Sport

အချက်လက်တေအရ ယူနိုက်တက်တို့ အနိုင်ရဖို့ အခွင့်သာနေတဲ့ လီဗာပူးနဲ့ ပွဲ ခန့်မှန်းပွဲကြိုသုံးသပ်ချက်

UNICODE

အချက်လက်တေအရ ယူနိုက်တက်တို့ အနိုင်ရဖို့ အခွင့်သာနေတဲ့ လီဗာပူးနဲ့ ပွဲ ခန့်မှန်းပွဲကြိုသုံးသပ်ချက်

ယူနိုက်တတ်အသင်းနဲ့ လီဗာပူးအသင်းတို့ ဟာ မနက်ဖြန်ည (တန္ဂနွေည) ၁၁:၃၀ အချိန်မှာ FA ဖလားရဲ့ စတုထ္ထ အဆင့် ပွဲစဉ်အဖြစ် မန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့် ကွင်းအတွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရမှာလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာ အနိုင်ရရှိသည့် အသင်းက နောက်တစ်ဆင့် တတ်လှမ်းရမှာ ဖြစ်လို့ ယူနိုက်တက်အသင်းတွက်သာ မက လီဗာပူး အသင်းအတွက်ပါ ဂုဏ်သိက္ခာပိုင်း အရ အလွန် တန်ဖိုး ရှိနေသော ပွဲစဉ်တစ်ပွဲအဖြစ်လည်းတည်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက်အသင်းက လူစာရင်း အပြောင်း အလဲတစ်ချို့ ပြူလုပ်လာဖွယ်ရှိပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာတိုက်စစ်မှုးဖြစ်သူ ကာဗာနီ ပါ၀င်ပွဲထွက်လာနိုင်ပြီးတော့ ဗန်ဒီဘီကို လည်း အသုံးပြုသွားဖွယ်ရှိနေပါတယ်။ယူနိုက်တက်အသင်းက နောက်ပိုင်း ပွဲစဉ်တေမှာ ခြေစွမ်းကောင်းတေ ဆက်တိုက်ပြသထားနိုင်ပြီး တော့ အထူးသဖြင့် ကွင်းလယ်လူ ပေါလ်ပေါ့ဘာက သွင်းဂိုးတေနဲ့ အတူ သူ့ရဲ့ အကောင်းဆုံးသော အချိန်ကာလအပိုင်းအခြားကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ခံစစ်ပိုင်း မှာလည်း အဲရစ်ဘိုင်လီ၊လင်ဒီလောဒ့် နဲ့ မက်ဂွားယားတို့သုံးဦးစလုံး ဒါဏ်ရာ ကင်းစင်နေတာ ဖြစ်လို့ ယူနိုက်တက်အတွက်တော့ အိမ်ကွင်းမှာ အနိုင်ရဖို့ အခြေအနေ ပိုကောင်းနေတာလည်း ဖြစ်ပါတယ်။

မနက်ဖြန်ည မန်ယူနိုက်တက် နှင့် လီဗာပူး ပွဲစဉ်မတိုင်ခင် ပရိတ်သတ်တေသိထားသင့်သော အချက် ၅ ချက်

ဒါ့အပြင် ယခုပွဲမှာ ယူနိုက်တက် အသင်း က အိမ်ကွင်း ပွဲစဉ် ဖြစ်တဲ့ အပြင်အစဥ်အလာပိုင်းဆိုင်ရာအချက်အလက်တေအရလည်း ယူနိုက်တက်အသင်းက လီဗာပူး အသင်းကို အပြတ်အသတ်အနိုင်ရရှိထားတာကို တွေ့ရပါတယ်။အထူးသဖြင့် လီဗာပူးအသင်းဟာ နောက်ဆုံး ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ အနိုင်ရလဒ်မရရှိခဲ့သည်မှာ ၇ နှစ်နီးပါးရှိနေခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး ၇ နှစ်အတွင်းမှာ ၇ ပွဲကစားထားရာ ၄ ပွဲရှုံးကာ ၃ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် FA ဖလား ပြိုင်ပွဲမှာ လီဗာပူးအသင်း ယူနိုက်တက်အသင်းကို ရှုံးနိမ့်သည့် အရေ အတွက်မှာ ၉ ကြိမ်ထိရှိပြီး တစ်ခြားသော မည်သည့်အသင်းထက်မဆို မန်ယူနိုက်တက်အသင်းကို FA ဖလားပြိုင်ပွဲမှာ ပိုမို ရှုံးနိမ့်ထားကြောင်း သိရပါသည်။ဒါ့အပြင် လက်ရှိအချိန်တွင်လည်း လီဗာပူးအသင်းက ဒါဏ်ရာ ပြဿနာတေကို ရင်ဆိုင်နေရတာ ဖြစ် ပြီး အထူးသဖြင့် နောက်တန်း ခံစစ်နေရာမှာ ဒါဏ်ရာ ပြဿနာ တေ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယခု ၂၀၂၁ ခုနှစ်တွင် နိုင်ပွဲဟူ၍ အက်စတွန်ဗီလာလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသည့် အက်ဖ်အေဖလား ပွဲစဉ်တစ်ပွဲသာ ရှိပြီး နောက်
ဆုံး ၅ ပွဲတွင် နှစ်ပွဲသရေ၊နှစ်ပွဲရှုံး နှင့် တစ်ပွဲသာ အနိုင်ရရှိထားတာလည်းဖြစ်ပြီးတော့တစ်ဖက်က ယူနိုက်တက်အသင်းကတော့ နောက်ဆုံး ၅ ပွဲတွင် ၃ ပွဲနိုင် ၁ ပွဲသရေ တစ်ပွဲရှုံးရလဒ်ကို ရရှိထားခဲ့ပြီး ယူနိုက်တက်အသင်းက မန်စီးတီ တစ်သင်းကိုသာ ရှုံးနိမ့်ကာ လီဗာပူးအသင်းကတော့ ဘန်လေ၊ ဆောက်သမ်တန် တို့လို အသင်းတေ ကို ရှုံးနိမ့် ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းရဲ့ တိုက်စစ် ဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ဂိုး မသွင်း နိုင် ခဲ့တာကို လည်း တွေ့ခဲ့ရပြီး ခံစစ်ပိုင်းမှာသာ မက တိုက်စစ်ပိုင်းမှာပါ အင်အား နည်းနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အဆိုပါ ပွဲစဉ်မှ ယူနိုက်တက်အသင်းပ အစဉ်လာပိုင်း အရသာ မက၊ လက်ရှိ အနေအထားအရပါ သာလွန်နေတာ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ အတူ အနိုင်ရလဒ်ကို ရယူကာ နောက်တစ်ဆင့် ကို တတ်လှမ်းသွားနိုင်တယ်လို့ မြင်မိပါတယ်။ကဲ ခင်ဗျားတို့ရဲ့ အမြင်တေကို လည်း လွတ်လပ်စွာဆွေးနွေးသွားကြပါဦးဗျ။အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီရယ်လို နဲ့ လင်ဂါတ်တို့ နှစ်ယောက် ကြားက ၀မ်းနည်းစိတ်မကောင်းစရာ ဇတ်လမ်းတစ်ပုဒ်

#MUFF

ZAWGYI







#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X