Sport

ဒီရယ်လို နဲ့ လင်ဂါတ်တို့ နှစ်ယောက် ကြားက ၀မ်းနည်းစိတ်မကောင်းစရာ ဇတ်လမ်းတစ်ပုဒ်

UNICODE

ဒီရယ်လို နဲ့ လင်ဂါတ်တို့ နှစ်ယောက် ကြားက ၀မ်းနည်းစိတ်မကောင်းစရာ ဇတ်လမ်းတစ်ပုဒ်

တစ်ချိန်က ဂျေစီလင်ဂါတ်ဆိုတာ ယူနိုက်တက်ပရိတ်သတ်တေရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်ပြီး‌ အသင်းရဲ့ တိုက်စစ်မှာ မရှိမဖြစ်ဆိုသလို အဓိက အသုံးတော်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်ပါတယ်။ဗန်ဟားလက်ထက်က အသင်းအတွက် စတင် ပွဲထွက် ခွင့် ရခဲ့ရသူ ဂျေစီလင်ဂါတ်ဟာ ၀င်ဘာလေကွင်းအတွင်း ပဲလေစ့်အသင်းနှင့် FA ဖလားဗိုလ်လုပွဲမှာ လူစား၀င် ကာ အနိုင်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ယူနိုက်တက်ပရိတ်သတ်တေရဲ့ ရင်ထဲကို စတင်၀င်ရောက်လာ ခဲ့သူ လည်းဖြစ်ပါတယ်။ဒါ့အပြင် ၀င်ဘာလေကွင်းမှာဆို ဂိုးမြူးတတ်သူ ဂျေစီလင်ဂါတ်၊ အာဆင်နယ်ကိုမှ ဂိုးပိုသွင်းတတ်သူ ဂျေစီလင်ဂါတ် ဆိုပြီး ယူနိုက်တက် ပရိတ်သတ်တေရဲ့ ရင်ထဲမှာ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

သိုပေမယ့် လို့ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်းမှာ ဂျေစီလင်ဂါတ်ဟာ အသင်းမှာ ခက်ခဲတဲ့ အချိန်တစ်ချို့ကို ရင်ဆိုင်ခဲ့ရပြီး ဒါဏ်ရာပြဿနာ၊မိသားစုပြဿနာများကြောင့် ခြေစွမ်းပိုင်းကို ပါထိခိုက်ခဲ့ရပြီး ယခုအချိန်အထိအသင်းမှာပုံမှန်နေရာပါပျောက်ဆုံးနေသူ ဖြစ်ပါတယ်။သို့ပေမယ့် ကစားသမားက အသင်းမှ ထွက်ခွာရန် အစီအစဉ်မရှိဘဲ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားခဲ့သူ လည်းဖြစ်ပါတယ်။အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနားဆိုလ်းရှားကလည်း ဂျေစီလင်ဂါတ်ဟာ အသင်းရဲ့ အနာဂါတ်အစီအစဉ်မှာ အရေးပါသူတစ်ဦးဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားပေမယ့် ပွဲကစားခွင့် လုံလောက်စွာ ရရှိသူ မဟုတ်ဘဲ ယခုအချိန်အထိ အရန်စာရင်းမှာသာ နေခွင့် ရနေသူတစ်ဦးဖြစ်ပါသည်။

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ရဲ့ ရှုံးထွက်ပွဲစဉ်ကို ပရိတ်သတ် အကြိုက် ခန့်မှန်းပေးပြန်လိုက်တဲ့မိုက်ကယ်အို၀င်

ယခုအချိန်မှာ‌တော့ဂျေစီလင်ဂါတ်ဟာ အသင်းမှာ လုံး၀အပြစ်ပါယ်ခံရတော့မယ့် ကစားသမား တစ်ဉီးအဖြစ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါ ထွက်ပေါ်လာတဲ့ သတင်းအရတော့ ယူနိုက်တက်သို့ ယခုလအတွင်းမှာ မှ အသင်းကို ရောက်ရှိလာခဲ့သူ အာမက်ဒီရယ်လိုနဲ့ပါတ်သတ်နေပြီလည်းဖြစ်ပါတယ်။လင်ဂါတ်ဟာ Shelffield နဲ့ကစားမယ့် ပွဲမှာ United ရဲ့ ၂၃ယောက်စာရင်းမှာ Amad Dialloကို ထည့်သွင်းဖို့ အတွက် ဖယ်ရှားခံ့လိုက်ရတယ်လို့သိရပါတယ် ။ အဆိုပါ သတင်းဟာ ယူနိုက်တက်ပရိတ်သတ်တွေ အတွက် ဂျေစီလင်ဂါတ်အပေါ် စိတ်မကောင်းဖြစ်စရာ သတင်းတစ်ခု အချိန် စိတ်မကောင်းစွာ ဖေါ်‌ပြ ပေး
လိုက်ပါတယ်ခင်ဗျာ။
#MUFF

ZAWGYI



လှုပ်ခတ်လာသောအပြောင်းအရွှေ့များအကြောင်းအပါအ၀င်ယနေ့ နံနက်ခင်းယူနိုက်တက်သတင်းတိုများ



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X