Sport
မန်ယူနိုက်တက်3-2 လီဗာပူးပွဲစဉ်အပြီး ပရိတ်သတ်တေသိထားသင့်သော ထူးခြားသည့်အချက်အလက်တစ်ချို့
UNICODE
မန်ယူနိုက်တက်3-2 လီဗာပူးပွဲစဉ်အပြီး ပရိတ်သတ်တေသိထားသင့်သော ထူးခြားသည့်အချက်အလက်တစ်ချို့
၁၉နှစ် နှင့် ၈၃ရက်သာရှိသော Wayne Rooney၏ ၂၀၀၅၊ ဇန်နဝါရီလတွင် လီဗာပူးကို သွင်းယူခဲ့ပြီးနောက် ယခုအခါ Mason Greenwood (၁၉နှစ် နှင့် ၁၁၅ရက်) သည် လီဗာပူးလ်အသင်းအားဂိုးသွင်းယူခဲ့သည့် အသက်အငယ်ဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ ဒါ့အပြင် ဒီသွင်းဂိုးကြောင့် ၎င်းရဲ့ ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းကိုလည်း ပါယ်ဖြတ်သွားနိုင်ပြီ ဖြစ်ပါတယ်။
သွင်းဂိုးတစ်ဂိုး ဖန်တီးရယူပေးလိုက်တဲ့ Rashford ဟာတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ပွဲမှာ သွင်းဂိုး ၁၂ဂိုးအထိ ပါဝင်ပတ်သက်နေခဲ့ပါတယ်။
ဒါ့အပြင် အိမ်ကွင်း အိုးထရက်ဖို့ဒ် Liverpool နဲ့တွေ့ဆုံထားတဲ့ နောက်ဆုံး ၄ကြိမ်မှာ Marcus Rashford ဟာတော့ 4 ဂိုးထိသွင်းယူထားတာကို တွေ့ရပါတယ်။10-03-18( 2 ဂိုး)၊24-02-19 (မသွင်း)၊20-10-19( 1 ဂိုး)၊24-01-21 (1 ဂိုး )
FAဖလား ပွဲပြီးရလဒ်                မန်ချက်စတာယူနိုက်တက် ၃-၂ လီဗာပူးလ်
မန်ချက်စတာယူနိုက်တက် – ဂရင်းဝုဒ်(၂၆ မိနစ်)၊ ရပ်ရှ်ဖို့ဒ်(၄၈ မိနစ်)၊ ဖာနန်ဒက်စ်(၇၈ မိနစ်)             လီဗာပူးလ် – ဆာလာ(၁၈၊ ၅၈ မိနစ်)
(မန်ချက်စတာယူနိုက်တက်အသင်းသည် FAဖလား ပဉ္စမအဆင့်တွင်ဝက်စ်ဟမ်းအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။)
ယူနိုက်တက်အသင်းဟာ FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ကြောင့် ထွက်ခွာရသည်မှာ တစ်ခြားသောမည်သည့် ပြိုင်ဘက်အသင်းများထက်မဆို များပြားခဲ့ပြီး ယခုတစ်ကြိမ်နဲ့ဆို 10 ကြိမ်ထိရှံးနိမ့်ခဲ့တာဖြစ်ကြောင်း သိရပါသည်။ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ်ကွင်းအတွင်း လီဗာပူးအသင်းအနိုင်မရရှိသည်မှာ 7 နှစ် နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးအနိုင်ရရှိခဲ့သောပွဲစဉ်မှာ 2004 ခုနှစ်က ဖြစ်ကြောင်း သိရပါသည်။
မျှော်လင့်ချက်တေပေးပြီးမှ တောက်ချလိုက်တဲ့ယူနိုက်တက် ၃-၂ လီဗာပူး ပွဲအပြီး သုံးသပ်ချက်
ယူနိုက်တက်အသင်းရဲ့ အစောပိုင်းသွင်းဂိုး နှစ်ဂိုးဟာ ယူနိုက်တက်အကယ်ဒမီကစားသမား နှစ်ဦးရဲ့ အတွဲအဖက်က နေရရှိခဲ့တာဖြစ်ပြီး သမိုင်းတစ်ယောက် အကယ်ဒမီ အတွက်ဖက်ကနေ နှစ်ဂိုးဆက် ရရှိခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါသည်။
#MUFF
ZAWGYI
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X