းရဲ့ နည်းပြ ယာဂန် ကလော့ပ် ကတော့ မနေ့ညက ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ရရှိလိုက်တဲ့ သင်ခန်းစာတွေဟာ ပရီးမီးယားလိဂ် မှာ စပါး နဲ့ ရင်ဆိုင် ကစားဖို့ အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေပဲလို့ မှတ်ချက်ပေးလိုက်ပါတယ်။ဂျာမန် သားကြီးဟာ ယူနိုက်တက် ရဲ့ တန်ပြန် တိုက်စစ်ကနေ တဆင့် သွင်းဂိုးတွေ ရယူသွားတဲ့ အချက်ကို ရည်ညွှန်းတာ ဖြစ်ပြီး ၊ စပါး ကလဲ အဲဒီလိုပဲ တန်ပြန် တိုက်စစ်ကို အသားပေး ကစားဦးမှာ ဖြစ်လို့ ၊ သူ့ ကစားသမားတွေ အနေနဲ့ သင်ခန်းစာ ယူရမယ်လို့ ပြောဆိုသွားခဲ့တာပါ။အခုဆိုရင် လီဗာပူးဟာ အက်ဖ်အေ ဖလားပြိုင်ပွဲကနေလဲ ထွက်လိုက်ရပြီ ဖြစ်လို့ ၊ လက်ကျန် ရာသီဝက်မှာ အဓိက ဆုဖလားကြီး နှစ်လုံး ကိုသာ အဓိကထား ယှဉ်ပြိုင် ကစားသွားရတော့မှာ ဖြစ်ပါတယ်။

“ FA Cup ပြိုင်ပွဲ ကနေ ထွက်လိုက်ရတာ က ကျနော်တို့ ဖြစ်ချင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး ၊ ဒါကြောင့် ဒီ ရှုံးပွဲ နဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ပျက် မိပါတယ်။ ယူနိုက်တက် လို အသင်းမျိုးကို အနိုင်ရချင်တယ် ဆိုရင် ကိုယ့်အသင်း အနေနဲ့ အမြင့်ဆုံး ခြေစွမ်းတွေ အပြင် ၊ စိတ်ဓါတ်ပိုင်းကလဲ ထိပ်ဆုံး ရောက်နေဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အနေအထားက အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့တာ မှန်ပေမယ့် ၊ ဒီညမှာတော့ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

နှစ်ပေါင်း 22 နှစ်ကြာမှာပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ လီ‌ဗာပူး၊ဖာနန်ဒက်၊ဆိုလ်းရှားတို့ ရဲ့ အံ့အားသင့်စရာတိုက်ဆိုင်မှု

 

ပွဲကို စတင်တဲ့ ပုံစံက ကောင်းလွန်းသည့်တိုင်အောင် ၊ အဆုံးအဖြတ် ပေးနိုင်တဲ့ အခိုက်အတန့်တွေမှာတော့ အမှားတွေ လုပ်ခဲ့မိတယ်လေ။ ယူနိုက်တက် ကို ပေးလိုက်ရတဲ့ ပထမ ချေပဂိုး မှာ ဆိုရင် ကျနော်တို့ ကစားသမား အများစု က တိုက်စစ်မှာ ချည်းပဲ စုပြုံ ရောက်နေတာပါ။ ပြီးတော့ ဘောလုံး ကို ဆုံးရှုံးလိုက်ရပြီ ဆိုတာ နဲ့ တန်ပြန်တိုက်စစ်တွေ ကို ခဏခဏ ခွင့်ပြုလိုက်ရတဲ့ အချက်ပါ။ ဂရင်းဝုဒ် ရဲ့ ချေပဂိုး ဆိုရင် ပထမဆုံး တန်ပြန်တိုက်စစ်ဆင်တာ မဟုတ်ဘူးလေ။ ဆိုတော့ အဲဒီ အပိုင်းတွေမှာ ကျနော်တို့ အနေနဲ့ အများကြီး တိုးတက်ဖို့ လိုပါတယ်။ကစားသမားတွေ ကတော့ အသင်းရဲ့ ရလာဒ်ဆိုးတွေကို အပြောင်းအလဲတွေ လုပ်ပစ်ချင်နေတယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့်မို့ ဂိုးတွေလဲ သွင်းပြနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့က သုံးဂိုး အထိ သွင်းလိုက်တော့ နောက်တစ်ဆင့်တက်သွားပြီး ၊ ကျနော်တို့ပဲ နှုတ်ထွက်လိုက်ရတာပါ။သို့သော်လဲ ဒီပွဲကနေ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ အများကြီး ရလိုက်ပါတယ်။ ဒါက ကောင်းတဲ့ အချက်တွေပါ။ ဥပမာ ပြောရရင် စပါး နဲ့ ပွဲအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ခုလို့တောင် မှတ်ယူလို့ ရမယ် ထင်ပါတယ်။ စပါး ကလဲ တန်ပြန် တိုက်စစ်ကို ကစားတဲ့ နေရာမှာ တော်တော်လေး ကောင်းတဲ့ အသင်းလေ။

