Uncategorized

နောက်တန်းမှာစုပြုံပြီးကစားတာနဲ့ကစားကွက်နဲ့ ပိတ်ဆို့တာဟာမတူကြောင်းကလော့ပ်ကိုသင်ပြခဲ့တဲ့ဆိုလ်းရှား

UNICODE

နောက်တန်းမှာစုပြုံပြီးကစားတာနဲ့ကစားကွက်နဲ့ ပိတ်ဆို့တာမတူကြောင်းကလော့ပ်ကိုသင်ပြခဲ့တဲ့ဆိုလ်းရှား

မန်ချက် စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား က သူ ဟာ လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ရဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်တဲ့ မှတ်ချက် စကား အပေါ် နားမလည် နိုင်အောင် ဖြစ်ခဲ့ ပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် နဲ့ လီဗာပူး တို့ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ တုန်းက အန်ဖီးလ် ကွင်းမှာ ယှဉ်ပြိုင် ကစား ခဲ့ကြပြီး တစ်ဖက် နဲ့ တစ်ဖက် ဂိုးမသွင်း နိုင်ကာ သရေ ရလဒ် နဲ့ အဆုံးသတ် ခဲ့ ကြပါတယ် ။ဒီရလဒ် ကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့သလို ကြားရက် တုန်းက ကစား ခဲ့တဲ့ ဖူလ်ဟမ် နဲ့ ပွဲကိုလည်း အနိုင် ကစား ခဲ့ ပါတယ် ။ လီဗာပူး ကတော့ ဘန်လေ ကို ရှုံးနိမ့်ပြီး ယူနိုက်တက် နဲ့ အမှတ်ကွာသွား ခဲ့ပါတယ် ။ဆိုးရှား ဟာ အသင်းကြီးတွေ နဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲတွေ မှာ တန်ပြန် တိုက်စစ်ကို အသားပေး ကစားလေ့ ရှိပြီး သူ့ရဲ့ အသင်းဟာ အချိန် အတော် များများ ခံစစ်မှာ နေရာယူပြီး အခွင့်ကောင်း ကို စောင့်ဆိုင်း ကစား ခဲ့ကြပါတယ် ။ ဒါကြောင့် ယနေ့ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဆိုးရှား က ကလော့ရဲ့ ပြောဆိုမှု ဒါဟာ နောက်တန်းမှာ စုပြုံကစားတာမဟုတ်ကြောင်း စနစ်တကျ အကွက်နဲ့ကစားတာဖြစ်ကြောင်း ကို ငြင်းဆန် သွားခဲ့ တာပါ ။

မနက်ဖြန်ည မန်ယူနိုက်တက် နှင့် လီဗာပူး ပွဲစဉ်မတိုင်ခင် ပရိတ်သတ်တေသိထားသင့်သော အချက် ၅ ချက်

“ကျွန်တော်တို့ ခြေထဲ မှာ ဘောလုံး ရလာတဲ့ အချိန်တိုင်းမှာ တိုက်စစ်ဆင် ကစားခဲ့ ပါတယ် ။ ဒါက များချင်မှ များမှာပါ ။ အဓိက ပြဿနာ က ကျွန်တော်တို့ အခွင့် အရေးတွေ ကို အသုံးမချ နိုင်တာ ပါပဲ ၊ ခံစစ် ကစားတာ မဟုတ်ပါဘူး ။ ဘောလုံး ရလာတဲ့ အချိန်မှာ ရှေ့ကို မြန်မြန် ပို့နိုင်ဖို့ လည်း လိုပါသေးတယ်”

“ကျွန်တော်တို့ ဟာ တိုက်စစ်ဆင် မကစား ခဲ့ကြဘူး ဆိုတဲ့ အတွေးကို သူ ( ကလော့ ) ဘာလို့ တွေးမိသလဲ ဆိုတာ ကျွန်တော် နားမလည် နိုင်ပါဘူး ။ အမှန်ဆို ကျွန်တော်တို့ က ဂိုးသွင်းခွင့် ပိုရခဲ့ တာပါ ။ ဂိုးမဝင် တာက တော့ ကျွန်တော်တို့ ရဲ့ လိုအပ်ချက်တွေ ပါပဲ ။ ဒါကို တိုးတက်လာအောင် လုပ်ရဦး မှာပါ”
“လီဗာပူး ကစားတာ ကောင်းခဲ့ ပါတယ် ။ ကျွန်တော်တို့ ဘောလုံး ပေးလို့ မရအောင် ဖိထား နိုင်ခဲ့ တာပါ ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ချိန်လုံး နောက်မှာ စုပြုံ ပိတ်ဆို့ ကစားနေခဲ့တာ မဟုတ်ပါဘူး ။ စုစု စည်းစည်း နဲ့ အကွက် ကျကျ ကစား သွားခဲ့ တာပါ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

