Uncategorized

တော်မီနေးမှာသရဲနီစိတ်ဓါတ်တေအပြည့်၀ရှိနေကြောင်းပြောပြသွားခဲ့တဲ့ယူနိုက်တက်အတွင်းလူတစ်ဦး

UNICODE

တော်မီနေးမှာသရဲနီဆန်တဲ့စိတ်ဓါတ်တေအပြည့်၀ရှိနေကြောင်းပြောပြသွားခဲ့တဲ့ယူနိုက်တက်အတွင်းလူတစ်ဦး

ယူနိုက်တက်အသင်းမှာ တော်မီနေးဟာ ပြီးခဲ့တဲ့ ယခင်နည်းပြဟောင်း ဖြစ်သူ မော်ရင်ဟိုလက်ထက်မှာမှ စတင် ပွဲထွက်ခွင့်ရခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းရဲ့ တဗါန်းတွန်းတိုက်တိုက် ရဲရဲရင့်ရင့် ကစားဟန်တေဟာ ပရိတ်သတ်တေသာမက နည်းပြ ဖြစ်သူဘတေအတွက်ပါ အဓိက လက်နှက်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ယခု အချိန်မှာတော့ အသင်းမှာ ပုံမှန်အားဖြင့် ပွဲထွက်ကစားခွင့်တေကို ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ဒါ့အပြင် ၎င်းရဲ့ မာမာထန်ထန် ကစားဟန်ကြောင့် ပရိတ်သတ်တေရဲ့ အချစ်ကို အပြည့်အ၀ ရရှိထားသူတစ်ဦးဖြစ်ပြီးယူနိုက်တက်ရဲ့ ပရိတ်သတ်အချစ်တော်နည်းပြ ဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ချီးကျူးမှု ကို အပြည့်အ၀ ရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ဒါ့အပြင် ၎င်းရဲ့ ကစားဟန် ရိုးရှင်းမှု ကြောင့် ရိုးရိုးလေးနဲ့ ကြောက်စရာကောင်းတဲ့ သူတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်မှာ ဘရားဇီးသားဖရက်နဲ့ အတူ အထူးခြေစွမ်းများပြသထားနိုင်သူ တစ်ဥိးလည်း ဖြစ်ပါတယ်။ဒါ့အပြင်အသင်းခေါင်းဆောင်အဖြစ်လည်း ပွဲတစ်ချို့ကို ပါ၀င်ခွင့်ရသည်အထိ တည်ငြိမ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

ယူနိုက်တက်မှာသူခြေစွမ်းပြသနိုင်ခြင်း ရဲ့ အဓိကအကြောင်းရင်းကိုပထမဆုံးကြိမ်ဖွင့်ဟသွားခဲ့တဲ့ ကာဗာနီ

အဆိုပါကဲ့သို့ တည်ငြိမ်ပြတ်သားတဲ့ တော်မီနေးနဲ့ ပါတ်သတ်ပြီး ယူနိုက်တက်အတွင်းလူတစ်ဦးမှ” တကယ်လို့ အသင်းမှာ သူ ပွဲထွက်ခွင့်မရရင်ခဲ့ဖူးဆိုရင်တောင် စကော့ တိုမီနေးဟာ အသင်းဖော်တွေအသင်းသား၊ နည်းပြတွေအပေါ် မကျေမနပ်ပြန်ပြော တာတွေ၊ ညည်းတွားတာတွေလည်း မရှိပါဘူး။သူ့ကိုယ်သူ ဘဲ ဒီထက်ပိုကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့စိတ်က သူ့စီမှာ ကိန်းအောင်းနေတာပါ။တကယ်ကို သူ့ဆီမှာ အဲ့လိုစိတ်ဓာတ်တွေ ရှိပါတယ်။ ဒါ့ပြင် အသင်းမှာ ပွဲထွက်ခွင့် မရတဲ့သူတေ၊အမှားလုပ်မိလို့ သူ့ရှေ့မှာ ညည်းတွားနေတဲ့သူတေက‌တော့ အမှားကြီးမှားတာပါဘဲ။တော်မီနေးသာ တွေ့ခဲ့ရင် တော့ ` မင်းတို့ကောင်တေ ညည်းနေတာရပ် လိုက်တော့။ မင်းတို့ကစားနေတာ ယူနိုက်တက်။ယူနိုက်တက်အတွက်မင်းတို့ ကစညးနေချိန် အဲ့လိုစိတ်ဓာတ်တွေမထားနဲ့ ´ လို့ပြောလေ့ရှိပါတယ်။ အရင်တစ်ချိန် တုန်းကဆို အဝတ်စားလှယ်ခန်းမှာ အနုတ်လက္ခဏာဆန် တဲ့ ကစားသမားတွေရှိခဲ့ပေမယ့် အခုတော့မရှိကြတော့ဘူး။ အထူးသဖြင့် တိုမီနေးက နည်းပြကို ပြန်ခံပြောတက် တဲ့ ကစားသမားတွေလုံး၀ လုံး၀ ကို ကြည့်မရတဲ့သူတစ်ဦးပါ။ ” ဟု ‌ပြောပြ သွားခဲ့ပါတယ်။

#MUFF

ZAWGYI






မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုတယ်လို့ဖွင့်ဟ သွားခဲ့တဲ့ ကူလီဗာလီ


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X