Uncategorized
နှစ်ပေါင်း 22 နှစ်ကြာမှာပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ လီ‌ဗာပူး၊ဖာနန်ဒက်၊ဆိုလ်းရှားတို့ ရဲ့ အံ့အားသင့်စရာတိုက်ဆိုင်မှု
UNICODE
နှစ်ပေါင်း 22 နှစ်ကြာမှာပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ လီ‌ဗာပူး၊ဖာနန်ဒက်၊ဆိုလ်းရှားတို့ ရဲ့ အံ့အားသင့်စရာတိုက်ဆိုင်မှု
ယူနိုက်တက်ဟာ မနေ့ည က လီဗာပူးအသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ 3-2 ဆို တဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်အနည်းငယ်က လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သရေရလဒ်သာ ရရှိပြီးတဲ့ နောက်မှာ ယူနိုက်တက်တို့ ဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာအနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပြီး နောက်တစ်ဆင့်ကို ထိုက်ထိုက်တန် တန် တက်လှမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပြီး ဆာလက်က စတင်သွင်း ယူပေးသွားခဲ့တာကြောင့် ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။
ပထမပိုင်း အပြီး မှာ ယူနိုက်တက် က ဂရင်းဝုဒ်ရဲ့ ခြေပဂိုးကြောင့် တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်ကို ရရှိခဲ့ကြပါတယ်။ဒုတိယပိုင်းစတင်ချိန်မှာတော့ ယူနိုက်တက်ဘက်က ‌ဦးဆောင်င်ဂိုး စတင် သွင်းယူ လိုက်ပြီး 2-1 ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။သို့ပေမယ့် လီဗာပူးဘက် က ပြန်လည် လိုက်ဖိအားပေးကစားခဲ့ ပြီး ခြေပဂိုး ကို ပြန်လည် ရယူသွားကာ 2-2 ဆိုတဲ့ ရလဒ်ကြေ့ာင့် အကြိတ်အနယ် ရှိခဲ့တာ လည်း တွေ့ရပါတယ်။
သို့ပေမယ့် ယူနိုက်တက် ရဲ့ အနိုင်ဂိုးကို ပွဲကစားချိန် 65 မိနစ်ကျော်မှ လူစား၀င်လာခဲ့သူ ဘရူနိုဖာနန်ဒက်က လှလှပပ သွင်းးယူပေးခဲ့ကာ နောက်တစ်ဆင့်ကို တက်လှမ်းစေခဲ့တာ လည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုလ်းရှားနဲ့ ဘရူနိုဖာနန်ဒက်တို့ ရဲ့ နှစ်ပေါင်း 22 နှစ် အကြာမှာမှ လီဗာပူးအသင်းနဲ့ ပါတ်သတ်သော ထူးထူးခြားခြား တိုက်ဆိုင်စွာ ဖြစ်ဖေါ်ခဲ့တဲ့ အကြောင်း အရာတစ်ခု ပေါ် ထွက်လာခဲ့ပါတယ်။
ယူနိုက်တက်တို့ လီဗာပူးကို နိုင်ရတဲ့အဓိကအချက်ကိုပြောသွားခဲ့တဲ့ တိကျသောခန့်မှန်းဆရာကြီးမိုက်ကယ်အို၀င်
အဆိုပါ အကြောင်း အရာကတော့ လွန်ခဲ့သော 1999 ခုနှစ် ဇန်နဝါရီလ 24 ရက်နေ့မှာ ယခုလိုမျိုး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့် မှာ လီဗာပူးအသင်းနဲ့ တွေ့ဆုံခဲ့ရာ အိုလီဂန်နားဆိုလ်းရှားက လူစား၀င်ကာ နောက်တစ်ဆင့်ကို တတ်လှမ်းမယ့် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူး အသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ပင် ထူးဆန်းတိုက်ဆိုင်စွာ မနေ့ညက လီဗာပူးအသင်းကို ပြိုင်ပွဲက ထွက်ခွာစေခဲ့တဲ့ အနိုင်ဂိုး ကို သွင်းယူခဲ့ သူ ဘရူနိုဖာနန်ဒက်မှာ လည်း ဆိုလ်းရှားကဲ့သို့ပင် ဇန်နဝါရီ 24 ရက်နေ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ပင် အနိုင်ဂိုး ကို လူစားဝင်ရောက်ကာ သွင်းယူပေးသွားခြင်းဖြစ်ပါတယ်။လ၊နေ့ရက်၊တူညီသည့် ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်တို့ပါတူသည့်အပြင်၊ ဂိုးသွင်းခံရသည့်အသင်းမှာ လီဗာပူးအသင်းဖြစ်နေခြင်း ပြိုင်ပွဲက ထွက်ခွာသွားရသည့် အသင်းကပါ လီ‌ဗာပူးအသင်းဖြစ်
နေခြင်း အပြင် အနိုင်ဂိုးကို လူစား၀င်ကာသွင်းယူသည့် ပုံစံပါတူ ညီနေတဲ့ ဆိုလ်းရှားနဲ့ ဘရူနို ဖာနန်ဒက်တို့ ရဲ့ နှစ်ပေါင်း 22 နှစ်အကြာမှာ ဖြစ်ပေါ်တဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုကို စာဖတ်သူတို့ သိရှိနိုင်စေရန်ဖေါ်ပြပေးလိုက်ရပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X