သူတို့ ၂ သင်း ဟာ ဒီ တစ်ပတ် ကစား ကြမယ့် FA Cup Fourth Round မှာလည်း ပြန်လည် ဆုံတွေ့ နေကြပြီး ဒီတစ်ကြိမ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းထဲ မှာ ယှဉ်ပြိုင် ကစား သွားကြ မှာပဲ ဖြစ် ပါတယ် ။ ဆိုးရှား ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘ၀ မှာ လီဗာပူး ကို ၂ ကြိမ် ဧည့်ခံ ခဲ့ဖူးပြီး ၂ ကြိမ် စလုံး သရေ ရလဒ် ထွက်ပေါ် ထားခဲ့ ပါတယ် ။


ဆိုးရှား ကတော့ ဖူလ်ဟမ် နဲ့ ပွဲကို လွဲချော် ခဲ့တဲ့ ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ဟာ လီဗာပူး နဲ့ ပွဲမှာ ပြန်လည် ပါဝင် လာမယ်လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

Credit To Sports Myanmar

ZAWGYI

ေနာက္တန္းမွာစုၿပဳံၿပီးကစားတာနဲ႔ကစားကြက္နဲ႔ ပိတ္ဆို႔တာမတူေၾကာင္းကေလာ့ပ္ကိုသင္ျပခဲ့တဲ့ဆိုလ္းရွား

မန္ခ်က္ စတာ ယူႏိုက္တက္ နည္းျပ အိုလီ ဂန္နာ ဆိုးရွား က သူ ဟာ လီဗာပူး နည္းျပႀကီး ယာဂင္ ကေလာ့ ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ ပတ္သက္တဲ့ မွတ္ခ်က္ စကား အေပၚ နားမလည္ ႏိုင္ေအာင္ ျဖစ္ခဲ့ ပါတယ္လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ယူႏိုက္တက္ နဲ႔ လီဗာပူး တို႔ ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြ တုန္းက အန္ဖီးလ္ ကြင္းမွာ ယွဥ္ၿပိဳင္ ကစား ခဲ့ၾကၿပီး တစ္ဖက္ နဲ႔ တစ္ဖက္ ဂိုးမသြင္း ႏိုင္ကာ သေရ ရလဒ္ နဲ႔ အဆုံးသတ္ ခဲ့ ၾကပါတယ္ ။ဒီရလဒ္ ေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ ဟာ အဆင့္ ၁ ေနရာကို ဆက္လက္ ထိန္းသိမ္း ထားႏိုင္ ခဲ့သလို ၾကားရက္ တုန္းက ကစား ခဲ့တဲ့ ဖူလ္ဟမ္ နဲ႔ ပြဲကိုလည္း အႏိုင္ ကစား ခဲ့ ပါတယ္ ။ လီဗာပူး ကေတာ့ ဘန္ေလ ကို ရႈံးနိမ့္ၿပီး ယူႏိုက္တက္ နဲ႔ အမွတ္ကြာသြား ခဲ့ပါတယ္ ။ဆိုးရွား ဟာ အသင္းႀကီးေတြ နဲ႔ ရင္ဆိုင္ ကစားရတဲ့ ပြဲေတြ မွာ တန္ျပန္ တိုက္စစ္ကို အသားေပး ကစားေလ့ ရွိၿပီး သူ႔ရဲ႕ အသင္းဟာ အခ်ိန္ အေတာ္ မ်ားမ်ား ခံစစ္မွာ ေနရာယူၿပီး အခြင့္ေကာင္း ကို ေစာင့္ဆိုင္း ကစား ခဲ့ၾကပါတယ္ ။ ဒါေၾကာင့္ ယေန႔ ျပဳလုပ္ ခဲ့တဲ့ သတင္းစာ ရွင္းလင္း ပြဲမွာ ဆိုးရွား က ကေလာ့ရဲ႕ ေျပာဆိုမႈ ဒါဟာ ေနာက္တန္းမွာ စုၿပဳံကစားတာမဟုတ္ေၾကာင္း စနစ္တက် အကြက္နဲ႔ကစားတာျဖစ္ေၾကာင္း ကို ျငင္းဆန္ သြားခဲ့ တာပါ ။

