Sport
ကာဗာနီက မာရှယ်၊ရက်ဖို့တို့ထက်ဘာကြောင့် ပို‌ကောင်းတယ်ဆိုတာကိုပြောပြသွားခဲ့တဲ့ပေါလ်ပေါ့ဘာ
unicode
ကာဗာနီက မာရှယ်၊ရက်ဖို့တို့ထက်ဘာကြောင့် ပို‌ကောင်းတယ်ဆိုတာကိုပြောပြသွားခဲ့တဲ့ပေါလ်ပေါ့ဘာ
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါလ်ပေါ့ဘာဟာ ပြီးခဲ့တဲ့ဖူဟမ်အသင်းနှင့် ပွဲစဉ်မှာ သွင်းဂိုးတစ်‌ဂိုး ရယူပေးခဲ့တဲ့ ကာဗာနီဟာ ယူနိုက်တက်အတွက် ဘသူနဲ့မှ မတူညီတဲ့ အရည်အသွေးတေကို ယူဆောင်ပေးနိုင်မယ့် လူဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။သရဲနီတို့ဟာ မနက်က ဖူဟမ်အသင်းနဲ့ ပွဲစဉ်မှာ အက်ဒီဆင်ကာဗာနီက သွင်းဂိုး တစ်ဂိုစ၊ပေါလ်ပေါ့ဘာက ဘယ်ခြေကန်ချက် သွင်းဂိုး တစ်ဂိုး တို့ ဖြင့် နှစ်ဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်ဖြင့် အဆုံးသတ်ကာ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာ ပွဲထွက်ကစားသမား အဖြစ် ပွဲထွက်ပါ၀င်လာသူ ကာဗာနီကို ပေါလ်ပေါ့ဘာက ယူနိုက်တက်မှာ လိုအပ်ပျောက်ဆုံးနေတဲ့ အရည်အသွေးတေကို ယူဆောင်လာသူ ဖြစ်ကြောင်း အောက်ပါ အတိုင်း ချီးကျူးသွားခဲ့ပါတယ်။ပေါ့ဘာက” အက်ဒီက ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်ဆိုတာကို လူတိုင်းသိကြပါတယ်။ကမ္ဘာပေါ်မှာ အနည်းငယ်ဘဲ ရှိတဲ့ အထဲက တစ်ယောက်ပေါ့။ဒီလိုရှားပါးတဲ့ အရာတေထဲက တစ်ခုကို ကျနော်တို့ ရွေးချယ်ခွင့် ရနေပါပြီ” လို့ MUTV နဲ့ interview မှာဖေါ် ပြပေးသွားခဲ့ပါတယ်။
“ဒါက ခက်ခဲတဲ့ ဂိုးတစ်ဂိုးဆိုတာ ကျနော်တို့ သိကြပါတယ်။ကျနော်တို့မှာ မာရှယ်၊ရက်ဖို့ စတဲ့ အရည်အသွေးမြင့် ကစားသမားတေ ရှိကြပါတယ်။မေဆင် လည်း အပါ၀င်ပေါ့။သူတို့တေက အပြင်ဘက်ကနေလည်း ဂိုးသွင်းနိုင်ပါတယ်၊ဒါပေမယ့် သူတို့မှာ အက်ဒီလို အတွေ့အကြုံတေ မရှိကြပါဖူး။သူတို့က အက်ဒီနဲ့ အရည်အသွေးတေ မတူညီကြပါဖူး။”” ကျနော်ထင်ပါတယ်၊ရှေ့မှာရှိတဲ့ တစ်ဦးချင်းစီတိုင်းကကိုယ့်အလုပ်ကို အပြည့်အ၀ လုပ်နိုင်မယ်ဆိုရင် အက်ဒီ ဒီနေ့ ပြခဲ့တဲ့ အရည်အသွေးမျိုးကို ပြသနိုင်မှာပါ။ဒီလိုဂိုးမျိုးတေက အချိန်ကိုက် ကျနော်တို့ လိုအပ်နေတာပါ၊သူကဂိုးလိုနေချိန်မှာ အချိန်ကိုက်၊မှန်ကန်တဲ့ ကာလမျိုးမှာအသင်းကို အနိုင်ရလဒ်အတွက် ကူညီပေးနိုင်သူပါ”
သရဲနီစိတ်ဓါတ်တေ ပြည့်လျှံနေပြီဖြစ်ကြောင်း သိသာပေါ်လွင်စေခဲ့တဲ့ ပေါလ်ပေါ့ဘာ ရဲ့ စကားတစ်ခွန်း
ကာဗာနီရဲ့ ဒီလိုသွင်းဂိုးနဲ့ ပါတ်သတ်ပြီး ဆိုလ်းရှားကို မေးမြန်းရာ ရယ်မောလျက်” မင်းဘာပြောလိုက်တယ်၊ဒါက အပိုင်ပိတ်သွင်းလိုက်တဲ့ သွင်းဂိုးမျိုးပါ၊မင်းဂိုးလိုအပ်နေချိန်မှာ သူဘာလုပ်နိုင်တယ် ဆိုတာ ပြသွားနိုင်တဲ့ တိုက်စစ်မှုး တစ်ယောက်ပါ၊မင်းသူ့ကို လိုက်ကြည့်နေမယ်ဆိုရင် သူ့ရဲ့ အရွေ့တေက မယုံနိုင်စရာပါ၊ဘယ်လောက် အံ့အားသင့်စရာဆိုတာ မင်းတွေ့ရမှာပါ”ဟုချီးကျူးသွားခဲ့ပါတယ်။(ပြောတာလည်းမင်းပါဘဲ၊ပြီးရင် အရန်ခုံထိုင်ခိုင်း)
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X