Uncategorized
လှုပ်ခတ်လာသောအပြောင်းအရွှေ့များအကြောင်းအပါအ၀င်ယနေ့ နံနက်ခင်းယူနိုက်တက်သတင်းတိုများ
UNICODE
လှုပ်ခတ်လာသောအပြောင်းအရွှေ့များအကြောင်းအပါအ၀င်ယနေ့ နံနက်ခင်းယူနိုက်တက်သတင်းတိုများ
ယူနိုက်တက်အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှုး တစ်ဦးဖြစ်သူဝိန်းရွန်းနီဟာ အသင်းဟောင်းယူနိုက်တက်အနေနဲ့ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး အထူးသဖြင့် ကာဗာနီ၊ဘရူနိုဖာနန်ဒက်နှင် ပေါလ်ပေါ့ဘာတို့မှာ ယူနိုက်တက် ချန်ပီယံဖြစ်ရေးအတွက် အဓိကနေရာတွက်ပါ၀င်မည်ဟုထင်မြင်မိကြောင်း ပြောပြသွားခဲ့ပါတယ်။                  ယူနိုက်တက်အသင်းသည် အင်တာမီလန်အသင်း၏ ဏါရင့်ကွင်းလယ် လူအဲရစ်ဆင်ကို ခေါ်ယူရန် ရည်ရွယ်ချက်မရှိကြောင်းသိရပါသည်။အထူးသဖြင့် ဗန်ဒီဘီ၊လင်ဂါတ်တို့ ရှိနေ‌ခြင်းကြောင့် အဲရစ်ဆင်မှာ ခေါ်ယူရန် လုံး၀မလိုအပ်ဟု ယုံကြည်ထားကြောင်း သိရပါသည်။ယူနိုက်တက်အသင်းသည် တိုက်စစ်မှုး ဖြစ်သူ မာရှယ်၏ ခြေစွမ်းကို စိတ်ပျက်လျက်ရှိပြီး ၎င်းနှင့် အပြိုင် ဖိအားပေး ခြေစွမ်းပြနိုင်သော ရေရှည် အသုံးပြုနိုင်မယ့် ကစားသမားကို ရှာဖွေနေပြီး ယခုလက်ရှိတွက် ဆောက်သမ်တန်အသင်း တိုက်စစ်မှုး ဖြစ်သူ ဒန်နီအင့်စ်ကို စိတ်၀င်စားလျက်ရှိကြောင်း သိရပါသည်။                ယူနိုက်တက်နည်းပြဖြစ်သူဆိုလ်းရှားဟာ အသင်းရဲ့ ဝါရင့်က်င်းလယ်လူတစ်ဦးဖြစ်သူ မာတာကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ရန် လိုလားလျကိရှိနေကြောင်းသိရပါသည်။မာတာသည် အသင်းရဲ့ အ၀တ်လဲခန်းအတွင်း ကစားသမားများအကြား စည်းလုံးရေးအတွက်ကို တာ၀န်ယူပေးနေသူတစ်ဦးဖြစ်ပြီး အ၀တ်လဲခန်းစည်းလုံးရေးမပျက်ပျားစေရန် မာတာကို လိုအပ်သေးသည်ယုံကြည်နေကြောင်းသိရပါသည်။မာတာကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းမှာ ကစားသမားဘ၀ကို ကုန်ဆုံးလိုနေကြောင်း သိရပါသည်။အသက် ၃၂ နှစိအရွယ်ရှိ အဆိုပါကစားသမားဟာ ဒီရာသီမှာ ၁၀ ပွဲပါ၀င်ကစားထားပြီး ၂ ဂိုးသွင်းကာ ၃ ဂိုးဖန်တီးပေးထားပါသည်။
ယူနိုက်တက်အပေါ် သံယောဇဉ်တေ ရှိနေသေးကြောင်းကို စကားလုံးတေနဲ့ဖေါ်ပြသွားတဲ့ ဝိန်းရွန်းနီ
ယူနိုက်တက်အသင်းဟာ ဥရုဂွေးကလပ် ပီနဲရိုးအသင်းကယူရို ၈ သန်းဖြင့် ခေါ်ယူထားသော ပာ်လီစထရီကို အငှားချရန် အတွက် အသင်းငယ်များကို လမ်းဖွင့်ပေးထားကြောင်း သိရပါသည်။ပယ်လီစထရီသည် ဒီရာသီတွင် အသင်းကြီးတွက် တစ်မိနစ်မျှပါ၀င်ကစားခွင့်မရသေးဘဲ ယူ-၂၃ အသင်းတွင် အဓိကပါ၀င်ကစားပေးနေရသူတစ်ဦးဖြစ်ပါသည်။                         ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာဟာ ယခင်ကထက် လက်ရှိအချိန်မှာ ယူနိုက်တက်မှာပျော်ရွင်နေပြီ ဖြစ်ကြောင်းသိရပါသည်။ပေါလ်ပေါ့ဘာသည် အသင်းပြောင်းချင်သည့်ဟုဆိုထားသူတစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်အတွက် ကစားပေးရတာကိုအလွန် ပျော်ရွင်နေကြောင်း၊လက်ရှိချိန်တွင်အသင်းပြောင်ရွေ့ရေးကိစ္စများကို မေ့ထားကြောင်း၊ရာသီကုန်အသင်း၏ အခြေ‌အနေပေါ်မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရပါသည်။
ယူနိုက်တက်အသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ဘရိုင်ယန်ရော့ဘ်ဆင်က အသင်း၏ဟောင်းယူနိုက်တက်ကို လာမယ့်ရာသီအပြောင်းအရွေ့တွင် ဂလေရ်းရှစ်ကို မဖြစိမနေ အရခေါ်ယူလိုက်ပါ လို့ တိုက်တွန်းသွားခဲ့ပါတယ်။                              ယခု (၂၀၂၀-၂၁) ပရီးမီးယားလိဂ်ဘောလုံးရာသီ၌ ဂိုး ပေါက်တည့်မှု အများဆုံးကန်သွင်းထားသည့် အသင်းများတွင်မန်ချက်စတာ ယူနိုက်တက် -(110)ကြိမ်ဖြင့် ဒုတိရနေရာက လီဗာပူးလ် -(105)ကြိမ်ထက် ၅ကြိမ်ပိုကာ ရပ်တည်နေကြောင်း သိရပါသည်။ကျနော်ရေးထားသော ယူနိုက်တက်သတင်းများကို ပရိတ်သတ်များပိုမိုဖတ်ရှုနိုင်စေရန် ယူနိုက်တက်ဂရုများအတွင်း သို့ ရှယ်ပေးခြင်း ကွန်းမန့်ပေးသွားခြင်းတို့ဖြင့် ကူညီရန် မေတ္တာရပ်ခံအပ်ပါသည်။ကျေးဇူးတင်ပါသည်ဗျ။
#MUFF
ZAWGYI
ကာဗာနီက မာရှယ်၊ရက်ဖို့တို့ထက်ဘာကြောင့် ပို‌ကောင်းတယ်ဆိုတာကိုပြောပြသွားခဲ့တဲ့ပေါလ်ပေါ့ဘာ
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X