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ရဲ့ ရှုံးထွက်ပွဲစဉ်ကို ပရိတ်သတ် အကြိုက် ခန့်မှန်းပေးပြန်လိုက်တဲ့မိုက်ကယ်အို၀င်

“ကြၽန္ေတာ္တို႔ ေျခထဲ မွာ ေဘာလုံး ရလာတဲ့ အခ်ိန္တိုင္းမွာ တိုက္စစ္ဆင္ ကစားခဲ့ ပါတယ္ ။ ဒါက မ်ားခ်င္မွ မ်ားမွာပါ ။ အဓိက ျပႆနာ က ကြၽန္ေတာ္တို႔ အခြင့္ အေရးေတြ ကို အသုံးမခ် ႏိုင္တာ ပါပဲ ၊ ခံစစ္ ကစားတာ မဟုတ္ပါဘူး ။ ေဘာလုံး ရလာတဲ့ အခ်ိန္မွာ ေရွ႕ကို ျမန္ျမန္ ပို႔ႏိုင္ဖို႔ လည္း လိုပါေသးတယ္”“ကြၽန္ေတာ္တို႔ ဟာ တိုက္စစ္ဆင္ မကစား ခဲ့ၾကဘူး ဆိုတဲ့ အေတြးကို သူ ( ကေလာ့ ) ဘာလို႔ ေတြးမိသလဲ ဆိုတာ ကြၽန္ေတာ္ နားမလည္ ႏိုင္ပါဘူး ။ အမွန္ဆို ကြၽန္ေတာ္တို႔ က ဂိုးသြင္းခြင့္ ပိုရခဲ့ တာပါ ။ ဂိုးမဝင္ တာက ေတာ့ ကြၽန္ေတာ္တို႔ ရဲ႕ လိုအပ္ခ်က္ေတြ ပါပဲ ။ ဒါကို တိုးတက္လာေအာင္ လုပ္ရဦး မွာပါ”“လီဗာပူး ကစားတာ ေကာင္းခဲ့ ပါတယ္ ။ ကြၽန္ေတာ္တို႔ ေဘာလုံး ေပးလို႔ မရေအာင္ ဖိထား ႏိုင္ခဲ့ တာပါ ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ တစ္ခ်ိန္လုံး ေနာက္မွာ စုၿပဳံ ပိတ္ဆို႔ ကစားေနခဲ့တာ မဟုတ္ပါဘူး ။ စုစု စည္းစည္း နဲ႔ အကြက္ က်က် ကစား သြားခဲ့ တာပါ” လို႔ ဆိုးရွား က ေျပာဆို သြားခဲ့ ပါတယ္ ။

သူတို႔ ၂ သင္း ဟာ ဒီ တစ္ပတ္ ကစား ၾကမယ့္ FA Cup Fourth Round မွာလည္း ျပန္လည္ ဆုံေတြ႕ ေနၾကၿပီး ဒီတစ္ႀကိမ္ မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ရဲ႕ အိုးထရက္ဖိုဒ့္ ကြင္းထဲ မွာ ယွဥ္ၿပိဳင္ ကစား သြားၾက မွာပဲ ျဖစ္ ပါတယ္ ။ ဆိုးရွား ဟာ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ဘ၀ မွာ လီဗာပူး ကို ၂ ႀကိမ္ ဧည့္ခံ ခဲ့ဖူးၿပီး ၂ ႀကိမ္ စလုံး သေရ ရလဒ္ ထြက္ေပၚ ထားခဲ့ ပါတယ္ ။ဆိုးရွား ကေတာ့ ဖူလ္ဟမ္ နဲ႔ ပြဲကို လြဲေခ်ာ္ ခဲ့တဲ့ ခံစစ္မႉး ဗစ္တာ လင္ဒီေလာ့ဖ္ ဟာ လီဗာပူး နဲ႔ ပြဲမွာ ျပန္လည္ ပါဝင္ လာမယ္လို႔လည္း ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

Credit To Sports Myanmar

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X