ဒါကြောင့် ဒီအနေအထားတွေကို တားဆီးဖို့ ဆိုရင် ကျနော်တို့ အနေနဲ့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာ သိထားသင့်ပါပြီ” လို့ ပွဲအပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ လီဗာပူး ဟာ လာမယ့် ကြသပတေးည မှာတော့ စပါး အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်သလို ၊ နောက်ထပ် 3 ရက် အကြာမှာလဲ ဝက်စ်ဟမ်း အသင်းရဲ့ အိမ်ကွင်းကို ဆက်လက် သွားရောက် ကစားရမှာ ဖြစ်လို့ ပွဲကျပ်တွေ စောင့်ကြိုနေဆဲ ဖြစ်တယ်လို့ မှတ်ချက်ပေးရမှာပါ။သူတို့ ဟာ ပဲလေ့ ကို ဂိုးပြတ် နိုင်ပွဲ ရယူခဲ့ပြီး နောက်ပိုင်း ကတည်းက ပြိုင်ပွဲ ပေါင်းစုံမှာ အခုချိန်ထိ နိုင်ပွဲ ရအောင် ရှာဖွေထားနိုင်ခြင်း မရှိသေးပါဘူး။

Credit to SPORTS MYANMAR

ZAWGYI

မန္ခ်က္စတာယူႏိုက္တက္ ေၾကာင့္သင္ခန္းစာေတြ ရသြားပါၿပီ လို႔ ႐ိုးသားစြာ၀န္ခံသြားတဲ့ ကေလာပ့္

လီဗာပူး အသင္းရဲ႕ နည္းျပ ယာဂန္ ကေလာ့ပ္ ကေတာ့ မေန႔ညက ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္က ရရွိလိုက္တဲ့ သင္ခန္းစာေတြဟာ ပရီးမီးယားလိဂ္ မွာ စပါး နဲ႔ ရင္ဆိုင္ ကစားဖို႔ အတြက္ အေကာင္းဆုံး ျပင္ဆင္မႈေတြပဲလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။ဂ်ာမန္ သားႀကီးဟာ ယူႏိုက္တက္ ရဲ႕ တန္ျပန္ တိုက္စစ္ကေန တဆင့္ သြင္းဂိုးေတြ ရယူသြားတဲ့ အခ်က္ကို ရည္ၫႊန္းတာ ျဖစ္ၿပီး ၊ စပါး ကလဲ အဲဒီလိုပဲ တန္ျပန္ တိုက္စစ္ကို အသားေပး ကစားဦးမွာ ျဖစ္လို႔ ၊ သူ႔ ကစားသမားေတြ အေနနဲ႔ သင္ခန္းစာ ယူရမယ္လို႔ ေျပာဆိုသြားခဲ့တာပါ။အခုဆိုရင္ လီဗာပူးဟာ အက္ဖ္ေအ ဖလားၿပိဳင္ပြဲကေနလဲ ထြက္လိုက္ရၿပီ ျဖစ္လို႔ ၊ လက္က်န္ ရာသီဝက္မွာ အဓိက ဆုဖလားႀကီး ႏွစ္လုံး ကိုသာ အဓိကထား ယွဥ္ၿပိဳင္ ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

“ FA Cup ၿပိဳင္ပြဲ ကေန ထြက္လိုက္ရတာ က က်ေနာ္တို႔ ျဖစ္ခ်င္တဲ့ ပုံစံမ်ိဳး မဟုတ္ပါဘူး ၊ ဒါေၾကာင့္ ဒီ ရႈံးပြဲ နဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလး စိတ္ပ်က္ မိပါတယ္။ ယူႏိုက္တက္ လို အသင္းမ်ိဳးကို အႏိုင္ရခ်င္တယ္ ဆိုရင္ ကိုယ့္အသင္း အေနနဲ႔ အျမင့္ဆုံး ေျခစြမ္းေတြ အျပင္ ၊ စိတ္ဓါတ္ပိုင္းကလဲ ထိပ္ဆုံး ေရာက္ေနဖို႔ လိုအပ္ပါတယ္။ က်ေနာ္တို႔ အေနအထားက အေကာင္းဆုံး ပုံစံမွာ ရွိမေနခဲ့တာ မွန္ေပမယ့္ ၊ ဒီညမွာေတာ့ တိုးတက္မႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။

