Sport
မျှော်လင့်ချက်တေပေးပြီးမှ တောက်ချလိုက်တဲ့ယူနိုက်တက် ၃-၂ လီဗာပူး ပွဲအပြီး သုံးသပ်ချက်
UNICODE
ဒီကနေ့ ပွဲစဉ်က ရှုံးထွက် ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းလုံးက ကစားသမားအစုံလင်နီးပါးဖြင့် ပွဲထွက်လာခဲ့ပြီးတော့ ယူနိုက်တက်ဘက်က ဖာနန်ဒက်ရဲ့ နေရာမှာ ဗန်ဒီဘီကို ထည့်သွင်းပြီး ဂရင်းဝုဒ်ကို မာရှယ်အစားထည့်သွင်းပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာမှာတော့ ဒင်းဟန်ဒါဆန်ပါ၀င်လာကာ လူစုံနီးပါးဖြင့်ပွဲထွက်လာခဲ့ပါတယ်။ယူနိုက်တက်တို့ ဟာ အိမ်ကွင်းပွဲစဉ်ဖြစ်တာနဲ့ အညီ လီဗာပူးအသင်းကို အခွင့်အရေး များစွာပေးမသွားခဲ့ဘဲအထူးသဖြင့် ပေါလ်ပေါ့ဘာရဲ့ ပထမပိုင်းကန်ချက်ျတဟာ အတော်လေးကို ဂိုးရဖို့ နီးစပ်ခဲ့တာကို တွေ့ရပါတယ်။ဒီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ သွင်းဂိုးတေကို ရက်ဖို့၊ဂရင်းဝုဒ်နဲ့ ဘရူနိုဖာနန်ဒက်တို့ က တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ အဆုံးအဖြတ်ကို ဘရူနိဖာနန်ဒက် ကဘဲဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပြီး အသင်းကြီးတေကိုတွေ့ဆုံတဲ့ ပွဲစဉ်တေမှာ ခြေစွမ်းမပြ နိုင်ဖူးဆိုတဲ့ သူ့ရဲ့ မီတ်တမ်းဆိုးကို ခြေဖြတ်ဖို့ မိနစ် ၂၀ နီးပါးသာ သူ့အတွက်လိုအပ်ခဲ့တာ တွေ့ခဲ့ရပါတယ်။အထူးသဖြင့် မိနစ် ၉၀ လောက်မှာ တိုင်ထိခဲ့ရတဲ့ ကာဗာနီရဲ့ ခေါင်းတိုက်ဘောသာ ဂိုး၀င်ခဲ့ပါက ဘရူနိုဖာနန်ဒက် အနေနဲ့ ဖန်တီးမှု တစ်ကြိမ်ပါ ရရှိခဲ့ဦးမှာလည်းဖြစ်ပါတယ်။
တော်မီနေးမှာသရဲနီစိတ်ဓါတ်တေအပြည့်၀ရှိနေကြောင်းပြောပြသွားခဲ့တဲ့ယူနိုက်တက်အတွင်းလူတစ်ဦး
လီဗာပူးအသင်းရဲ့ သွင်းဂိုး နှစ်ဂိုးလုံးကိုဆာလက်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ယူနိုက်တက် နောက်တန်း အမှားတေ ကနေ သွင်းဂိုးတေ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ပေါလ်ပေါ့ဘာရဲ့ ကြိုးစားအားထုတ်မှု တေကလည်း အားရစရာဖြစ်ခဲ့ပြီး အထူးသဖြင့် ခံစစ် အထိလိုက်ပါကာ ဘောလုံးဖြတ်ထုတ်မှု၊တိုက်စစ်ပိုင်းမှာ ဂိုးပေါက် ခြိမ်းခြောက်မှုတေက အစ ပေါလ်ပေါ့ဘာဟာ ယူနိုက်တက်အတွက် အဓိက ဦးဆောင်ပေးသွားခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကို လည်းအကောင်းဆုံးမောင်းနှင် ပေးသွားခဲ့တာကို တွေ့ရပါတယ်။ယူနိုက်တက်က ဒီပွဲစဉ်မှာ အဓိက အားဖြင့် ရက်ဖို့ ရဲ့ ဘယ်ခြမ်းကနေ လုံး၀ အားပြုကာ ဖိအားပေးသွားခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုး ၂ ဂိုးဟာလည်း ရက်ဖို့ ပါ၀င်ပါတ်သတ်ခဲ့တာကိုလည်းတွေ့ရ့ပါတယ်။ဒါ့အပြင် ရက်ဖို့ဟာ ယနေ့ညသွင်းဂိုးကြောင့် အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ လီဗာပူးအသင်းနှင့် နောက်ဆုံးတွေ့ဆုံတဲ့ ၄ ပွဲမှာ ၄ ဂိုးအထိ ရယူသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ယနေ့ပွဲစဉ်မှာ အထူးချီးကျူးရမယ့် လူကတော့ ရက်ဖို့၊‌ကာဗာနီ၊ဖာနန်ဒက်၊ ပေါ့ဘာ တို့ ဖြစ်ခဲ့ကြပြီး အထူးသဖြင့် ကာဗာနီရဲ့ တိုက်စစ်ကို ဦးဆောင် နိုင်ုမှ ဟာ အတော်လေးကို ချီးကျူးစရာ ကောင်းခဲ့ပြီးကံခေလို့ သွင်းဂိုး မရနိုင်ခဲ့ပေမယ့် လုံး၀ ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် ဂရင်းဝုဒ်တစ်ယောက် တစ်ကိုယ်ကောင်းဆန် ခဲ့မှုကို ပထမသွင်းဂိုး ရရှိပြီး ချိန်၌ ခေါ်ယူကာ သတိပေးသွားတဲ့ အပြုမူကလည်း ယူနိုက်တက် လူငယ်တိုက်စစ်မှုးတေအတွက် ယူတတ်ရင် အဖိုးမဖြတ်နိုင်တဲ့ အရာတေဘဲဖြစ်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။ကဲ ခင်ဗျားတို့ အမြင်လေးတေလည်းပြောသွားကြပါဦးဗျာ။ကျေးဇူးပါ။
#MUFF
ZAWGYI
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X