Sport

ယူနိုက်တက်အပေါ် သံယောဇဉ်တေ ရှိနေသေးကြောင်းကို စကားလုံးတေနဲ့ဖေါ်ပြသွားတဲ့ ဝိန်းရွန်းနီ

UNICODE

ယူနိုက်တက်အပေါ် သံယောဇဉ်တေ ရှိနေသေးကြောင်းကို စကားလုံးတေနဲ့ဖေါ်ပြသွားတဲ့ ဝိန်းရွန်းနီ

ယူနိုက်တက်အသင်းရဲ့ ဂန္တ၀င်ကစားသမားဟောင်းဖြစ်သူ ဝိန်းရွန်းနီက ၎င်းရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက် တက်အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တစ်ဖန်ပြန်လည် ဆွတ်ခူးသွားနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။အထူးသဖြင့် ကာဗာနီနဲ့ ဘရူနိုဖာနန် ဒက်တို့ဟာ အိုးထရက်ဖိုဒ့်ကို အောင်ပွဲတေ ယူဆောင်ပေးနိုင်ကြလိမ့်မယ် လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် အသင်းဟောင်းအပေါ် သံယောဇဉ်တေရှိနေသေးကြောင်းကို အမြဲတစ်စေယူနိုက်တက်အသင်း ဒီရာသီချန်ပီယံဖြစ်နိုင်လားဆိုတာကို စဉ်းစားနေမိကြောင်း ပြောပြ ပြီး ဖေါ်ပြသွားခဲ့ပါတယ်။

အိုလီဂန်းနားဆိုလ်းရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နေ့က ဖူဟမ်အသင်းကို အနိုင်ရရှိပြီးတဲ့ နောက်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ဆက်လက်ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။သရဲနီတို့ဟာ ဒီရာသီမှာ ခက်ခဲတဲ့ ရာသီတစ်ခုကို စတင်ခဲ့ရပေမယ့်လို့ ဒီဇင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးတဲ့နောက်မှာတော့ တောက်လျောက်ဆိုသလို အံ့အားသင့်စရာ ခြေစွမ်းတေ ပြသထားနိုင်တာလည်းဖြစ်ပါတယ်။ပက်ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ယူနိုက်တက်ထက် ၂ မှတ်နည်းကာ တစ်ပွဲလျော့ အနေအထားမှာရှိနေပြီး မန်ချက်စတာဒါဘီမှာ အနိုင်ရတဲ့ အသင်းက ချန်ပီယံဆုကို ပိုမိုနီးကပ်စေနိုင်မှာလည်း ဖြစိပါတယ်။သို့ပေမယ့် ကစားသမားဟောင်း ရွန်းနီကတော့ ယူနိုက်တက်ဟာ ကာဗာနီနဲ့ ဘရူနိုဖာနန်ဒက်တို့ က လက်မှတ်ထိုးခေါ်ယူလိုက်တာဟာ အပေါင်း လက္ခဏာဆောင်စေခဲ့ပြီး ယူနိုက်တက်တို့ ရာသီကုန်မှာ ဇယားထပ်ဆုံးမှာ ဦးဆောင်စေဖို့ အကူညီဖြစ်စေမှာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

ကာဗာနီက မာရှယ်၊ရက်ဖို့တို့ထက်ဘာကြောင့် ပို‌ကောင်းတယ်ဆိုတာကိုပြောပြသွားခဲ့တဲ့ပေါလ်ပေါ့ဘာ

ဒါဘီကောင်တီအသင်းရဲ့ နည်းပြဖြစ်သူက Sky Sports နဲ့ အင်တာဗျူးမှာ “ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ယူနိုက်တက်က ချန်ပီယံဆုကို စိန်ခေါ်ဖို့ လုံလောက်တဲ့ အင်အားမရှိခဲ့ပါဖူး။အခုတော့ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းကို တည်ဆောက်ထားတာပါ။ဘရူနိုဖာနန်ဒက်က လုံး၀ ကြီးကြီးမားမားကူညီပေးနေပါတယ်။ကာဗာနီက အနိုင်ရလဒ်တေရှာဖွေရင်းနဲ့ အသင်းအပေါ် ကူညီပေးနေတာပါ။အခု လူစာရင်းက ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်နေပါပြီ။လွန်ခဲ့တဲ့ ခြောက်ပါတ်လောက်တုန်းက နည်းပြအဖွဲ့၀င်တေနဲ့ ရုံးခန်းထဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ လိဂ်ဖလားရနိုင်တယ်လို့ ထင်မိကြောင်း ပြောခဲ့ပါသေးတယ်။အခုထိလည်း ဒီအကြောင်း ကို စဉ်းစားနေမိပါတယ်။”ဟု ပြောကြားသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဖူဟမ်အသင်းနှင့်ပွဲစဉ်မှာ လွတ်ခ်မန်းရဲ့ သွင်းဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး အက်ဒီစင်ကာဗာနီ၊ပေါလ်ပေါ့ဘာတို့ ရဲ့ သွင်းဂိုးတေနဲ့ အတူ အနိုင်ရလဒ်ကို ရရှိကာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ဒုတိယနေရာက အသင်းကို နှစ်မှတ်ဖြတ်ကာ ရပ်တည်ထားနိုင်တာလည်း ဖြစ်ပါတယ်။

#MUFF

ZAWGYI

ယူႏိုက္တက္အေပၚ သံေယာဇဥ္ေတ ရွိေနေသးေၾကာင္းကို စကားလုံးေတနဲ႔ေဖၚျပသြားတဲ့ ဝိန္း႐ြန္းနီ

