Sport

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ရဲ့ ရှုံးထွက်ပွဲစဉ်ကို ပရိတ်သတ် အကြိုက် ခန့်မှန်းပေးပြန်လိုက်တဲ့မိုက်ကယ်အို၀င်

UNICODE

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ရဲ့ ရှုံးထွက်ပွဲစဉ်ကို ပရိတ်သတ် အကြိုက် ခန့်မှန်းပေးပြန်လိုက်တဲ့မိုက်ကယ်အို၀င်

ယခုတစ်ပါတ်အတွင်း နှစ်ကြိမ်မြောက်တွေ့ဆုံတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တာနဲ့ အညီ ပရိတ်သတ်တေရဲ့ ရည်ရှည် အားပေးမှုကို ရရှိထားကြတဲ့ အဂ်လန်ရဲ့ အားပေးသူပရိတ်သတ်အများဆုံးသော အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ရဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်ကို လာမယ့် တန္ဂနွေနေ့ ည ၁၁ ‌နာရီ ခွဲအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ် စတေရီရမ် ကွင်းကြီးအတွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြရမှာလည်း ဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ တစ်ကမ္ဘာလုံးက ပရိတ်သတ်တေရဲ့ အာရုံကို ဖမ်းစားနိုင်ဦးမှာ ဖြစ်ပြီး အထူးသဖြင့် နောက်ပိုင်းတောက်လျောက် ခြေစွမ်းကောင်းတေပြသထားတဲ့ မန်ယူနိုက်တက်အသင်းနဲ့ ယခု ၂၀၂၁ မှာ ရလဒ်တေ ဆိုးရွားနေပြီး ဗီလာလူငယ်အသင်းကို နိုင်သော နိုင်ပွဲတစ်ပွဲသာရှိသေးတဲ့ လီဗာပူးအသင်းတို့ တွေ့ဆုံနေတာဖြစ်တာကြောင့် ဘောလုံးချစ်ပရိတ်သတ်နေအားလုံး အတွက် စိတ်၀င်စားစရာဖြစ်ပြီး ပျော်ရွင်မှု ပေးစွမ်းနိုင်ဦးမယ့် ပွဲတစ်ပွဲအဖြစ်လည်း တည်ရှိနေတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်နဲ့ပါတ်သတ်ပြီး အဂ်လန်နိုင်ငံ ရဲ့ နမည်ကြီး ပွဲကြိုသုံးသပ်သူ ပရိတ်သတ်အချစ်တော် မိုက်ကယ်အို၀င်ကတော့ အောက်ပါအတိုင်း ခန့်မှန်းသွားခဲ့တာလည်း ဖြစ်ပါတယ်။အို၀င်က ” ဒီပွဲကအိုးထရက်ဖိုဒ့်မြေမှာ ကစားရမှာ ဖြစ်ပြီးတော့ ကွာတားတွက်ဖို့ အတွက် အပြိုင်လုကြရမှာပါ။ကျနော့် အထင်ကတော့ ဒီပွဲမှာ နည်းစနစ်ဗျူဟာ နဲ့ လူစာရင်း အခင်းအကျင်းတေကတော့ ပြောင်းလဲလာကြလိမ့်မယ်လို့၊ဆိုပေမယ် လို့ ဒီပွဲစဉ်ရဲ့ မိနစ် ကိုးဆယ်ကိုသရေရလဒ်ရဖို့ ယူနိုက်တက်တို့ ရည်ရွယ်လာဖို့ များပါတယ်။ဖလားပွဲဖြစ်တာနဲ့ အညီ ခြားနားတဲ့ ပုံစံတေမြင်တွေ့ရမယ်လို့ လည်းထင်ပါတယ်။အန်ဖီးမှာတုန်းကလို ယူနိုက်တက်က လီဗာပူးကို ဘောလုံးကိုင်ပြီး ပေးကစားမှာမဟုတ်ပါဖူး။ယူနိုက်တက်က ဖွင့်ပြီးကစားမယ် လီဗာပူးက ကောင်တာကနေ အခွင့်ကောင်း ယူသွားဖို့ ရှိတယ်လို့ ကျနော်ထင်မိပါတယ်။ကျနော့် အတွေးကတော့ လီဗာပူးက ဂိုးကွာခြားချက် နည်းနည်းသာပြီး အနိုငိယူသွားပါလိမ့်မယ်” လို့ ခန့်မှန်းသွားခဲ့ပါတယ်။

လှုပ်ခတ်လာသောအပြောင်းအရွှေ့များအကြောင်းအပါအ၀င်ယနေ့ နံနက်ခင်းယူနိုက်တက်သတင်းတိုများ

လီဗာပူးအသင်းဟာ ယူနိုက်တက်အသင်းနှင့် FA ဖလားပွဲစဉ်တွင် တွေ့ဆုံသည့် နောက်ဆုံး ၃ ကြိမ်မှာ ၂ ကြိမ်ထိ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်           မန်ယူနိုက်တက် 1-2 လီဗာပူး

#MUFF

ZAWGYI



ကာဗာနီက မာရှယ်၊ရက်ဖို့တို့ထက်ဘာကြောင့် ပို‌ကောင်းတယ်ဆိုတာကိုပြောပြသွားခဲ့တဲ့ပေါလ်ပေါ့ဘာ



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X