Sport

မနက်ဖြန်ည မန်ယူနိုက်တက် နှင့် လီဗာပူး ပွဲစဉ်မတိုင်ခင် ပရိတ်သတ်တေသိထားသင့်သော အချက် ၅ ချက်

 

UNICODE

မနက်ဖြန်ည မန်ယူနိုက်တက် နှင့် လီဗာပူး ပွဲစဉ်မတိုင်ခင် ပရိတ်သတ်တေသိထားသင့်သော အချက် ၅ ချက်

နံပါတ်တစ်-ယူနိုက်တက်ဟာ လီဗာပူးအသင်းနှင့် FA ဖလားပြိုင်ပွဲတွင်တွေ့ဆုံသည့်( ၁၉၄၈ မှ ၁၉၉၉ )ခုနှစ်အတွင်း ၇ ပွဲတွင် ၇ ပွဲလုံး ဆက်တိုက် အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း နောက်ဆုံး FA ဖလားပြိုင်ပွဲမှာ တွေ့ဆုံသည့် ၃ ကြိမ်တွင် ၂ ကြိမ်တိတိ ရှုံးနိမ့်ထားကြောင်း သိရပါသည်။

နံပါတ် နှစ်-လီဗာပူးအသင်းဟာ FA ဖလားပြိုင်ပွဲတွင် ယူနိုက်တက်အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည်မှာ တစ်ခြားပြိုင်ဘက်အသင်းများထက် သာလွန်နေခဲ့ပြီး ဖိုင်နယ်ပွဲစဉ်အပါအ၀င် စုစုပေါင်း ၉ ကြိမ်အထိ ရှုံးနိမ့်ထားဖူးကြောင်း သိရပါသည်။

နံပါတ် သုံး- ယူနိုက်တက်ဟာ လီဗာပူးအသင်းနှင့် တွေ့ဆုံသည့် နောက်ဆုံး အိမ်ကွင်းပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက်တွင် ရှုံးပွဲလုံး၀ မရှိဘဲ ၃ပွဲနိုင်ကာ ၄ ပွဲထိသရေကျထားကြောင်းသိရပါသည်။နောက်ဆုံး အိမ်ကွင်းတွင် ရှုံးနိမ့်ထားသော ပွဲစဉ်မှာ ၂၀၁၄ ခုနှစ်တွင် ၃ ဂိုး ဂိုး မရှိဖြင့်ရှုံးနိမ့်ခဲ့သော ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ယူနိုက်တက်အသင်းမှာ လီဗာပူးအသင်းကို ပင်နယ်တီ သုံးလုံးထိ စံချိန်တင် ခွင့်ပြုပေးခဲ့ရသော ပွဲစဉ်ဖြစ်ပါသည်။ လီဗာပူးအသင်းကို အိမ်ကွင်းမှာ မရှုံးနိမ့်ခဲ့သည့် အရှည်ကြာ‌ဆုံးသော စံချိန်မှာ (၁၉၉၉ မှ ၂၀၀၀ ) ခုနှစ်ထိ ဖြစ်ပြီး ၁၂ ပွဲတိတိ အိမ်ကွင်းမှာ မရှုံးနိမ့်ခဲ့သော စံချိန်ဖြစ်ခဲ့ကြောင်း သိရပါသည်။

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ရဲ့ ရှုံးထွက်ပွဲစဉ်ကို ပရိတ်သတ် အကြိုက် ခန့်မှန်းပေးပြန်လိုက်တဲ့မိုက်ကယ်အို၀င်

နံပါတ် လေး- ယူနိုက်တက်အသင်းဟာ ၂၀၁၅-၂၀၁၆ ခုနှစ်က ကွာတားဖိုင်နယ်တွင် ၀က်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး ၁ ဂိုး ဖြင့် သရေ ရလဒ်ရရှိပြီးနောက် နောက်ဆုံးသော FA ဖလား အိမ်ကွင်း ၇ ပွဲတွင် ပေးဂိုးလုံး၀ ခွင့်ပြု ခဲ့ခြင်း မရှိဘဲ ၇ ပွဲစလုံးကို အနိုင်ရရှိထားကြောင်း သိရပါသည်။

နံပါတ် ငါး – လီဗာပူးအသင်းဟာ FA ဖလား ပဉ္စမ အဆင့် ကို လက်ရှိနည်းပြ ဖြစ်သူ ဂျာဂျင်ကလောပ့် လက်ထပ် နောက်ဆုံး ၅ နှစ်အတွင်းတွင် တစ်ကြိမ်သာ ရောက်ရှိဖူးပြီး ချဲလ်ဆီးအသင်းနှင့် တွေ့ဆုံကာ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။ယူနိုက်တက်အသင်းနှင့် လီဗာပူးအသင်းတို့ရဲ့ အက်ဖ်အေဖလား စတုထ္ထအဆင့် ပွဲစဉ်ကို လာမယ့် တန္ဂနွေနေ့ည ၁၁:၃၀ အချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့်ကွင်းမှာ ယဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

#MUFF

ZAWGYI






လှုပ်ခတ်လာသောအပြောင်းအရွှေ့များအကြောင်းအပါအ၀င်ယနေ့ နံနက်ခင်းယူနိုက်တက်သတင်းတိုများ


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X