ပြဲကို စတင္တဲ့ ပုံစံက ေကာင္းလြန္းသည့္တိုင္ေအာင္ ၊ အဆုံးအျဖတ္ ေပးႏိုင္တဲ့ အခိုက္အတန႔္ေတြမွာေတာ့ အမွားေတြ လုပ္ခဲ့မိတယ္ေလ။ ယူႏိုက္တက္ ကို ေပးလိုက္ရတဲ့ ပထမ ေခ်ပဂိုး မွာ ဆိုရင္ က်ေနာ္တို႔ ကစားသမား အမ်ားစု က တိုက္စစ္မွာ ခ်ည္းပဲ စုၿပဳံ ေရာက္ေနတာပါ။ ၿပီးေတာ့ ေဘာလုံး ကို ဆုံးရႈံးလိုက္ရၿပီ ဆိုတာ နဲ႔ တန္ျပန္တိုက္စစ္ေတြ ကို ခဏခဏ ခြင့္ျပဳလိုက္ရတဲ့ အခ်က္ပါ။ ဂရင္းဝုဒ္ ရဲ႕ ေခ်ပဂိုး ဆိုရင္ ပထမဆုံး တန္ျပန္တိုက္စစ္ဆင္တာ မဟုတ္ဘူးေလ။ ဆိုေတာ့ အဲဒီ အပိုင္းေတြမွာ က်ေနာ္တို႔ အေနနဲ႔ အမ်ားႀကီး တိုးတက္ဖို႔ လိုပါတယ္။

ဘရူနို ရဲ့ ဖရီးကစ်သွင်းဂို: က ခွင့်မပြုသင့်ဖူးလို့ တိုက်ရိုက်ဝေဖန်လိုက်တဲ့ အီရန်ရိုက်

ကစားသမားေတြ ကေတာ့ အသင္းရဲ႕ ရလာဒ္ဆိုးေတြကို အေျပာင္းအလဲေတြ လုပ္ပစ္ခ်င္ေနတယ္ ဆိုတာ သိသာပါတယ္။ ဒါေၾကာင့္မို႔ ဂိုးေတြလဲ သြင္းျပႏိုင္ခဲ့တယ္။ ဒါေပမယ့္ သူတို႔က သုံးဂိုး အထိ သြင္းလိုက္ေတာ့ ေနာက္တစ္ဆင့္တက္သြားၿပီး ၊ က်ေနာ္တို႔ပဲ ႏႈတ္ထြက္လိုက္ရတာပါ။သို႔ေသာ္လဲ ဒီပြဲကေန အေပါင္း လကၡဏာေဆာင္တဲ့ တိုးတက္မႈေတြ အမ်ားႀကီး ရလိုက္ပါတယ္။ ဒါက ေကာင္းတဲ့ အခ်က္ေတြပါ။ ဥပမာ ေျပာရရင္ စပါး နဲ႔ ပြဲအတြက္ ေကာင္းမြန္တဲ့ ျပင္ဆင္မႈ တစ္ခုလို႔ေတာင္ မွတ္ယူလို႔ ရမယ္ ထင္ပါတယ္။ စပါး ကလဲ တန္ျပန္ တိုက္စစ္ကို ကစားတဲ့ ေနရာမွာ ေတာ္ေတာ္ေလး ေကာင္းတဲ့ အသင္းေလ။

ဒါေၾကာင့္ ဒီအေနအထားေတြကို တားဆီးဖို႔ ဆိုရင္ က်ေနာ္တို႔ အေနနဲ႔ ဘာေတြ လုပ္ေဆာင္ရမလဲ ဆိုတာ သိထားသင့္ပါၿပီ” လို႔ ပြဲအၿပီးမွာ မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။ လီဗာပူး ဟာ လာမယ့္ ၾကသပေတးည မွာေတာ့ စပါး အသင္းရဲ႕ အိမ္ကြင္းကို သြားေရာက္ ကစားရမွာ ျဖစ္သလို ၊ ေနာက္ထပ္ 3 ရက္ အၾကာမွာလဲ ဝက္စ္ဟမ္း အသင္းရဲ႕ အိမ္ကြင္းကို ဆက္လက္ သြားေရာက္ ကစားရမွာ ျဖစ္လို႔ ပြဲက်ပ္ေတြ ေစာင့္ႀကိဳေနဆဲ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးရမွာပါ။သူတို႔ ဟာ ပဲေလ့ ကို ဂိုးျပတ္ ႏိုင္ပြဲ ရယူခဲ့ၿပီး ေနာက္ပိုင္း ကတည္းက ၿပိဳင္ပြဲ ေပါင္းစုံမွာ အခုခ်ိန္ထိ ႏိုင္ပြဲ ရေအာင္ ရွာေဖြထားႏိုင္ျခင္း မရွိေသးပါဘူး။

Credit to SPORTS MYANMAR

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X