Sport
ယူနိုက်တက်တို့ လီဗာပူးကို နိုင်ရတဲ့အဓိကအချက်ကိုပြောသွားခဲ့တဲ့ တိကျသောခန့်မှန်းဆရာကြီးမိုက်ကယ်အို၀င်
UNICODE
ယူနိုက်တက် တို့ လီဗာပူးကို နိုင်ရတဲ့ အဓိက ကွာခြားချက်ကို ပြောပြသွားခဲ့တဲ့ မိုက်ကယ်အို၀င်
အသင်းကြီးနှစ်သင်းရဲ့ အတိတ်ဟောင်းတွေကိုယ်စီရှိကြတဲ့ အသင်းကြီးနှစ်သင်းရဲ့ အားပြိုင်မှုကတော့ ပွဲအစကတည်းကပင် အရှိန်မြင့်တတ်နေခဲ့တာပါ။ ပထမအဖွင့်ဂိုးကိုတော့ လီဗာပူးလ်အသင်းရဲ့ ဆာလာ ကသွင်းယူခဲ့ပြီး ၂၆မိနစ်အချိန်မှာတော့ ဂရင်းဝုဒ်က ယူနိုက်တတ်အသင်းအတွက် ပြန်လည်ချေပဂိုးရယူခဲ့ပါတယ်။ ပွဲစဉ်ပထမပိုင်းမှတော့ ၁-၁ ဂိုးသရေရလဒ်နဲ့ပြီးဆုံးစေခဲ့ပါတယ်။
ဒုတိယပိုင်းပွဲစဉ်အစ ၄၈မိနစ်မှာတော့ ရက်ရ်ှဖို့ဒ့်က ယူနိုက်တတ်အတွက် တစ်ဂိုးထပ်မံသွင်းယူပေးခဲ့ကာ ပွဲစဉ်ကိုပိုမိုအရှိန်မြင့်တတ်လာစေခဲ့ပြီး ပွဲစဉ်ချိန် ၅၈မိနစ်မှာ လီဗာပူးလ်အသင်းမှာ ပြန်လည်ချေပဂိုးကို ဆာလာကပဲထပ်မံသွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တတ်အသင်းရဲ့ အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းမှာ လူစား၀င်ရောက်လာတဲ့ ဖာနန်ဒက်စ် ရဲ့ ဖရီးကစ်ကနေတစ်ဆင့် ဂိုးအဖြစ်ရရှိခဲ့ပြီး ယူနိုက်တတ်အသင်းက ၃ ဂိုး လီးဗာပူးလ်အသင်း ၂ ဂိုး ရလဒ်နဲ့ အိုးထရတ်ဖိုဒ့်မှာ လီဗာပူးလ်အသင်းဟာရှုံးနိမ့်ခဲ့ပါတယ်။
ဘရူနို ရဲ့ ဖရီးကစ်သွင်းဂို: က ခွင့်မပြုသင့်ဖူးလို့ တိုက်ရိုက်ဝေဖန်လိုက်တဲ့ အီရန်ရိုက်
ယှဉ်ပြိုင်မှုအားကြီးမားခဲ့တဲ့ ဒီပွဲစဉ်အပြီးမှာတော့ မိုက်ကယ်အို၀င်ကတော့ အသင်းကြီးနှစ်သင်းရဲ့ဖြစ်ပေါ်လာခဲ့တဲ့ ခြားနားချက်နဲ့ထူးခြားမှုတစ်ခုကို အခုလိုပဲထုတ်ဖော်သွားခဲ့ပါတယ်။ “ဒီနေ့ပွဲမှာ နှစ်သင်းအကြား ဘာတွေကွာခြားသွားလဲဆိုရင် ယူနိုက်တက်အသင်းက လက်တလောမှာ ပုံစံကောင်းတွေရနေပြီး ရလဒ်တွေကောင်းနေလို့ ယုံကြည်မှုအပြည့်ရှိနေတဲ့အသင်း။ လီဗာပူးလ်အသင်းကတော့ ပုံစံကောင်းတွေရဖို့ ရုန်းကန်နေရတဲ့အသင်း။ဒီအရာတွေက အဓိက စကားပြောသွားတာပဲဆာလာကတော့ နှစ်ဂိုးသွင်းနိုင်ခဲ့တာတောင် အနိုင်မရခဲ့လို့ စိတ်ပျက်နေမိမှာပါ။super sub ဖာနန်ဒက်စ်ကြောင့်။သာမန်လူစာ၀င်ကစားတာမျိုးမဟုတ်ဘဲ ပြိုင်ပွဲရဲ့အဖြေကိုပါ ပြောင်းပြစ်နိုင် ခဲ့တဲ့ ကစားသမား။ သူ့ရဲ့ဖရီးကစ်ကလည်း အလွန်ကောင်း ခဲ့တယ်” လို့ပြောသွား ခဲ့ပါတယ်။
ဒါ့အပြင် လီ‌ဗာပူး အသင်းအနေနဲ့ နောက်ခံလူတစ်ဦးဦးကို ဒီဇန်နဝါရီမှာ အရခေါ်ယူရန် လိုအပ်နေပြီ‌ဖြစ်ကြောင်း ကို လည်း အသိပေးပြောဆိုသွားခဲ့ပါတယ်။အထက်ပါအကြောင်းအရာကို ဘောလုံးသတင်းစုံ ပေခ်ျ့မှ ကူးယူဖေါ်ပြလိုက်ပါသည်။တိကျသောခန့်မှန်းဆရာကြီမိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်           မန်ယူနိုက်တက် 1-2 လီဗာပူး
zawgyi
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X