ယူႏိုက္တက္အသင္းရဲ႕ ဂႏၲ၀င္ကစားသမားေဟာင္းျဖစ္သူ ဝိန္း႐ြန္းနီက ၎ရဲ႕ အသင္းေဟာင္း မန္ခ်က္စတာ ယူႏိုက္ တက္အသင္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို တစ္ဖန္ျပန္လည္ ဆြတ္ခူးသြားႏိုင္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။အထူးသျဖင့္ ကာဗာနီနဲ႔ ဘ႐ူႏိုဖာနန္ ဒက္တို႔ဟာ အိုးထရက္ဖိုဒ့္ကို ေအာင္ပြဲေတ ယူေဆာင္ေပးႏိုင္ၾကလိမ့္မယ္ လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။ဒါ့အျပင္ အသင္းေဟာင္းအေပၚ သံေယာဇဥ္ေတရွိေနေသးေၾကာင္းကို အၿမဲတစ္ေစယူႏိုက္တက္အသင္း ဒီရာသီခ်န္ပီယံျဖစ္ႏိုင္လားဆိုတာကို စဥ္းစားေနမိေၾကာင္း ေျပာျပ ၿပီး ေဖၚျပသြားခဲ့ပါတယ္။

အိုလီဂန္းနားဆိုလ္းရွားရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေန႔က ဖူဟမ္အသင္းကို အႏိုင္ရရွိၿပီးတဲ့ ေနာက္မွာေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္တစ္ေနရာမွာ ဆက္လက္ရပ္တည္ေနခဲ့တာ ျဖစ္ပါတယ္။သရဲနီတို႔ဟာ ဒီရာသီမွာ ခက္ခဲတဲ့ ရာသီတစ္ခုကို စတင္ခဲ့ရေပမယ့္လို႔ ဒီဇင္ဘာလက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေတာက္ေလ်ာက္ဆိုသလို အံ့အားသင့္စရာ ေျခစြမ္းေတ ျပသထားႏိုင္တာလည္းျဖစ္ပါတယ္။ပက္ဂြာဒီယိုလာရဲ႕ မန္ခ်က္စတာ စီးတီးအသင္းဟာ ယူႏိုက္တက္ထက္ ၂ မွတ္နည္းကာ တစ္ပြဲေလ်ာ့ အေနအထားမွာရွိေနၿပီး မန္ခ်က္စတာဒါဘီမွာ အႏိုင္ရတဲ့ အသင္းက ခ်န္ပီယံဆုကို ပိုမိုနီးကပ္ေစႏိုင္မွာလည္း ျဖစိပါတယ္။သို႔ေပမယ့္ ကစားသမားေဟာင္း ႐ြန္းနီကေတာ့ ယူႏိုက္တက္ဟာ ကာဗာနီနဲ႔ ဘ႐ူႏိုဖာနန္ဒက္တို႔ က လက္မွတ္ထိုးေခၚယူလိုက္တာဟာ အေပါင္း လကၡဏာေဆာင္ေစခဲ့ၿပီး ယူႏိုက္တက္တို႔ ရာသီကုန္မွာ ဇယားထပ္ဆုံးမွာ ဦးေဆာင္ေစဖို႔ အကူညီျဖစ္ေစမွာ ျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

ဒါဘီေကာင္တီအသင္းရဲ႕ နည္းျပျဖစ္သူက Sky Sports နဲ႔ အင္တာဗ်ဴးမွာ “ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ယူႏိုက္တက္က ခ်န္ပီယံဆုကို စိန္ေခၚဖို႔ လုံေလာက္တဲ့ အင္အားမရွိခဲ့ပါဖူး။အခုေတာ့ အင္အားေတာင့္တင္းတဲ့ အသင္းတစ္သင္းကို တည္ေဆာက္ထားတာပါ။ဘ႐ူႏိုဖာနန္ဒက္က လုံး၀ ႀကီးႀကီးမားမားကူညီေပးေနပါတယ္။ကာဗာနီက အႏိုင္ရလဒ္ေတရွာေဖြရင္းနဲ႔ အသင္းအေပၚ ကူညီေပးေနတာပါ။အခု လူစာရင္းက ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚႏိုင္ေနပါၿပီ။
လြန္ခဲ့တဲ့ ေျခာက္ပါတ္ေလာက္တုန္းက နည္းျပအဖြဲ႕၀င္ေတနဲ႔ ႐ုံးခန္းထဲမွာ မန္ခ်က္စတာ ယူႏိုက္တက္တို႔ လိဂ္ဖလားရႏိုင္တယ္လို႔ ထင္မိေၾကာင္း ေျပာခဲ့ပါေသးတယ္။အခုထိလည္း ဒီအေၾကာင္း ကို စဥ္းစားေနမိပါတယ္။”ဟု ေျပာၾကားသြားခဲ့ပါတယ္။

သရဲနီစိတ်ဓါတ်တေ ပြည့်လျှံနေပြီဖြစ်ကြောင်း သိသာပေါ်လွင်စေခဲ့တဲ့ ပေါလ်ပေါ့ဘာ ရဲ့ စကားတစ်ခွန်း

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ဖူဟမ္အသင္းႏွင့္ပြဲစဥ္မွာ လြတ္ခ္မန္းရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ကလိုက္ကစားခဲ့ရၿပီး အက္ဒီစင္ကာဗာနီ၊ေပါလ္ေပါ့ဘာတို႔ ရဲ႕ သြင္းဂိုးေတနဲ႔ အတူ အႏိုင္ရလဒ္ကို ရရွိကာ အမွတ္ေပးဇယားရဲ႕ အဆင့္တစ္ေနရာမွာ ဒုတိယေနရာက အသင္းကို ႏွစ္မွတ္ျဖတ္ကာ ရပ္တည္ထားႏိုင္တာလည္း ျဖစ္ပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X